မလေးရှားလေယာဉ် MH370 ပျောက်ဆုံးမှုအဖြေရှာတွေ့
popolay.com
|
2018-09-25

၂၀၁၄ ခုနှစ် မတ်လ ၈ ရက်နေ့က တရုပ်နိုင်ငံ ဘေကျင်းမှ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့သို့ ပျံသန်းလာသော မလေးရှားလေကြောင်းလိုင်းအမှတ် MH370 ပျံသန်းနေစဉ် ထူးဆန်းစွာ ပျောက်ဆုံးသွားမှုအတွက် ဖြစ်နိုင်ခြေများသည့်အခြေအနေတစ်ခုကို နေရှင်နယ်ဂျီအိုဂရက်ဖစ် မှ ပညာရှင်များနဲ့ လေ့လာမှုများ ပြုလုပ်ပြီးအဖြေတစ်ခု ထပ်မံထုတ်လိုက်ပြန်ပါတယ်။








နေရှင်နယ်ဂျီအိုဂရက်ဖစ် ရဲ့ တွက်ချက်မှုများအရ ဘိုးရင်း ၇၇၇ ဂျက်လေယာဉ်ဟာအိန္ဒိယသမုဒ္ဒရာကို ဖြတ်ပြီး ပျံသန်းစဉ် ၇ နာရီကြာ လမ်းကြောင်းမှားပျံသန်းခဲ့ပြီးနောက် လမ်းကြောင်းမှန်အတိုင်း ပြန်လည်ပျံသန်းလာစဉ် လေယာဉ်လောင်စာဆီ ကုန်သွားသည့်ပြဿနာ ကြုံတွေခဲ့ပါတယ်။

အဲဒီနောက် လေယာဉ်ရဲ့ ညာဘက်အင်ဂျင် ပျက်သွားခဲ့ပြီး ဘယ်ဘက်အင်ဂျင်တစ်ခုထဲနှင့် တစ်ဖက်တိမ်းစောင်းကာ မောင်းနှင်ခဲ့ရပါတယ် ဒါပေမယ့် နှစ်မိနစ်လောက်အကြာမှာတော့ ဘယ်ဘက်အင်ဂျင်လည်း ပျက်ဆီးခဲ့ပြီးနောက်အိန္ဒိယသမုဒ္ဒရာထဲသို့အရှိန်ဖြင့် ဦးစိုက်ဆင်းသွားခဲ့ပါတယ်။ ရေပြင်နဲ့ ရိုက်မိတဲ့အရှိန်ကြောင်း လေယာဉ်တစ်စင်းလုံးအစိတ်စိတ်အမွှာမွှာဖြစ်ကာ လေယာဉ်ပေါ်ပါလာသူ ၂၄၉ ဦးစလုံး သေဆုံးခဲ့ရကြောင်း နမူနာပုံစံငယ်တစ်ခု ပြုလုပ်ကာ ဖြစ်စဉ်ကိုအင်ဂျင်နီယာတစ်ဦးက သရုပ်ပြသခဲ့ပါတယ်။

လေယဉ်ရဲ့အပျက်အဆီးအစအနအချို့ကိုအမှန်တစ်ကယ်ပျက်ကျခဲ့သောနေရာနဲ့အလွန်ဝေးကွာတဲ့ ပြင်သစ်ကျွန်း “လာရီယူနီယံ”အနီးမှာတွေ့ခဲ့ရသော်လည်း လေယာဉ်ရဲ့အဓိကကိုယ်ထည်အစိတ်အပိုင်းကိုတော့ ရှာဖွေတွေ့ခြင်း မရှိသေးပါဘူး။








အဆိုပါဖြစ်စဉ်မှာ ကမ္ဘာ့လေကြောင်းဆိုင်ရာ သမိုင်းတစ်ခုလုံးတွင် ထူးဆန်းဖွယ်အကောင်းဆုံး ဖြစ်ရပ်အဖြစ် ကျန်နေရစ်ပါတယ်။ နောက်ထပ်အစိတ်အပိုင်းငယ်တွေကိုအာဖရိကကမ်းရိုးတန်း တစ်လျှောက်မှာ တွေ့ရပြန်ပါတယ် ဒါပေမယ့်အိန္ဒိယသမုဒ္ဒရာရဲ့ ရေအနက် ၄၆,၀၀၀ စတုရန်မိုင်အထိ ဆင်းရှာဖွေသည့်တိုင် လေယာဉ်ရဲ့ ပင်မအစိတ်အပိုင်း ကိုယ်ထည်ကို မတွေ့သေးပါဘူး။

ဖော်ပြပါ ဖြစ်စဉ်ရုပ်သံကို ပြီးခဲ့တဲ့ ကြာသပတေးနေ့က မလေးရှားလေယာဉ် MH370 ပျက်ကျမှု ဖြစ်စဉ်အဖြစ် နေရှင်နယ်ဂျီအိုဂရက်ဖစ် က ထုတ်လွှင့်ပြသခဲ့ပါတယ်။ မည်သို့ပင်ဆိုစေကာမှု တစ်ကယ့်ဖြစ်ရပ်မှန်အစစ်က ဘာလဲဆိုတာကတော့ ယနေ့ထိ ထူးဆန်းစွာပျောက်ဆုံးနေပါသေးတယ်။
 




Some text some message..