နွေရာသီမှာဆံပင်ညှပ်ချင်တဲ့သူတွေအတွက် ချစ်စရာကောင်းတဲ့ဆံပင်အတိုပုံစံများ
mystylemyanmar.com
|
2020-03-07

နွေရာသီမှာ ရာသီဥတုပူတော့ ဆံပင်အတိုလေးတွေ ညှပ်ချင်ကြမှာပေါ့။ ဆံပင်အတိုညှပ်မယ်ဆိုရင် ရုပ်က ပိုနုသွားတဲ့အတွက် မိန်းကလေးတော်တော်များများနဲ့ လိုက်ဖက်ပါတယ်။ ဒါကြောင့် နွေရာသီမှာ ဆံပင်ညှပ်ချင်တဲ့သူတွေအတွက် ချစ်စရာကောင်းတဲ့ ဆံပင်အတိုပုံစံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။




ဆံပင်အရမ်းမပါးတဲ့သူတွေဆိုရင် ဒီလိုဆံပင်ပုံစံလေးနဲ့ လိုက်ပါတယ်။ နွေရာသီနဲ့လည်း အရမ်းအဆင်ပြေတဲ့ ဆံပင်ပုံစံလေးပါ။




ဆံပင်တိုရင်လည်း လုံးဝတိုသွားတာမျိုးပဲ ကြိုက်တယ်ဆိုရင်တော့ ဒီလိုနားရွက်အောက်လေး ညှပ်ကြည့်ပါ။




ဆံပင်ဖြောင့်ဆင်းနေတဲ့ ကောင်မလေးတွေဆိုရင် ဆံပင်အတိုကို ဒီလိုလေးညှပ်တာနဲ့ အရမ်းလိုက်ပါတယ်။




ဆံပင်ညှပ်ချင်ပေမယ့် အရမ်းတိုသွားတာမျိုးမကြိုက်ဘူးဆိုရင်တော့ ဂုတ်အောက်နားလောက်လေးပဲထားပြီး အထပ်လေးတွေ များများယူညှပ်ပါ။ ဒါမှ နွေရာသီမှာ အပူသက်သာမှာပါ။




ဆံပင်ပုံစံလေးပြောင်းချင်တယ်ဆိုရင်တော့ ဆံပင်ကို ဒီလောက်လေးညှပ်ပြီး Digital Perm လုပ်လိုက်ပါ။ လှလည်းလှသလို ချစ်စရာလည်းကောင်းပါတယ်။




ရိုးရိုးလေးပဲညှပ်ချင်ရင်တော့ ဆံပင်ဂုတ်ဝဲလေးညှပ်ပြီး အရှေ့ဆံပင်လေးပါ ညှပ်လိုက်တာက ပိုချစ်စရာကောင်းစေပါတယ်။

Photo Source: www.pinterest.com


The post

နွေရာသီမှာဆံပင်ညှပ်ချင်တဲ့သူတွေအတွက် ချစ်စရာကောင်းတဲ့ဆံပင်အတိုပုံစံများ appeared first on

MyStyle Myanmar .


#ဆံပင်
#ဆံပင်ပုံစံ
#ချစ်စရာ
#အတို
#အထပ်

Some text some message..