အပြာဝက်ဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ Pornhub က ၂၀၁၇ ခုနှစ်မှာ သူတို့ဆိုဒ်ထဲဝင်ကြည့်ခဲ့တဲ့ ထိပ်ဆုံးနိုင်ငံတွေကို ဖော်ပြခဲ့ပါတယ်။
ဝက်ဘ်ဆိုဒ်ကို ပြန်လည်သုံးသပ်ချက်အရ ဖိလစ်ပိုင်နိုင်ငံရဲ့ကြည့်ရှုနှုန်းက နံပါတ်တစ်ဖြင့် ဦးဆောင်နေခဲ့တာဖြစ်ပါတယ်။ ဒါဟာ အရင်နှစ်ကထက်ကို ကြည့်ရှုနှုန်းမြင့်တက်လာတာဖြစ်ပါတယ်။ အရင်နှစ်ကရလဒ်အရ အစောပိုင်းကာလတွေမှာ Pornhub ဝက်ဘ်ဆိုဒ်ကို နိုင်ငံအစိုးရက ပိတ်ပင်ခဲ့ပေမဲ့ ကြည့်ရှုနှုန်းက ကျမလာဘဲ ပိုမိုမြင့်လာတာပဲဖြစ်ပါတယ်။ သူတို့ရဲ့ရှာဖွေမှုတွေထဲမှာဆိုရင်လည်း ပြည်တွင်းကအပြာဗီဒီယိုနှင့် ဂျပန်အပြာမင်းသမီး Maria Ozawa ကို ရှာဖွေမှုအများဆုံးဖြစ်ပါတယ်။
အပြာကြည့်ရှုမှုနှုန်း ထိပ်တန်းစာရင်းထဲကိုဝင်လာတဲ့ အခြားသောအာရှနိုင်ငံများကတော့ တောင်ကိုရီးယား၊ ထိုင်း၊ ဗီယမ်နမ်၊ Sri Lanka နှင့် ထိုင်ဝမ်တို့ဖြစ်ပါတယ်။
တွက်ချက်မှုများအရ ၂၀၁၇ ခုနှစ်အတွင်းမှာ ကမ္ဘာတစ်ဝန်းက အပြာဝက်ဘ်ဆိုဒ်ကို ဝင်ရောက်ကြည့်ရှုမှု အကြိမ်ရေ ၂၈.၅ ဘီလီယမ်အထိ ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒါဟာ နေ့စဉ်ပျမ်းမျှအားဖြင့် အကြိမ်ရေ ၈၁ သန်း ဝင်ရောက်ကြည့်ရှုခဲ့တာပဲ ဖြစ်ပါတယ်။
ခမ်းမူး (ရွှေအင်းလေး)