ဖလော်ရီဒါမှာ ဖမ်းမိခဲ့တဲ့ ဥ(၇၃)ဥနဲ့ (၁၇) ပေအရှည်ရှိတဲ့ ဧရာမမြွေကြီး
shwemom.com
|
2019-04-09

မြန်မာစပါးအုံးမျိုးဟာ ကမ္ဘာပေါ်ကအကြီးဆုံးမြွေကြီးမျိုးတွေထဲမှာ ပါဝင်ပါတယ်။ စပါးအုံးချင်းယှဉ်ရင်တောင် မြန်မာစပါးအုံးတွေဟာအဆမတန်အကောင်ကြီးပါတယ်။ သိပ္ပံပညာရှင်တွေဟာ မကြာသေးခင်ကတော့ ဖလော်ရီဒါနိုင်ငံအဲဗားဂလိတ်ဒ်စိမ့်မြေမှာ မြန်မာစပါးအုံးအမကြီးတစ်ကောင်ကို ဖမ်းမိခဲ့ပါတယ်။ စပါးအုံးမကြီးဟာ (၁၇) ကျော်အရှည်ရှိပြီး ပေါင်(၁၄၀)အလေးချိန်ရှိကာ သူ့ကိုတော့ ဥပေါင်း(၇၃) ဥနဲ့ တွေ့ခဲ့ရတာပါ။

အခုဖမ်းဆီးရမိခဲ့တဲ့ မြွေကြီးဟာ ဘစ်ဆိုင်းပရက်စ်အမျိုးသားဥယျာဉ်ထဲမှာတော့ တွေ့ရသမျှစပါးအုံးတွေထဲအကြီးဆုံးပဲဖြစ်ပါတယ်။ ၎င်းအမျိုးသားဥယျာဉ်ကြီးဟာ ဖလော်ရီဒါတောင်ပိုင်းက မီယာမီအနောက်ဘက်မှာရှိတဲ့ ဧကပေါင်း (၇၂၉,၀၀၀) ကျယ်ဝန်းတဲ့ စိမ့်မြေကြီး ဖြစ်ပါတယ်။


cnn

မြွေကြီးက ဘယ်လောက်တောင် ကြီးသလဲဆိုတာတော့ ဓာတ်ပုံထဲမှာ တွေ့မြင်ရမှာပါ။ သုတေသနထဲမှာ ပါဝင်တဲ့အဖွဲ့သား(၄) ဦးဟာ ဧရာမစပါးအုံးကြီးကို ခေါင်းကနေအမြီးအထိ ကိုင်ထားကြတာပါ။အဲဗားဂလိတ်ဒ်စိမ့်မြေထဲမှာတော့ (၆) ပေကနေ (၈) ပေကြားရှိတဲ့ စပါးအုံးမြွေအမျိုးမျိုးကို တွေ့မြင်နိုင်ပါတယ်။ ဒီထဲမှာအကြီးဆုံးမြွေကြီးဟာ (၁၈) ပေအရှည်ထိရှိပြီး ပေါင်(၁၀၀)အထက်ရှိပါတယ်။


cnn

လတ်တလောမှာတော့ သုတေသနပညာရှင်တွေဟာ စပါးအုံးတွေရဲ့ တည်နေရာတွေကို လိုက်လံရှာဖွေလျက် ရှိပါတယ်။ ရေဒီယိုထရန်စမစ်တာတွေရဲ့အကူအညီနဲ့ စပါးအုံးအထီးတွေကိုလွှတ်ပြီး သားပေါက်နေတဲ့ စပါးအုံးအမတွေကို လိုက်ရှာတာ ဖြစ်ပါတယ်။ သုတေသနပညာရှင်အုပ်စုဟာ သုတေသနအတွက်ပဲ သီးသန့်ဒေတာတွေကို စုတာမဟုတ်ပဲ စပါးအုံးတွေက စိမ့်မြေမှာ ဘယ်လိုအခန်းကဏ္ဏကနေ ပါနေသလဲဆိုတာ လေ့လာတာ ဖြစ်ပါတယ်။


cnn




မြန်မာစပါးအုံးတွေဟာအရှေ့တောင်အာရှမှာအများဆုံးရှိပါတယ်။ ဒါပေမယ့် မကြာသေးခင်ကတော့ စပါးအုံးကြီးတွေဟာ ဖလော်ရီဒါမှာ ခြောက်ခြားစရာအန ္တရာယ်တစ်ခု ဖြစ်လာခဲ့ပါတယ်။အဲဗားဂလိတ်ဒ်စိမ့်မြေဟာဆိုရင် ကျယ်ဝန်းပြီး ရာသီဥတုပူတာကြောင့် စပါးအုံးတွေအတွက် ခိုအောင်းဖို့အကောင်းဆုံးနေရာ ဖြစ်လာပါတယ်။အခုဆိုရင် စပါးအုံးမြွေပေါင်း (၁) သိန်းဟာ မီယာမီရဲ့အပြင်ဘက် စိမ့်တောတွေထဲမှာ ရှိနေပါတယ်။အခုလို စပါးအုံးတွေအဆမတန်များလာတာက သဘာဝပတ်ဝန်းကျင်အတွက်တော့ စိုးရိမ်စရာတစ်ခု ဖြစ်နေပါတယ်။ ဒါကြောင့် ဖလော်ရီဒါဟာ စပါးအုံးကောင်ရေကို ထိန်းသိမ်းဖို့အတွက် စပါးအုံးအမဲလိုက်ပြိုင်ပွဲတွေတောင် ပြုလုပ်ပြီး မြွေကောင်ရေကို လျော့ချနေကြတယ်လို့ သိရပါတယ်။




လင်းလင်း (ShweMom)

Ref: CNN, sciencealert


#စပါးအုံး
#မြွေ
#ဖလော်ရီဒါ
#စပါးအုံးမြွေ
#သုတေသနပညာရှင်

Some text some message..