မိခင်ဖြစ်သူရဲ့ နာရေးအသုဘအခမ်းအနား ပြုလုပ်စဉ်မှာပဲ မတော်တဆမှုဖြစ်ပြီးတော့ သားဖြစ်သူပါ သေဆုံးသွားခဲ့တယ်ဆိုတဲ့ သတင်းဟာ အင်ဒိုနီးရှားနိုင်ငံမှာ ဟိုးလေးတကျော်ဖြစ်သွားခဲ့ပါတယ်။ အင်ဒိုနီးရှား၊ တိုရာဂျက်မြောက်ပိုင်းက၊ ပါရင် ဒင်းတောင်ကြား အရပ်မှာနေထိုင်တဲ့ မိသားစုတစ်ခုမှာ မိခင်ဖြစ်သူရဲ့ နာရေးအသုဘအခမ်းအနားအတွင်း သားဖြစ်တဲ့ ဆာမန်ကွန်ဒိုရူရာဆိုသူဟာ မိခင် ဖြစ်သူ ဘာတာရဲ့ အခေါင်းကို အသုဘနာရေးပြုလုပ်ပေးသူတွေနဲ့ အတူ သယ်ဆောင်ပေးခဲ့ပါတယ်။
အဲ့ဒီမှာပဲ အသက် ၄၀ နှစ်အရွယ်ရှိသားဖြစ်သူဟာ မိခင်ဖြစ်သူရဲ့ အခေါင်းကို နာရေးကူညီသူတွေနဲ့ အတူတကွ ငြမ်းပေါ်တင်ဆောင်ဖို့ သယ်ဆောင်ပေးနေခဲ့ချိန်မှာ ခြေချော်သွားခဲ့ပြီးတော့ အခေါင်း ထမ်းသူတွေအများအပြား တက်နေကြတဲ့ ဝါးလှေကားဟာ ကြိုးကျ သွားခဲ့ကြကာ လူတွေအားလုံး အပေါ်ကို ပိကျသွားခဲ့တာပဲဖြစ်ပါတယ်။
အခမ်းအနားကျင်းပနေတာကို ရပ်ကြည့်နေတဲ့သူတွေရဲ့ ရိုက်ကူးတဲ့မှတ်တမ်းဗွီဒီယိုဖိုင်ထဲမှာဆိုရင် လည်း လူသေအခေါင်းကို ထမ်းပြီးတော့ ငြမ်းပေါ်တင်ဆောင်ရန်ကြိုးစားနေစဉ်မှာ ဝါးလှေကားကကြိုး ကျခဲ့ပြီးတော့ လူတွေအားလုံးလည်းပြုတ်ကျကာ အခေါင်း လည်းပိခဲ့သလို၊ ဝါးလှေကားနဲ့လည်း ထိုးစင် ဟာလည်း လူတွေအကုန်လုံးအပေါ်ကို ပိကျသွားခဲ့ပါတယ်။ ဒီမတော်တဆမှုမှာ ဆိုးဆိုးရွား ရွားနဲ့ ပြင်း ပြင်းထန်ထန်ထိခိုက်သွားခဲ့သူကတော့ သေဆုံးသွားသူအမျိုးသမီးရဲ့ သားဖြစ်သူဖြစ်ကာ ဆေးရုံသို့ပို့ ဆောင်ကုသစဉ်မှာပဲ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
မေ(ရွှေအင်းလေး)