ပိုက်ဆံလျှော်ပင်သည် စမ်းသပ်စိုက်ပျိုးစရာမလိုအောင်ကောင်းသည့် သစ်စိမ်းမြေသြဇာဖြစ်
thefarmermedia.com
|
2020-05-18


မြေကြီးကောင်းအောင် လုပ်ပေးနိုင်သောမြေဆွေးဖြစ်နိုင်သည့် အပင်များတွင် ပိုက်ဆံလျှော်၊ ညံပင်မျိုးစုံ၊ ဘောစကိုင်း၊ ထိကရုံး၊
မဲရိုင်းတို့ကို ၁၉၈၄ ခုနှစ်က ထုတ်ဝေခဲ့သော အပြည်ပြည်ဆိုင်ရာ ဆန်စပါးသုတေသနဌာန (IRRI)  ဖိလစ်ပိုင်က စမ်းသပ်ထုတ်ပြန်
ခဲ့ပြီးဖြစ်ပါသည်။


ထို့အတူ မြန်မာနိုင်ငံစိုက်ပျိုးရေးသုတေသန၊ မြေဆီလွှာဓာတုဗေဒဌာနစုကလည်း စမ်းသပ်ပြီး အဖြေပေးခဲ့ပြီး ဖြစ်ပါသည်။ ရေဆင်း
စိုက်ပျိုးရေးသုတေသနစိုက်ကွင်းများတွင် သီးနှံမစိုက်ခင် ကြိုတင်၍ ပိုက်ဆံလျှော်ပင်များ စိုက်ပျိုးပြီး အပင်သက်တမ်းအလိုက်
ထယ်ထိုး၊ မြေမြှုပ်ကာ မြေမှ နိုက်ထရိုဂျင်ဓာတ်ရရှိမှု အခြေနေကို စမ်းသပ်ခဲ့ပြီး အဖြေကောင်းသဖြင့် ယခုတိုင် သစ်စိမ်းမြေသြဇာ
အဖြစ် ကြိုတင်စိုက်ပျိုးနေကြဆဲ ဖြစ်သည်။


သစ်စိမ်းမြေသြဇာပင် မျိုးအလိုက်ပါဝင်သော အာဟာရဓာတ်ရာခိုင်နှုန်းမှာ ပိုက်ဆံလျှော်ပင်တွင် နိုက်ထရိုဂျင် ၃ ဒသမ ၀၈၊ ဖော့စဖရပ်
သုည ဒသမ ၄၅၊ ပိုတက်ရှ် ၃ ဒသမ ၄၊ ဘောစကိုင်းပင်တွင် နိုက်ထရိုဂျင် ၂ ဒသမ ၃၀၊ ဖော့စဖရပ် သုည ဒသမ ၂၀၊ ပိုတက်ရှ် ၁ ဒသမ ၅၆၊
ညံပင်တွင် နိုက်ထရိုဂျင် ၃ ဒသမ ၂၂၊ ဖော့စဖရပ် သုည ဒသမ ၂၈၊ ပိုတက်ရှ် သုည ဒသမ ၉၅၊ ထိကရုံးတွင် နိုက်ထရိုဂျင် ၂ ဒသမ ၆၁၊
ဖော့စဖရပ် သုည ဒသမ ၃၀၊ ပိုတက်ရှ် ၁ ဒသမ ၄၉၊ ပိုက်ဆံလျှော်ပင်သည် မြေမှာ အစိုဓာတ်ရှိပါက တစ်နှစ်ပတ်လုံး ရာသီမရွေး
စိုက်ပျိုးနိုင်သည့်အပင် ဖြစ်သည်။


သို့သော်မိုးဦးကျကာလ စိုက်ပျိုးနိုင်လျှင် သစ်စိမ်းအထွက် အများဆုံးနှင့် အကောင်းဆုံးဖြစ်သည်။ ဖေဖော်ဝါရီလနောက်ပိုင်းမှ မတ်လ၊
ဧပြီလအထိ စိုက်ပျိုးလျှင် အပင်ကြီးမှုနှေးမည်။ သစ်စိမ်းထွက်နှုန်းလျော့မည်ဟု သုတေသနတွေ့ရှိချက်က ဖော်ပြထားပါသည်။
စိုက်ပျိုးလျှင်လည်း မြေကြီးကို ထယ်တစ်စပ်ထိုး၊ မျိုးစေ့ကို ညီညီညာညာကြဲပက်ပြီးလျှင် ထွန်တစ်စပ်ဝင်၊ ကျမ်းဖုံး၊ ကျမ်းရိုက်
ပြုလုပ်လိုက်သည်နှင့် ရပြီ။ တစ်ဧကမျိုးစေ့လေးပြည်သုံးလျှင် သစ်စိမ်းအထွက် (Biomass yield) အကောင်းဆုံးဟု သုတေသန
က တွေ့ရှိပြီးဖြစ်သည်။ မျိုးစေ့ကို လေးပြည်ထက်ပိုသုံးလျှင် သစ်စိမ်းအထွက်မှာ မထူးခြားတော့၊ မျိုးစေ့သာ ပိုမိုကုန်သွားသည်ဟု
ဖော်ပြထားသည်။


သို့သော် ထယ်ထိုး၊ မြေမြှုပ်ချိန်သည်အရေးကြီးသည်။ မြေမြှုပ်သော ပိုက်ဆံလျှော်ပင်သက်တမ်းအလိုက် တစ်ဟက်တာ (၂ ဒသမ ၄၇ ဧက)
တွင် ရရှိသော ကီလိုဂရမ်ကို  IRRI  က ဖော်ပြထားသည်။ အပင်ပေါက်ပြီး ရက် ၃၀ တွင် ၆၉ ကီလိုဂရမ ်^ ဟက်တာ၊အပင်ပေါက်ပြီး ၄၅ ရက်
တွင် ၁၆၉ ကီလိုဂရမ် ^ ဟက်တာ၊ အပင်ပေါက်ပြီး ရက် ၆၀တွင် ၁၄၁ ကီလိုဂရမ် / ဟက်တာဟု ဖော်ပြထားသည်။ ဒါလေးတော့ ဂရုပြုရမည်။
သစ်စိမ်းမြေသြဇာရနိုင်မည့် အပင်များကို မြေကြီးထဲ ထယ်ထိုး၊ မြေမြှုပ်ချိန်မှာ အရေးကြီးသည်။ သက်တမ်းကြာလေ သစ်စိမ်းအထွက်
ကောင်းလေဆိုသော်လည်း ပင်စည်၊ အကိုင်း၊ အရိုးများရင့်လာမှ မြေမြှုပ်လျှင် ဆွေးမြည့်ရန် အချိန်ကြာသည်။ ထို့ကြောင့် စိုက်ပျိုးပြီး
ရက် ၄၀ နှင့် ၄၅ ရက်သည် ပိုက်ဆံလျှော်ပင် ထယ်ထိုးမြေမြှုပ်ရန် အကောင်းဆုံးအချိန်ဟု သုတေသနရှိထားပြီး ဖြစ်သည်။ တစ်ခါ မြေထဲမြှုပ်
ထားပြီး ၁၀ ရက်၊ ၁၄ ရက်အကြာ ကောင်းကောင်းဆွေးမြည့်ပြီးမှ ကိုယ်အဓိကစိုက်ပျိုးလိုသည့် သီးနှံကိုထပ်မံစိုက်ပျိုးသင့်သည်ဟုလည်း
စမ်းသပ်ချက်က ဆိုထားသည်။


မျိုးစေ့ကလည်း မခက်ခဲပါ။ တစ်ကြိမ်စိုက်ပြီးလျှင် မျိုးခံ၍ရသည်။ မျိုးစေ့သီးသန့်စိုက်ပျိုးလိုပါက တန်းကြား နှစ်ပေခွဲဖြင့်အတန်းလိုက် ဖြူးချစိုက်
ပြီး မြေဖုံးပေးလျှင်မျိုးရရှိသည်။ မျိုးအတွက် စိုက်ပျိုးလိုပါက သြဂုတ်လနှင့် စက်တင်ဘာလသည် မျိုးစေ့အထွက်အများဆုံးရသည့် အချိန်ဖြစ်
သည်ဟု သုတေသနတွေ့ရှိချက်က ဖော်ပြသည်။


ထို့ကြောင့် တောင်သူကြီးများသည် မိုးစပါးမစိုက်ခင် သစ်စိမ်းမြေသြဇာရနိုင်သော ပိုက်ဆံလျှော်ပင်ကို စမ်းသပ်စိုက်ပျိုးစရာမလိုအောင် ကောင်း
သည်ကို သုတေသနက ပေးထားပြီးဖြစ်သည်ကို ဖော်ပြလိုက်ရပါသည်။


ကိုရဲ(စိုက်ပျိုးရေး)
မြန်မာတောင်သူကြီးများဂျာနယ်


#ဒသမ
#မျိုးစေ့
#နိုက်ထရိုဂျင်
#သုည
#သုတေသန

Some text some message..