ကားဒိုင်ခွက်ထဲက အန္တရာယ်အရှိဆုံး ချက်မီး (Check Light) ၅ မျိုး
ယနေ.ခေတ်ပေါ်ကားတိုင်းလိုလို ကား Instrument Panel လို.ခေါ်တဲ့ ကားဒိုင်ခွက်ထဲမှာ ကားမှာပါဝင်တဲ့ စနစ်အမျိုးမျိုးအတွက် သက်ဆိုင်ရာ အချက်ပြ သင်္ကေတ အမျိုးမျိုးပါဝင်ကြပါတယ် ။ ဒီလိုအချက်ပြ သင်္ကေတ အများကြီးထဲကမှကားတိုင်းမှာ မရှိမဖြစ်ပါဝင်တဲ့ ကားမောင်းသူတိုင်းအတွက် မဖြစ်မနေ သိသင့်သိထိုက်ဆုံး အန္တရာယ် အရှိဆုံး Check Light ၅ မျိုးကို စုစည်းတင်ပြပေးလိုက်ပါတယ် ။
1. Low Engine Oil Pressure
ဒီမီးက ကားအင်ဂျင်ဝိုင်နဲ. ပတ်သတ်တဲ့ မီးဖြစ်ပြီး တချို.ကားတွေမှာဆို အနီရောင်ဆီကတော့ပုံ ၊ တချို.ကား တွေမှာဆို အဝါရောင် ဆီကတော့ ပုံလေးဖြစ်ပြီး ၊ ကားတိုင်းလိုလို မရှိမဖြစ်ပါဝင်ပြီး ကားအင်ဂျင်အတွက် အကြီးကြီး ပြူနာပေး ဒုက္ခပေးတတ်တဲ့ အချက်ပြမီးပါ ။
ဒီမီးလေးက ကားသော့ “On “လိုက်တဲ့အချိန်မှာ ဒိုင်ခွက်ထဲမှာ လင်းနေမယ် ၊ ကားစက်နှိုးလိုကျလို. စကျနှိုး သွားတာနဲ. တပြိုက်နက် ဒီမီးလေး ငြိမ်းသွားရပါမယ် ။ ဒါဆိုရင် ကားမှာ အင်ဂျင်ဝိုင်တွေရှိနေမယ် ၊ စက်နှိုး သွားတဲ့ အချိန်မှာလည်း ဒီအင်ဂျင်ဝိုင်တွေက သတ်မှတ်နေရာ အသီးသီးကို ရောက်ရှိနေတယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ ။ ဒါကြောင့် မိတ်ဆွေတို. ကားမောင်းဖို. စက်နှိုးတယ်ဆိုတိုင်း ကားစက်နှိုးသွားတာနဲ. မဖြစ်မနေ သတိပြုရမယ့် ပထမဆုံး ချက်မီးက ဒီ အင်ဂျင်ဝိုင် ချက်မီးပါပဲ ။ ကားစက်နှိုးသွားတဲ့အချိန်ဖြစ်စေ ၊ ဒါမှမဟုတ် ကားမောင်းနေရင်းဖြစ်စေ ဒီ အင်ဂျင်ဝိုင်ပုံစံ မီးလေး ဒိုင်ခွက်ထဲမှာ လင်းလာတယ်ဆိုရင် (ဝါ) ဒိုင်ခွက်ထဲမှာ မှိတ်တုတ် မှိတ်တုတ် ပေါ်လာတယ်ဆိုရင် ကားဆက်မောင်းဖို. အဆင်မပြေပါဘူး ။
ဒီ အင်ဂျင်ဝိုင် ချက်မီးက ဘာကြောင့် ပေါ်လာတတ်သလဲ ?
Engine Oil Level လျှော့တာ ၊ Engine Oil မရှိတာ
Oil Filter ပိတ်ဆို.တာ
Engine Oil Pump မကောင်းတာ
Engine Oil Line တွေ ပိတ်ဆို.တာ
Engine Oil Pressure Sensor (or) Switch မကောင်းတာ
ဒီ အင်ဂျင်ဝိုင် ချက်မီးလင်းလာတယ် ၊ ဒါမှမဟုတ် မှိတ်တုတ် မှိတ်တုတ် ခုန်လာတယ်ဆိုရင် ဘာလုပ်သင့်သလဲ ?
ကားစက်သတ်လိုက်ပါ
ကားမှာ အင်ဂျင်ဝိုင် ရှိမရှိ စစ်ဆေးကြည့်ပါ
ကားအင်ဂျင်ဝိုင်တွေ ယိုစိမ့်မှု ရှိမရှိ စစ်ဆေးကြည့်ပါ
ကားအင်ဂျင်ဝိုင်တွေ ညစ်နေလား ၊ မဲနေလား စစ်ဆေးကြည့်ပါ
အယိုအစိမ့်တွေလည်း မရှိဘူး ၊ ကားအင်ဂျင်ဝိုင်လည်း မညစ်သေးဘူးဆိုရင် ကားအင်ဂျင်ဝိုင်ထည့်တဲ့ အဖုံးကိုဖွင့် စက်နှိုးကြည့်ပြီး အင်ဂျင်ဝိုင် တက်မတက်ကြည့်ပါ
အင်ဂျင်ဝိုင်တွေ မရှိတော့ဘူး ၊ ယိုစိမ့်နေတယ် ၊ အင်ဂျင်ဝိုင် အရမ်းညစ်နေတယ် ၊ အင်ဂျင်ဝိုင် မတက်တော့ဘူး ဆိုရင်တော့ ကားဆက်မောင်းဖို. အဆင်မပြေတော့ပါဘူး ။
ကားမှာပါတဲ့ ချက်မီးမျိုးစုံထဲက Low Engine Oil Pressure မီးဟာ အင်ဂျင်တခုလုံး ပျက်စီးဆုံးရှုံးစေနိုင်တဲ့ အန္တရာယ်ရှိတဲ့ ချက်မီးတခုပါ ။ ဒီမီးလင်းတာကို မသိလို. သတိမထားမိလို. အင်ဂျင်တခုလုံး ပျက်စီးဆုံးရှုံးရတဲ့ ကားတွေမနည်းပါဘူး ။ ဒါကြောင့် သတိထားဖို. အလိုအပ်ဆုံး ချက်မီးအနေနဲ.တင်ပြလိုက်ပါတယ် ။
2. Engine Coolant Temperature Warning Light
Coolant Temperature Warning Light ဆိုတာက ကားအင်ဂျင်တခုရဲ. အရေးကြီးတဲ့ အင်ဂျင်အပူချိန်ကို ဖော်ပြတဲ့ အချက်ပြ သင်္ကေတပါ ။ ဒီ ချက်မီးက ကားအမျိုးအစားပေါ်မူတည်ပြီး ဒိုင်ခွက်ထဲမှာ ပုံစံကွဲတတ် ပါတယ်။
ပထမ ပုံစံကတော့
သာမိုမီတာပုံစံလေးပါ ၊ ပုံမှန်အချိန်မှာ အပြာရောင် အစိမ်းရောင်လေးရှိတတ်ပြီး ၊ ကားအင်ဂျင် Over Heat တက်လာတဲ့ အချိန်မှာ အနီရောင်ပြတတ်ပါတယ် ။
ဒုတိယ ပုံစံကတော့
H (Hot) နဲ. C (Cool) ပါဝင်တဲ့ လက်တံ သင်္ကေတနဲ. ဖော်ပြတဲ့ ပုံစံဆိုပြီး နှစ်မျိုးကွဲပါတယ် ။ အောက်မှာ ဖော်ပြထားတဲ့ပုံဆိုရင် လက်တံက Hot ကို ရောက်နေပြီး အင်ဂျင် Heat တက်နေတဲ့ပုံဖြစ်ပါတယ် ။
ပုံမှန်အခြေအနေမှာဆိုရင် ကားမောင်းနေတဲ့ အချိန်မှာ ဒီလက်တံက H နဲ. C ရဲ. ကြား အလည်မှာ အမွဲရှိနရေမှာဖြစ်ပါတယ် ။
ဒီ Engine Coolant Temperature Warning Light ကတော့ ကားမောင်းနေတဲ့ အချိန်မှာ အမြဲ သတိထား ကြည့်ရမယ့် ချက်မီးတခုပါ ။
ကားမောင်းနေတဲ့အချိန် အပေါ်ပုံမှာ ပြထားသလို အနီရောင် မီးလင်းလာမယ် ၊ ဒါမှမဟုတ် အောက်ပုံမှပြထားသလို လက်တံက H (Hot) နားထိ ရောက်နေမယ်ဆိုရင်တော့ အင်ဂျင် Over Heat ဖြစ်နေပါပြီး ကားဆက်မောင်းဖို. မသင့်တော့ပါဘူး ။ ကားအင်ဂျင်တခုလုံး ပျက်စီးတတ်ပါတယ် ။
Engine Coolant Temperature Warning Light ဘာကြောင့်ပေါ်ရသလဲ ?
ဒီချက်မီးလင်းလာရတဲ့ အကြောင်းရင်းကတော့ အင်ဂျင်အအေးပေးစနစ် Cooling System မှာ တခုခု ချို.ယွင်းလို.ပါပဲ ။
ရေတိုင်ကီထဲ ရေမရှိတာ
ရတိုင်ကီထဲ ကြေးပိတ်ဆိုတာ
ရေတိုင်ကီ အဖုံးမကောင်းတာ ( Pressure Cap )
သာမိုစတတ် ( Thermostat ) မကောင်းတာ
ပန်ကာမကောင်းတာ
ရေလည်အုံ ( Water Pump ) မကောင်းတာ တွေကြောင့်ဖြစ်တတ်ပါတယ် ။
အင်ဂျင် Heat တက်ပြီး ကားထိုးရပ်သွားတယ်ဆိုရင်တော့
1.ကားစက်ကို အတင်းမနှိုးပါနဲ. ။
2.အဲကွန်းဖွင့်ထားတယ်ဆို ပိတ်လိုက်ပါ ။
3.စကျဖုံးကိုလှပ်ပြီး အင်ဂျင်ကို အအေးခံပါ ။
4.ရေတိုင်ကီအဖုံးကို ပူနေချိန် လုံး၀ (လုံးဝ) သွားမဖွင့်ပါနဲ. ၊ အေးတဲ့အချိန်ထိစောင့်ပါ ။
5.ရေတိုင်ကီမှာ ရလြေှော့နေရင်ဖြည်.ပါ။
6.ကားမှာ ရေတွေယိုနေသလား ပိုက်တွေပေါက်နေလား ၊ ကွဲနေလား စစ်ပါ ။
7. အင်ဂျင် အရမ်းပူနေချိန် ရေအေးတွေနဲ. လောင်းတာ ၊ ရေအေးတွေ ရေတိုင်ကီထဲ အတင်းဖြည်.တာမျိုးရှောင်ကျဉ်ပါ ။
8. ကျွမ်းကျင်စက်ပြင်ဆရာခေါ်ပြီး စစ်ဆေးပါလို. အကြံပြုတင်ပြလိုက်ရပါတယ် ။
3. Charging System Warning Light
ဒီချက်မီးကတော့ အနီရောင် ဘတ္ထရီအိုးပုံစံ ချက်မီးလေးဖြစ်ပြီး ကားအားသွင်းစနစ်နဲ.သက်ဆိုင်တဲ့ အချက်ပြ မီးဖြစ်ပါတယ် ။ ဒီချက်မီးလေးကလည်း ကား အင်ဂျင်ဝိုင်မီးနဲ. သဘောသဘာ၀ ဆင်တူပြီး ကားသော့ “ On “ လိုက်တဲ့ အချိန်မှာ လင်းနေရမှာဖြစ်ပြီး ကားစက်နှိုးလိုကျလို. စကျနှိုးသွားတယ်ဆိုရင် ဒီမီးလေး ငြိမ်းနေရမှာပါ ။
ဒီလိုမဟုတ်ဘဲ စက်နှိုးသွားသည့်တိုင် ဒီ ဘတ္ထရီအိုးပုံမီးလေးလင်းနေမယ် ဒါမှမဟုတ် ကားမောင်းနေရင်း ဒီချက်မီးလေး လင်းလာတာ (ဝါ) ဒါ ဘတ္ထရီအိုးပုံလေး ပေါ်လိုက်ပျောက်လိုက် ဖြစ်လာတာက ကားအားသွင်း စနစ်တခုခု ချို.ယွင်းလာတဲ့ သင်္ကေတပါပဲ ။
ဒီချက်မီးလေးက အပေါ်က နှစ်ခုလို ကားအင်ဂျင်ပျက်စီးစေနိုင်လောက်သည် အထိ ဆိုးဆိုးရွားရွား ဒုက္ခမပေးတတ်ပေမယ့် ခရီးသွားရင်း စက်သေ ထိုးရပ်တတ်တာမို. ဒုက္ခပေးတတ်တဲ့ မီးထဲမှာပါပါတယ် ။
ဒီ Charging System Warning Light လင်းရတဲ့ အကြောင်းရင်းတွေကတော့
ကားအင်းသွင်းစနစ်ရဲ. အဓိကဖြစ်တဲ့
Alternator နဲ.တွဲစပ်တပ်ဆင်ထားတဲ့ Belt ကြိုးပျက်တာ ချောင်တာ
Alternator ထိပ်က Pulley Ball and Bearing တွေ စားသွားပြီး Free အဖြစ်လည်ပတ်နေတာ ၊
အော်တာနေတာ အတွင်းပိုင်းထဲက Carbon Brushes တွေကုန်သွားတာ ၊ တိုသွားတာ ၊ ငုတ်အတိုအရှည်ပွန်းစားတာ မညီတာ ၊
အတွင်းမှာ သံလိုက်ဆွဲအားမညီဘဲ တဖက်ဆွဲပြီး အတွင်းပိုင်းပစ္စည်းတွေ ပွတ်တိုက်တာ ၊
ဒိုင်အုတ်တွေပျက်စီးပြီး Voltage မငြိမ်တာ ၊ အားမဝင်တာ ၊
IC regulator တွေ ပျက်စီးပြီး Voltage အားအတက်အကျ ပြောင်းလဲနေတာ
Battery မကောင်းတာ ၊ သက်တမ်းလွန်တာ တွေကြောင့်ပဲဖြစ်ပါတယ် ။
ဒီလို Charging System Warning Light လင်းလာပြီဆိုရင်တော့ Battery မှာရှိတဲ့ Voltage ဗိုစ့်အားကို မီတာနဲ. တိုင်းတာကြည့်ရမှာဖြစ်ပါတယ် ။
ပုံမှန်ကောင်းမွန်တဲ့ Battery တလုံးက 12.60 V လောက်ပျမ်းမျှရှိပွီး ၊ ကားစကျစစနှိုးလိုက်တဲ့ အချိန် Starter Motor ကိုစဆွဲလိုက်တဲ့အချိန်မှာ ထိုးကျသွားတဲ့ ဗို.အား Votlage Drop က 11. V ကနေ 10. V ထိပဲဆင်း သွားပါတယ် ။ ဒါက အားပြည့်နေတဲ့ ဘထ္ထရီအိုးကောင်းတစ်လုံးအတွက်ပါ ။ 11.V ကနေ 10.V အထိပဲ ဆင်းတယ် ဆိုရင်တော့ ဒီ ဘထ္ထရီကို စိတ်ချလက်ချ အသုံးပြုနိုင် ခရီးသွားနိုင်ပါတယ် ။
သင့်ကား လမ်းမှာ ဘထ်ထရီဝပျစရာ မရှိနိုင်ပါ ။အသုံးပြုထားတာအနည်းငယ်ကြာပြီဖြစ်တဲ့ အိုးတွေကို တိုင်းတာကြည့်ရင်တော့ ကားစက် စနှိုးလိုက်တဲ့အချိန်မှာ 9.5V ကနေ 8.5 V လောက်ထိ ဗို.အားထိုးကျ သွားတတ်ပါတယ် ။
ကားစကျစနှိုးလိုက်တဲ့အချိန် သင့်ကားဘထ္ထရီ ဗို.အားက 8V အောက်ဆင်းသွားတယ်ဆိုရင်တော့ ၊ ခရီးသွားဖို. ဘယ်လိုမှစိတ်မချရတော့ပါဘူး ၊ ကားမောင်းနေတဲ့အချိန်တော့ အဆင်ပြေနေပြီး ၊ ကားစက်သတ် ရပ်နားပြီး ပြန်နှိုးချိန်မှာ ဘထ္ထရီအားကျပြီး စက်ပြန်နှိုးလို.မရတဲ့ ပွူနာနဲ. ကြုံ.တွေရနိုင်ပါတယ် ။
။ ပုံမှန်ကောင်းမွန်တဲ့ ကားအော်တာနေတာတစ်လုံးရဲ. Voltage က 13.50 V ကနေ 14.50 V လောက်ထိ ပျမ်းမျှရှိပါတယျ ။ ကားစကျနှိုးထားပွီး ဘထ်ထရီမှာ တိုင်းတာလိုက်လို. 13 V အောက်ကျနေတာ ဒါမှမဟုတ် 14.50 V ထက်ကျော်လွန်နေတာမျိုးဆိုရင်တော့ သင့်ကား အော်တာနေတာရဲ. အားသွင်းစနစ် တခုခုပျက်ယွင်း နေပါပြီ ။
ဒီလိုမျိုး ဘတ္ထရီအိုးမကောင်းတော့တာ ၊ အားသွင်းစနစ်ရဲ. အဓိက မိန်းဖြစ်တဲ့ Alternator မကောင်းတော့တာ တွေကြောင့် ဒီ Charging System Warning Light ပေါ်လာတတ်ပါတယ် ။ ဒီမီးပေါ်လာတယ်ဆိုရင်တော့ ကားဆက်မောင်းဖို. မသင့်ဘဲ နီးစပ်ရာ ကျွမ်းကျင်ကားဝပ်ရှော့တွေမှာ ကားအားသွင်းစနစ်နဲ. ဘတ္ထရီကို စစ်ဆေးပြုပြင်ရမှာဖြစ်ပါတယ် ။
4. Tire Pressure Warning Light
ဒီတာယာပုံစံ မီးလေးကတော့ TPMS (Tire Pressure Monitoring System) ကနေ ကားမှာပါဝင်တဲ့ တာယာတွေရဲ. လေပေါင်ချိန်မှန်မမှန် ကိုတိုင်းတာပြတဲ့ စနစ်တခုပါ ။
ဒီမီးပေါ်လာရတဲ့ အကြောင်းရင်းကတော့ တာယာလေပေါင်ချိန်မမှန်တာ ၊ လမ်းသွားရင်း ကားတာယာ ပေါက်တာ ၊ လေစိမ့်တာ ၊ ကားတာယာ လေရော့တာ ၊ လေများတာ အစရှိတာတွေကြောင့် ဒီမီးလင်းတာ များပါတယ် ။ တချို.ကားတွေမှာတော့ Spare Tire လေလျော့ရင်လည်း ဒီမီးလင်းတတ်ပါတယ် ၊ အထူးသဖြင့် Land cruiser ကားတွေမှာဆိုရင် စပယ်ရာ တာယာရဲ. လေပေါင်ချိန်ကို တိတိကျကျ ချိန်တွယ်ထိုးပေးဖို. လိုပါတယ် ။
ကားမောင်းနေရင်း ဒီမီးပေါ်လာတယ်ဆိုရင်တော့ ကားစက်ရပ်ပြီး ကားတာယာတွေကို သတိပြုစစ်ဆေး သင့်ပါတယ် ။ အထူးသဖြင့် အမြန်လမ်းတွေမှာ ကားမောင်းနေတဲ့အချိန် ကားတာယာ လေပေါင်ချိန် မမှန်တာ ၊ ကားတာယာ ပေါက်တာ ၊ ကွဲထွက်တာတွေကြောင့် ကားနဲ.လူ အန္တရာယ်ဖြစ်စေတာမျိုးတွေ ကြုံတွေ. ရနိုင်ကြောင့် ကားမောင်းရင်း ဒီမီးလင်းလာတယ် ၊ ပေါ်လာတယ်ဆိုရင် အထူးသတိပြု စစ်ဆေးသင့်ပါတယ် ။
5. ABS Warning Light
ဒီ ABS ဆိုတဲ့ Warning Light တွေကတော့ Brake (ဘရိတ်) စနစ်နဲ. သက်ဆိုင်တဲ့ မီးဖြစ်ပြီး Anti-Lock Brake System ကိုရည်ညွှန်းတာပါ ။ ဒီစနစ်က ကားကို အရှိန်နဲ.မောင်းနေတဲ့အချိန် ရုတ်တရက် ဘရိတ်ဖမ်း လိုက်တဲ့အခါ ကားစတီယာရင်ကို အသေမဖြစ်စေဘဲ လိုသလို ကွေ.နိုင်ခေါက်နိုင်အောင် ဖမ်းတီးပေးတဲ့ စနစ်ပါ ။ဒါကြောင့် ဒီမီးပေါ်လာတယ်ဆိုရင် ကားအရှိန်နည်းနည်းနဲ.မောင်းနေချိန်တွေမှာတော့ အန္တရာယ်သိပ်မရှိ နိုင်ပေမယ့် ၊ ကားကို အမြန်လမ်းလို နေရာမျိုးမှာ မောင်းနှင်နေချိန် ကားဒိုင်ခွက်ထဲမှာ ဒီမီးလင်း နေတယ်ဆိုရင် တော့ ကားမှာပါတဲ့ ABS စနစ်တွေ အလုပ်လုပ်မှာ မဟုတ်လို. အန္တရာယ်ရှိနိုင်တဲ့ Check Light ထဲ ထည့်သွင်း ဖော်ပြ ထားရပါတယ် ။
ဒီ ABS မီးလင်းရတဲ့ အများဆုံး အကြောင်းရင်းတွေကတော့
Wheel Speed Sensors (ဘီးလည်ပတ်မှု အာရုံခံစနစ်) တွေ ၊ Wiring Connection
Hydraulic Control Unit ၊
ABS Module
ECU (Electronic Control Unit)
Hub ball အစရှိတာတွေ တခုခုချို.ယွင်းပျက်စီးခဲ့မယ် ဆိုရင် ABS မီးလင်းလာပါမယ် ။
ဒီ ABS မီးလင်းလာရင်ကတော့ ကားကို မြန်နှုန်းမြင့် မောင်းနှင်တာမျိုးကို ရှောင်ကျဉ်သင့်ပြီး ၊ ကျွမ်းကျင် ဝပ်ရှော့တွေမှာ အမြန်ဆုံးပြသပြုပြင်သင့်ပါတယ် ။
အခုဖော်ပြထားတဲ့ Check Light 5 မျိုးဖြစ်တဲ့
1. Low Engine Oil Pressure
2. Engine Coolant Temperature Warning Light
3. Charging System Warning Light
4. Tire Pressure Warning Light
5. ABS Warning Light
အစရှိတဲ့ အချက်ပြမီးတွေက ကားမောင်းသူတိုင်း မဖြစ်မနေသိထားရမယ့် ကားအင်ဂျင်ပိုင်းနဲ. ကားမောင်းသူကို အသက် အန္တရာယ် ထိခိုက်သည်အထိ ဒုက္ခပေးနိုင်တဲ့ ချက်မီးတွေပါ ။ ဒါကြောင့် ဒီချက်မီးတွေကို သေချာသတိပြု လေ့လာမှတ်သားထားသင့်ကြောင်း စေတနာထား တင်ပြလိုက်ရပါတယ် ။
စာဖတ်သူ မိတ်ဆွေ ညီကိုမောင်နှမ များအားလုံး နည်းပညာ ဗဟုသုတများကြွယ်ဝြပီး အန္တရာယ်ကင်း ဘေးရှင်းကြပါစေခမျာ ။
Lynn Za Nee (P.T.U)
Myanmar Automobile Equipment Directory
Zawgyi
ကားဒိုင်ခွက်ထဲက အန္တရာယ်အရှိဆုံး ချက်မီး (Check Light) ၅ မျိုး
ယနေ.ခေတ်ပေါ်ကားတိုင်းလိုလို ကား Instrument Panel လို.ခေါ်တဲ့ ကားဒိုင်ခွက်ထဲမှာ ကားမှာပါဝင်တဲ့ စနစ်အမျိုးမျိုးအတွက် သက်ဆိုင်ရာ အချက်ပြ သင်္ကေတ အမျိုးမျိုးပါဝင်ကြပါတယ် ။ ဒီလိုအချက်ပြ သင်္ကေတ အများကြီးထဲကမှ ကားတိုင်းမှာ မရှိမဖြစ်ပါဝင်တဲ့ ကားမောင်းသူတိုင်းအတွက် မဖြစ်မနေ သိသင့်သိထိုက်ဆုံး အန္တရာယ် အရှိဆုံး Check Light ၅ မျိုးကို စုစည်းတင်ပြပေးလိုက်ပါတယ် ။
1. Low Engine Oil Pressure
ဒီမီးက ကားအင်ဂျင်ဝိုင်နဲ. ပတ်သတ်တဲ့ မီးဖြစ်ပြီး တချို.ကားတွေမှာဆို အနီရောင်ဆီကတော့ပုံ ၊ တချို.ကား တွေမှာဆို အဝါရောင် ဆီကတော့ ပုံလေးဖြစ်ပြီး ၊ ကားတိုင်းလိုလို မရှိမဖြစ်ပါဝင်ပြီး ကားအင်ဂျင်အတွက် အကြီးကြီး ပြဿနာပေး ဒုက္ခပေးတတ်တဲ့ အချက်ပြမီးပါ ။
ဒီမီးလေးက ကားသော့ “On “လိုက်တဲ့အချိန်မှာ ဒိုင်ခွက်ထဲမှာ လင်းနေမယ် ၊ ကားစက်နှိုးလိုက်လို. စက်နှိုး သွားတာနဲ. တပြိုက်နက် ဒီမီးလေး ငြိမ်းသွားရပါမယ် ။ ဒါဆိုရင် ကားမှာ အင်ဂျင်ဝိုင်တွေရှိနေမယ် ၊ စက်နှိုး သွားတဲ့ အချိန်မှာလည်း ဒီအင်ဂျင်ဝိုင်တွေက သတ်မှတ်နေရာ အသီးသီးကို ရောက်ရှိနေတယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ ။ ဒါကြောင့် မိတ်ဆွေတို. ကားမောင်းဖို. စက်နှိုးတယ်ဆိုတိုင်း ကားစက်နှိုးသွားတာနဲ. မဖြစ်မနေ သတိပြုရမယ့် ပထမဆုံး ချက်မီးက ဒီ အင်ဂျင်ဝိုင် ချက်မီးပါပဲ ။ ကားစက်နှိုးသွားတဲ့အချိန်ဖြစ်စေ ၊ ဒါမှမဟုတ် ကားမောင်းနေရင်းဖြစ်စေ ဒီ အင်ဂျင်ဝိုင်ပုံစံ မီးလေး ဒိုင်ခွက်ထဲမှာ လင်းလာတယ်ဆိုရင် (ဝါ) ဒိုင်ခွက်ထဲမှာ မှိတ်တုတ် မှိတ်တုတ် ပေါ်လာတယ်ဆိုရင် ကားဆက်မောင်းဖို. အဆင်မပြေပါဘူး ။
ဒီ အင်ဂျင်ဝိုင် ချက်မီးက ဘာကြောင့် ပေါ်လာတတ်သလဲ ?
Engine Oil Level လျှော့တာ ၊ Engine Oil မရှိတာ
Oil Filter ပိတ်ဆို.တာ
Engine Oil Pump မကောင်းတာ
Engine Oil Line တွေ ပိတ်ဆို.တာ
Engine Oil Pressure Sensor (or) Switch မကောင်းတာ
ဒီ အင်ဂျင်ဝိုင် ချက်မီးလင်းလာတယ် ၊ ဒါမှမဟုတ် မှိတ်တုတ် မှိတ်တုတ် ခုန်လာတယ်ဆိုရင် ဘာလုပ်သင့်သလဲ ?
ကားစက်သတ်လိုက်ပါ
ကားမှာ အင်ဂျင်ဝိုင် ရှိမရှိ စစ်ဆေးကြည့်ပါ
ကားအင်ဂျင်ဝိုင်တွေ ယိုစိမ့်မှု ရှိမရှိ စစ်ဆေးကြည့်ပါ
ကားအင်ဂျင်ဝိုင်တွေ ညစ်နေလား ၊ မဲနေလား စစ်ဆေးကြည့်ပါ
အယိုအစိမ့်တွေလည်း မရှိဘူး ၊ ကားအင်ဂျင်ဝိုင်လည်း မညစ်သေးဘူးဆိုရင် ကားအင်ဂျင်ဝိုင်ထည့်တဲ့ အဖုံးကိုဖွင့် စက်နှိုးကြည့်ပြီး အင်ဂျင်ဝိုင် တက်မတက်ကြည့်ပါ
အင်ဂျင်ဝိုင်တွေ မရှိတော့ဘူး ၊ ယိုစိမ့်နေတယ် ၊ အင်ဂျင်ဝိုင် အရမ်းညစ်နေတယ် ၊ အင်ဂျင်ဝိုင် မတက်တော့ဘူး ဆိုရင်တော့ ကားဆက်မောင်းဖို. အဆင်မပြေတော့ပါဘူး ။
ကားမှာပါတဲ့ ချက်မီးမျိုးစုံထဲက Low Engine Oil Pressure မီးဟာ အင်ဂျင်တခုလုံး ပျက်စီးဆုံးရှုံးစေနိုင်တဲ့ အန္တရာယ်ရှိတဲ့ ချက်မီးတခုပါ ။ ဒီမီးလင်းတာကို မသိလို. သတိမထားမိလို. အင်ဂျင်တခုလုံး ပျက်စီးဆုံးရှုံးရတဲ့ ကားတွေမနည်းပါဘူး ။ ဒါကြောင့် သတိထားဖို. အလိုအပ်ဆုံး ချက်မီးအနေနဲ.တင်ပြလိုက်ပါတယ် ။
2. Engine Coolant Temperature Warning Light
Coolant Temperature Warning Light ဆိုတာက ကားအင်ဂျင်တခုရဲ. အရေးကြီးတဲ့ အင်ဂျင်အပူချိန်ကို ဖော်ပြတဲ့ အချက်ပြ သင်္ကေတပါ ။ ဒီ ချက်မီးက ကားအမျိုးအစားပေါ်မူတည်ပြီး ဒိုင်ခွက်ထဲမှာ ပုံစံကွဲတတ် ပါတယ်။
ပထမ ပုံစံကတော့
သာမိုမီတာပုံစံလေးပါ ၊ ပုံမှန်အချိန်မှာ အပြာရောင် အစိမ်းရောင်လေးရှိတတ်ပြီး ၊ ကားအင်ဂျင် Over Heat တက်လာတဲ့ အချိန်မှာ အနီရောင်ပြတတ်ပါတယ် ။
ဒုတိယ ပုံစံကတော့
H (Hot) နဲ. C (Cool) ပါဝင်တဲ့ လက်တံ သင်္ကေတနဲ. ဖော်ပြတဲ့ ပုံစံဆိုပြီး နှစ်မျိုးကွဲပါတယ် ။ အောက်မှာ ဖော်ပြထားတဲ့ပုံဆိုရင် လက်တံက Hot ကို ရောက်နေပြီး အင်ဂျင် Heat တက်နေတဲ့ပုံဖြစ်ပါတယ် ။
ပုံမှန်အခြေအနေမှာဆိုရင် ကားမောင်းနေတဲ့ အချိန်မှာ ဒီလက်တံက H နဲ. C ရဲ. ကြား အလည်မှာ အမြဲရှိနေရမှာဖြစ်ပါတယ် ။
ဒီ Engine Coolant Temperature Warning Light ကတော့ ကားမောင်းနေတဲ့ အချိန်မှာ အမြဲ သတိထား ကြည့်ရမယ့် ချက်မီးတခုပါ ။
ကားမောင်းနေတဲ့အချိန် အပေါ်ပုံမှာ ပြထားသလို အနီရောင် မီးလင်းလာမယ် ၊ ဒါမှမဟုတ် အောက်ပုံမှ ပြထားသလို လက်တံက H (Hot) နားထိ ရောက်နေမယ်ဆိုရင်တော့ အင်ဂျင် Over Heat ဖြစ်နေပါပြီး ကားဆက်မောင်းဖို. မသင့်တော့ပါဘူး ။ ကားအင်ဂျင်တခုလုံး ပျက်စီးတတ်ပါတယ် ။
Engine Coolant Temperature Warning Light ဘာကြောင့်ပေါ်ရသလဲ ?
ဒီချက်မီးလင်းလာရတဲ့ အကြောင်းရင်းကတော့ အင်ဂျင်အအေးပေးစနစ် Cooling System မှာ တခုခု ချို.ယွင်းလို.ပါပဲ ။
ရေတိုင်ကီထဲ ရေမရှိတာ
ရတိုင်ကီထဲ ကြေးပိတ်ဆိုတာ
ရေတိုင်ကီ အဖုံးမကောင်းတာ ( Pressure Cap )
သာမိုစတတ် ( Thermostat ) မကောင်းတာ
ပန်ကာမကောင်းတာ
ရေလည်အုံ ( Water Pump ) မကောင်းတာ တွေကြောင့်ဖြစ်တတ်ပါတယ် ။
အင်ဂျင် Heat တက်ပြီး ကားထိုးရပ်သွားတယ်ဆိုရင်တော့
1.ကားစက်ကို အတင်းမနှိုးပါနဲ. ။
2.အဲကွန်းဖွင့်ထားတယ်ဆို ပိတ်လိုက်ပါ ။
3.စက်ဖုံးကိုလှပ်ပြီး အင်ဂျင်ကို အအေးခံပါ ။
4.ရေတိုင်ကီအဖုံးကို ပူနေချိန် လုံး၀ (လုံးဝ) သွားမဖွင့်ပါနဲ. ၊ အေးတဲ့အချိန်ထိစောင့်ပါ ။
5.ရေတိုင်ကီမှာ ရေလျှော့နေရင်ဖြည်.ပါ။
6.ကားမှာ ရေတွေယိုနေသလား ပိုက်တွေပေါက်နေလား ၊ ကွဲနေလား စစ်ပါ ။
7. အင်ဂျင် အရမ်းပူနေချိန် ရေအေးတွေနဲ. လောင်းတာ ၊ ရေအေးတွေ ရေတိုင်ကီထဲ အတင်းဖြည်.တာမျိုးရှောင်ကျဉ်ပါ ။
8. ကျွမ်းကျင်စက်ပြင်ဆရာခေါ်ပြီး စစ်ဆေးပါလို. အကြံပြုတင်ပြလိုက်ရပါတယ် ။
3. Charging System Warning Light
ဒီချက်မီးကတော့ အနီရောင် ဘတ္ထရီအိုးပုံစံ ချက်မီးလေးဖြစ်ပြီး ကားအားသွင်းစနစ်နဲ.သက်ဆိုင်တဲ့ အချက်ပြ မီးဖြစ်ပါတယ် ။ ဒီချက်မီးလေးကလည်း ကား အင်ဂျင်ဝိုင်မီးနဲ. သဘောသဘာ၀ ဆင်တူပြီး ကားသော့ “ On “ လိုက်တဲ့ အချိန်မှာ လင်းနေရမှာဖြစ်ပြီး ကားစက်နှိုးလိုက်လို. စက်နှိုးသွားတယ်ဆိုရင် ဒီမီးလေး ငြိမ်းနေရမှာပါ ။
ဒီလိုမဟုတ်ဘဲ စက်နှိုးသွားသည့်တိုင် ဒီ ဘတ္ထရီအိုးပုံမီးလေးလင်းနေမယ် ဒါမှမဟုတ် ကားမောင်းနေရင်း ဒီချက်မီးလေး လင်းလာတာ (ဝါ) ဒါ ဘတ္ထရီအိုးပုံလေး ပေါ်လိုက်ပျောက်လိုက် ဖြစ်လာတာက ကားအားသွင်း စနစ်တခုခု ချို.ယွင်းလာတဲ့ သင်္ကေတပါပဲ ။
ဒီချက်မီးလေးက အပေါ်က နှစ်ခုလို ကားအင်ဂျင်ပျက်စီးစေနိုင်လောက်သည် အထိ ဆိုးဆိုးရွားရွား ဒုက္ခမပေးတတ်ပေမယ့် ခရီးသွားရင်း စက်သေ ထိုးရပ်တတ်တာမို. ဒုက္ခပေးတတ်တဲ့ မီးထဲမှာပါပါတယ် ။
ဒီ Charging System Warning Light လင်းရတဲ့ အကြောင်းရင်းတွေကတော့
ကားအင်းသွင်းစနစ်ရဲ. အဓိကဖြစ်တဲ့
Alternator နဲ.တွဲစပ်တပ်ဆင်ထားတဲ့ Belt ကြိုးပျက်တာ ချောင်တာ
Alternator ထိပ်က Pulley Ball and Bearing တွေ စားသွားပြီး Free အဖြစ်လည်ပတ်နေတာ ၊
အော်တာနေတာ အတွင်းပိုင်းထဲက Carbon Brushes တွေကုန်သွားတာ ၊ တိုသွားတာ ၊ ငုတ်အတိုအရှည်ပွန်းစားတာ မညီတာ ၊
အတွင်းမှာ သံလိုက်ဆွဲအားမညီဘဲ တဖက်ဆွဲပြီး အတွင်းပိုင်းပစ္စည်းတွေ ပွတ်တိုက်တာ ၊
ဒိုင်အုတ်တွေပျက်စီးပြီး Voltage မငြိမ်တာ ၊ အားမဝင်တာ ၊
IC regulator တွေ ပျက်စီးပြီး Voltage အားအတက်အကျ ပြောင်းလဲနေတာ
Battery မကောင်းတာ ၊ သက်တမ်းလွန်တာ တွေကြောင့်ပဲဖြစ်ပါတယ် ။
ဒီလို Charging System Warning Light လင်းလာပြီဆိုရင်တော့ Battery မှာရှိတဲ့ Voltage ဗိုစ့်အားကို မီတာနဲ. တိုင်းတာကြည့်ရမှာဖြစ်ပါတယ် ။
ပုံမှန်ကောင်းမွန်တဲ့ Battery တလုံးက 12.60 V လောက်ပျမ်းမျှရှိပြီး ၊ ကားစက်စစနှိုးလိုက်တဲ့ အချိန် Starter Motor ကိုစဆွဲလိုက်တဲ့အချိန်မှာ ထိုးကျသွားတဲ့ ဗို.အား Votlage Drop က 11. V ကနေ 10. V ထိပဲဆင်း သွားပါတယ် ။ ဒါက အားပြည့်နေတဲ့ ဘထ္ထရီအိုးကောင်းတစ်လုံးအတွက်ပါ ။ 11.V ကနေ 10.V အထိပဲ ဆင်းတယ် ဆိုရင်တော့ ဒီ ဘထ္ထရီကို စိတ်ချလက်ချ အသုံးပြုနိုင် ခရီးသွားနိုင်ပါတယ် ။
သင့်ကား လမ်းမှာ ဘထ္ထရီဝပ်စရာ မရှိနိုင်ပါ ။အသုံးပြုထားတာအနည်းငယ်ကြာပြီဖြစ်တဲ့ အိုးတွေကို တိုင်းတာကြည့်ရင်တော့ ကားစက် စနှိုးလိုက်တဲ့အချိန်မှာ 9.5V ကနေ 8.5 V လောက်ထိ ဗို.အားထိုးကျ သွားတတ်ပါတယ် ။
ကားစက်စနှိုးလိုက်တဲ့အချိန် သင့်ကားဘထ္ထရီ ဗို.အားက 8V အောက်ဆင်းသွားတယ်ဆိုရင်တော့ ၊ ခရီးသွားဖို. ဘယ်လိုမှ စိတ်မချရတော့ပါဘူး ၊ ကားမောင်းနေတဲ့အချိန်တော့ အဆင်ပြေနေပြီး ၊ ကားစက်သတ် ရပ်နားပြီး ပြန်နှိုးချိန်မှာ ဘထ္ထရီအားကျပြီး စက်ပြန်နှိုးလို.မရတဲ့ ပြဿနာနဲ. ကြုံ.တွေရနိုင်ပါတယ် ။
။ ပုံမှန်ကောင်းမွန်တဲ့ ကားအော်တာနေတာတစ်လုံးရဲ. Voltage က 13.50 V ကနေ 14.50 V လောက်ထိ ပျမ်းမျှရှိပါတယ် ။ ကားစက်နှိုးထားပြီး ဘထ္ထရီမှာ တိုင်းတာလိုက်လို. 13 V အောက်ကျနေတာ ဒါမှမဟုတ် 14.50 V ထက်ကျော်လွန်နေတာမျိုးဆိုရင်တော့ သင့်ကား အော်တာနေတာရဲ. အားသွင်းစနစ် တခုခုပျက်ယွင်း နေပါပြီ ။