ဆံပင်အရောင်ဆိုးချင်သူများအတွက် လှပတဲ့ဆံပင်ကာလာများ
mystylemyanmar.com
|
2020-03-12

ဆံပင်အရောင်ဆိုးချင်တဲ့ပျိုမေတို့အတွက် ပုံမှန်ဆိုးနေကျအရောင်တွေထဲကနေ ကွဲထွက်ပြီး လှပနေဖို့ ဆန်းသစ်တဲ့ ဆံပင်ကာလာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။




ဆံပင်ကို ခဲရောင်ဘက်သွားတဲ့အရောင်လေးနဲ့ ကြားထဲမှာ ခရမ်းရောင်လေးတွေ ဖောက်ထားတာမို့ ဒီအရောင်လေးကတော့ အရမ်းကိုဆန်းသစ်ပြီး လှပပါတယ်။




မဲနယ်ပြာအရောင်လေးတွေဖောက်ထားပြီး ကြားထဲမှာလည်း ခဲဘက်သွားတဲ့အရောင်လေးကိုဖောက်ထားတာမို့ တော်တော်လှတဲ့အရောင်လေးပါ။ ဆံပင်အတိုလေးတွေနဲ့ဆို ပိုလိုက်ပါတယ်။




အရောင်ဆန်းဆန်းတွေ သိပ်မဆိုးချင်တဲ့သူတွေကတော့ အညိုရောင်လေးဆိုးပြီး ကြားထဲမှာ ရွှေအိုရောင်လေးတွေဖောက်လို့ရပါတယ်။ ဘယ်တော့မှရိုးမသွားပဲ လှနေမယ့်အရောင်လေးပါ။




ဘယ်သူ့မှမဆိုးတဲ့အရောင်လေးလည်းဆိုးချင်တယ်၊ တစ်ခေါင်းလုံးလည်းမဆိုးရဲဘူးဆိုရင်တော့ အောက်နားလေးကို ဒီလိုအရောင်ဆန်းဆန်းလေးသာ ဆိုးချလိုက်ပါ။ လုံးဝကို ဆန်းသစ်ပြီး လှပနေမှာပါ။




ရွှေအိုရောင်ကာလာမျိုးဆိုးချင်ရင်တော့ ဒီလိုလေးသာဆိုးပါ။ အရမ်းလှပါတယ်။




မျက်နှာသေးတဲ့ကောင်မလေးတွေဆိုရင် ဒီလိုလိမ္မော်နီအရောင်လေးတွေနဲ့ လိုက်ပါတယ်။ ဒီဆံပင်အရောင်လေးက မျက်နှာလေးပိုလင်းပြီး ဖြူသွားစေပါတယ်။




နှစ်ရောင်ဆက်ဆိုးချင်တယ်ဆိုရင်တော့ အဖြူနဲ့ အပြာကို ဆက်ဆိုးတာက အရမ်းလှပါတယ်။ ကြောင်တောင်တောင်ကြီးလည်းမဖြစ်ပဲ တော်တော်လှတဲ့ အရောင်မျိုးပါ။

Photo Source: www.pinterest.com


The post

ဆံပင်အရောင်ဆိုးချင်သူများအတွက် လှပတဲ့ဆံပင်ကာလာများ appeared first on

MyStyle Myanmar .


#အရောင်
#ဆံပင်
#မဲနယ်
#ခရမ်းရောင်
#အညိုရောင်

Some text some message..