အခြေခံ မိတ်ကပ်လိမ်းပုံ အဆင့်ဆင့်
mystylemyanmar.com
|
2020-03-03

မိန်းကလေးတိုင်း လှချင်ကြသလို မိတ်ကပ်လိမ်းတတ်ချင်ကြပါတယ်။




မိတ်ကပ်ဆိုတာ အမျိုးသမီးတွေ နှစ်ခြိုက်တဲ့အရာတစ်ခုပါပဲ။ မိတ်ကပ်လိမ်းဖို့အတွက် အခြေခံ မိတ်ကပ်လိမ်းနည်း အဆင့်ဆင့် ကိုမျှဝေပေးသွားပါမယ်။


၁။ မိတ်ကပ်မလိမ်းခင် မျက်နှာသစ်ပါ။




မိတ်ကပ်မလိမ်းခင် မျက်နှာကို သေချာသစ်ပေးပါ။ ဒါမှ အဆီတွေ၊ အညစ်အကြေးတွေ သန့်စင်ပေးသွားမှာဖြစ်ပါတယ်။


၂။ တိုနာလိမ်းမယ်။




မျက်နှာသစ်ပြီး ခြောက်အောင်သုတ်ပေးပြီးရင် တိုနာလိမ်းပေးလိုက်ပါ။ တိုနာကို Alcohol နဲ့ Ammonia ပါဝင်မှုများတာ မသုံးပါနဲ့။ နို့တိုနာကို သုံးပေးပါ။


၃။ မျက်နှာကို Moisturizer လိမ်းပေးမယ်။




မျက်နှာအသားအရေ ခြောက်သွေ့တာ ရေဓာတ်ခမ်းခြောက်နေတာမျိုးဆိုရင် မိတ်ကပ်မညီတာမျိုးဖြစ်တတ်ပါတယ်။ ဒ့ါကြောင့် မျက်နှာကို ခရင်ခမ်တစ်မျိုးမျိုးလိမ်းပေးပါ။


၄။ Primer သုံးပါ။




Perfect ဖြစ်တဲ့ မိတ်ကပ်ပြင်ဆင်မှုကိုအစပြုဖို့ အရင်ဆုံး Primer သုံးပေးပါ။ Primer ကို ကိုယ့်အသားအရေနဲ့ သင့်တော်တာသုံးပါ။


၅။ လိုအပ်ရင် Concealer သုံးပါ။




လိုအပ်ရင်တော့ Concealer သုံးပါ။ Concealer ကို မျက်နှာတစ်ခုလုံး မလိမ်းရပါဘူး။ မျက်ကွင်းညိုတဲ့နေရာမှာ အဓိကလိမ်းပေးပါ။ လိမ်းပေးပြီးရင် Brush နဲ့ ပြန်ပြီး ခပ်ဖွဖွ ပြန်သုတ်ပေးပါ။ Alcohol ပါဝင်မှုများတဲ့ Concealer မသုံးပါနဲ့။


၆။ Color Corrector သုံးပြီး မျက်နှာအရောင်ကို ညှိမယ်။




မျက်နှာအသားအရေ မညီတာမျိုးရှိရင် Color Corrector ကို သုံးပေးပါ။ အသားအရောင်ကို ပြန်ပြီးညှိပေးစေမှာဖြစ်လို့ မျက်နှာအသားအရောင်လေး တပြေးညီဖြစ်နေမှာပါ။


၇။ ဖောင်ဒေးရှင်းလိမ်းမယ်။




ဖောင်ဒေးရှင်းကို ကိုယ်နဲ့ လိုက်ဖက်တာသုံးပါ။ အသား အဆီပြန်တတ်ရင် ရေစိုခံတာကိုသုံးပေးပါ။ အသားခြောက်ရင် ရေဓာတ်ပါတဲ့ ဖောင်ဒေးရှင်းသုံးပါ။


၈။ Bronzer သုံးမယ်။




Bronzer ဟာ မေးရိုးတွေ၊ ပါးရိုးတွေကို ဖော်တဲ့နေရာမှာသုံးပါတယ်။ နှာတံ သွယ်သွယ်လေးဖြစ်ချင်တဲ့သူတွေလည်း Bronzer သုံးရပါမယ်။


၉။ ပါးနီ သုံးမယ်။




ပါးနီသုံးပေးပါ။ ပါးနီကို အရမ်းပန်းရောင်သန်းတာမျိုးမဟုတ်ဘဲ ပန်းရောင်ပြေပြေလေးသန်းတာမျိုးလိမ်းပေးပါ။ ပါးရိုးအလည်ကနေ နားရွက်နားဖက်ကို စွဲပြီးလိမ်းပေးပါ။မျက်နှာဝိုင်းရင်တော့ Brush နဲ့ မျက်နှာတစ်ခုလုံးကို ခပ်ဖွဖွလေး လိမ်းပေးလိုက်ပါ။


၁၀။ Highlighter သုံးမယ်။




Highlighter ကိုယ့် မျက်နှာ အစိတ်အပိုင်းတွေကို ပိုပြီးထင်ရှားစေဖို့အတွက် အသုံးပြုကြပါတယ်။ မျက်နှာကျပုံတွေ ပေါ်လွင်စေဖို့ လိမ်းကပါတယ်။


၁၁။ Brush နဲ့ မျက်နှာတစ်ခုလုံးကို ဖွဖွလေးလုပ်ပြီးရင် spray ဖြန်းပါ။




မျက်နှာပေါ်က ပိုနေတဲ့ မိတ်ကပ်ထူထူတွေကို ပြေပြေပြစ်ပြစ်လေးဖြစ်သွားဖို့ Brush နဲ့ မျက်နှာတစ်ခုလုံးကို ခပ်ဖွဖွလေး ပွတ်ပေးလိုက်ပါ။ ပြီးရင် alcoholic မပါတဲ့ မိတ်ကပ်စပရေးနဲ့ မျက်နှာပေါ်မှာ ဖြန်းပေးလိုက်ါ။


The post

အခြေခံ မိတ်ကပ်လိမ်းပုံ အဆင့်ဆင့် appeared first on

MyStyle Myanmar .


#နှာ
#မိတ်ကပ်
#ပါးရိုး
#ဖောင်ဒေးရှင်း
#အသားအရောင်

Some text some message..