ပြီးပြည့်စုံတဲ့ မျက်ခုံးမွှေးတစ်စုံရရှိဖို့ ဒီအမှားတွေရှောင်မယ်
mystylemyanmar.com
|
2020-03-07

အားလုံးပဲမင်္ဂလာပါနော်။ မျက်ခုံးမွှေးအလှက လူတိုင်းအတွက်အရေးပါလှပါတယ်။ သင့်ရဲ့ မျက်နှာသွင်ပြင်အတွက်လည်း အရေးပါလှတာမို့ လူတိုင်း မျက်ခုံးမွှေးလှလှလေးပိုင်ဆိုင်ချင်ကြပါတယ်။

ပြီးပြည့်စုံတဲ့ မျက်ခုံးမွှေးတစ်စုံရဖို့အတွက် ရှောင်ရမယ့်အချက်လေးတွေကို မျှဝေပေးချင်ပါတယ်နော်။

၁။ မျက်ခုံးမွှေးမနှုတ်ခြင်း (သို့) ပုံမသွင်းခြင်း




မျက်ခုံးမွေးကို ပုံမသွင်းပေးဘူးဆိုရင်တော့ မျက်ခုံးမွှေးက ပုံကျမှာမဟုတ်ဘူးနော်။ မျက်ခုံးမွှေး မဆွဲခင်မှာလည်း Brush လေးနဲ့ သေချာဖြီးပေးသင့်ပါတယ်။

၂။ မျက်ခုံးမွှေးအလွန်အကျွံနှုတ်ခြင်း (သို့) မျက်ခုံးမွှေးအလွန်ရိတ်ခြင်း




မျက်ခုံးမွှေးကို အလွန်အကျွံနှုတ်ပေးတာလည်းမကောင်းသလိုမျက်ခုံးမွှေးကို အရမ်းရိတ်ပေးတာလည်း မကောင်းပါဘူး။ဒါကြောင့်အနေတော်ပဲ ပုံသွင်းပါ။

၃။ သဘာဝမျက်ခုံးမွှေးတိုင်းဆွဲပါ




သဘာဝအတိုင်း မျက်ခုံးမွှေးကို လှလှလေးဆွဲပေးပါ။ အရမ်းအထူအကြီး အရမ်းအပါးကြီးမဆွဲပါနဲ့။

၄။ မျက်ခုံးမွှေးပုံမဖော်ခြင်း




မျက်ခုံးမွှေးကို သေချာပုံဖော်ပါ။ ဘယ်ကစဆွဲမယ်။ အလည်က ဘယ်နားမှား။ အဆုံးသတ်က ဘယ်မှာ။ စသဖြင့် သတ်မှတ်ပုံဖော်ပါ။

၅။ မျက်ခုံးမွှေးကို သေချာမဖြည့်ဘဲဆွဲခြင်း




မျက်ခုံးမွှေးဆွဲတဲ့အခါ အတွင်းပိုင်းလေးကို သေချာလေးဖြည့်ပေးပါ။ ပြီးရင် Brush လေးနဲ့ သေချာ blend လုပ်ပေးလိုက်ပါ။

၆။ Blending မလုပ်ခြင်း




မျက်ခုံးမွှေးဆွဲပြီးတဲ့အခါ မျက်ခုံးမွှေးကို သေချာ Blend လုပ်ပေးရပါမယ်။ မဟုတ်ရင်တော့ လှမှာမဟုတ်ပါဘူး။

၇။ အထူကြီးဆွဲခြင်း




မျက်ခုံးမွှေးကို အရမ်းအထူကြီးမဆွဲပါနဲ့။

၈။ မျက်ခုံးရိုးမှာ Highlighter အများကြီးထည့်ခြင်း




သင့်မျက်ခုံးရိုးမှာ Highlighter အများကြီးမထည့်ပါနဲ့။

၉။ မျက်ခုံးမွှေးအရောင်




မျက်ခုံးမွှေးဆွဲခဲတံဝယ်တဲ့အခါ အရောင်ကိုသေချာရွေးချယ်ပါ။ သင့်မျက်ခုံးမွှေးအရောင်နဲ့ သိပ်မကွဲတာဝယ်ပါ။

Source: www.beautyofgirl.com


The post

ပြီးပြည့်စုံတဲ့ မျက်ခုံးမွှေးတစ်စုံရရှိဖို့ ဒီအမှားတွေရှောင်မယ် appeared first on

MyStyle Myanmar .


#အထူ
#ဆွဲခြင်း
#အရောင်
#မျက်ခုံးမွေး
#ခဲတံ

Some text some message..