ဆံပင်တိုနှံ့နှံ့ပိုင်ရှင် မိန်းကလေးတွေကို အမျိုးသားတွေ ပိုစိတ်ဝင်စားရတဲ့အကြောင်းရင်း (၆)ချက်
lifestylemyanmar.com
|
2020-03-13



ဆံပင်ရှည်ရှိတဲ့ အမျိုးသမီးတွေက အမျိုးသားတွေအတွက် ပိုမိုနှစ်သက်ဖွယ်ကောင်းတဲ့ အိမ်ထောင်ဖက်တစ်ဦးဖြစ်ပါတယ်တဲ့။ ဒါဟာ ဆယ်နှစ်စုများစွာကြာလာသည့်တိုင်အောင် လူကြိုက်များတဲ့ ယဉ်ကျေးမှုနှင့် ဆင့်ကဲဖြစ်စဉ်ဆိုင်ရာ စိတ်ပညာရှင်တွေက ထောက်ခံကြတယ်။ ဒါပေမယ့် လေ့လာမှုတစ်ခုမှာတော့ တိုတောင်းတဲ့ ဆံပင်ကေတွေရှိကြတဲ့ အမျိုးသမီးတွေရဲ့ဆွဲဆောင်မှုက ကွဲပြားခြားနားတဲ့ ရှုထောင့်တွေနှင့် ဆက်စပ်နေတယ်လို့ အကြံပြုထားကြပါတယ်။ ဆံပင်ရှည်ပိုင်ရှင်လေးတွေကို ဂရုစိုက်တတ်ပြီးတော့ မိန်းမဆန်တဲ့ အမျိုးသမီးလေးတွေအဖြစ် ရှုမြင်ကြပြီးတော့ ဆံပင်တိုပိုင်ရှင်လေးတွေကိုတော့ ကျန်းမာသန်စွမ်းပြီး အသိဉာဏ်ရှိတဲ့သူတွေအဖြစ် မှတ်ယူကြပါတယ်။ တစ်ချို့လေ့လာမှုတွေမှာတော့ အမျိုးသားတွေဟာ ဆံပင်တိုတဲ့မိန်းကလေးတွေကို ပိုနှစ်သက်ကြပါတယ်တဲ့။

ဒီနေရာမှာ ဖော်ပြပေးမှာကတော့ အမျိုးသားတွေက ဆံပင်တိုပိုင်ရှင်မိန်းကလေးတွေကို ဘာကြောင့်စိတ်ဝင်စားကြတာလဲဆိုတဲ့ အကြောင်းရင်းတွေကို မျှဝေပေးမှာပါ။




၁။ ဆံပင်တိုက ပိုဆွဲဆောင်မှုရှိစေတယ်

ဆံပင်တိုစတိုင်က ထူးခြားနေတဲ့အတွက် အမျိုးသားတွေ ပိုသတိထားမိလေ့ရှိပါတယ်။ နောက်တစ်ခုက ဆံပင်တိုဆိုတာ အတုအယောင်ဆံပင်ရှည်တွေနဲ့ မတူနိုင်တာကြောင့်လည်း ဖြစ်ပါတယ်။ တကယ်တော့ ဆံပင်တိုပိုင်ရှင်တွေက ခံနိုင်ရည်စွမ်းနှင့် အာရုံစူးစိုက်မှုတွေကို ဆုပ်ကိုင်ထားနိုင်တာကလည်း အမျိုးသားတွေ စိတ်ဝင်စားကြတဲ့ အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။




၂။ လည်ပင်းနှင့် မျက်နှာကို ပိုပေါ်လွင်ထင်ရှားစေတယ်

ဖက်ရှင်ပြပွဲတွေက မော်ဒယ်တွေဟာ သူတို့ဆံပင်တွေကို အတတ်နိုင်ဆုံး ကျစ်လျစ်စွာ ထုံးဖွဲ့ပြီးတော့ သူတို့ရဲ့ မျက်နှာတွေကို ဖွင့်ပြဖို့ကြိုးစားကြတာကို သင်သတိပြုမိပါလိမ့်မယ်။ ဆံပင်က အလှအပကို ဖော်ကြူးမဲ့ အမျိုးသမီးအင်္ဂါရပ်တွေကို ဖုံးကွယ်နိုင်တာကြောင့်ဖြစ်ပါတယ်။ အမျိုးသားတွေက ဒီအယူအဆတွေကို သဘောတူကြပြီးတော့ မျက်နှာနှင့် လည်ပင်းက သူတို့အတွက် အလွန်ဆွဲဆောင်မှုရှိတဲ့ အရည်အသွေးတွေဖြစ်လို့ ဆံပင်တိုပိုင်ရှင်တွေက အမျိုးသမီးတွေရဲ့ အလှတရားကို တောက်ပစေတယ်လို့ ဆိုကြပါတယ်။




၃။ ဆွဲဆောင်မှုရှိတဲ့ ဆယ်လီတွေကို သတိရစေတယ်

များပြားလှတဲ့ ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ကျော်ကြားလှတဲ့အမျိုးသမီးတွေက ဆံပင်ရှည်တွေ ဖြတ်တောက်ခြင်းကို အကြိမ်ကြိမ်ပြုလုပ်ခဲ့ကြတယ်။ ဆံပင်တိုတဲ့မိန်းကလေးတွေကို ကြိုက်သလားလို့ လူတိုင်းကမေးခွန်းထုတ်တဲ့အခါ လူအများစုက မင်းသမီးတွေကို သာဓကကောင်းတွေ ဥပမာတွေပေးချင်ကြပါတယ်။




၄။ ပြုပြင်ထိန်းသိမ်းမှု နည်းပါးစေတယ်

ဆံပင်အရှည်ထားဖို့ အချိန်တွေအများကြီးပေးရမယ်ဆိုတာ အားလုံးသိပါတယ်။ ဒါ့အပြင် ၎င်းက ခြောက်သွေ့ခြင်း၊ ဖြောင့်ခြင်း၊ ကောက်ခြင်းနှင့် ထုတ်ကုန်တွေ တစ်ခုပြီး တစ်ခုဝယ်ခြမ်းနေရခြင်းက အမျိုးသားတွေအားလုံးကြောက်လန့်ကြတဲ့ အရာတွေဖြစ်ပါတယ်။ အမျိုးသမီးတွေ အဆင်သင့်ဖြစ်ဖို့ အချိန်တွေများစွာ ကြာတတ်တာကိုအမျိုးသားတွေ မုန်းကြပါတယ်။ ဒါ့ကြောင့် ဆံပင်တိုပိုင်ရှင်တွေက win-win ဖြစ်နေတာပါ။




၅။ ဆံပင်တို = ကိုယ့်ကိုယ်ကို ယုံကြည်မှု

တစ်ချို့အမျိုးသမီးက ဆံပင်တိုထားဖို့ စမ်းသပ်လိုစိတ်လုံးဝမရှိကြပါဘူး။ ဆံပင်တိုတွေက စစ်မှန်တဲ့ ရဲစွမ်းသတ္တိတွေကို သယ်ဆောင်ပေးပါတယ်တဲ့။ အဓိကအရေးကြီးဆုံးကတော့ ကိုယ့်ကိုယ်ကိုယုံကြည်မှုပဲဖြစ်ပါတယ်။ အမျိုးသားတွေကို မိမိကိုယ်ကိုလေးစားမှု မြင့်မားတဲ့ဆံပင်တိုတွေနှင့် အမျိုးသမီးတွေက ပိုဆွဲဆောင်နိုင်တဲ့ အကြောင်းရင်းပါ။




၆။ သူမအသွင်အပြင် ဂရုစိုက်ခြင်း

အနည်းဆုံးတော့ ဆံပင်တိုစတိုင်ဟာ မတော်တဆဖြစ်ပျက်လာခြင်း မရှိပါဘူး။ တကယ်လို့ အမျိုးသမီးတစ်ဦးက မိမိဆံပင်ကို အကောင်းဆုံးဖြတ်ပစ်ဖို့နှင့် ထပ်ပြီး ထိန်းသိမ်းတတ်ဖို့ ပြုလုပ်ရပါသေးတယ်။ ဒါဟာ သူမကိုယ်ကို ဂရုစိုက်ခြင်းပါပဲ။ ဒီအချက်က အမျိုးသားတွေအတွက် အလွန်အရေးကြီးပါတယ်။ အကြောင်းရင်းက အမျိုးသမီးတစ်ဦးက မိမိအသွင်အပြင်ကို ကြည့်ရှုဖို့ ဂရုစိုက်ဖို့ စိတ်ဝင်စားကြောင်း ပြသတာဖြစ်ပါတယ်။ ထူးခြားသော ဆံပင်ပုံစံတွေရှိတဲ့ အမျိုးသမီးတွေက သူတို့ရဲ့ ဆံပင်ကို အလွန်ကောင်းမွန်စွာ ဂရုစိုက်တဲ့သူတွေ ဖြစ်လေ့ရှိပါတယ်။

Lifestyle_Myanmar

Nyein_Thu

Ref-brightside.me


#ဆံပင်
#ဆံပင်ရှည်
#အမျိုးသမီး
#ပိုင်ရှင်
#အမျိုးသား

Some text some message..