ဆံနွယ်လေးတွေကို ပိုပြီးထူချင်သူတွေအတွက် လိုက်လုပ်ပေးလို့ရတဲ့ နည်းလမ်းကောင်း
mystylemyanmar.com
|
2020-03-13

အားလုံးပဲမင်္ဂလာပါနော်။ သာယာတဲ့နေ့လေးဖြစ်ပါစေရှင့်။

ဒီတခါမှာတော့ ဆံကေသာကို ပိုပြီးထူချင်တဲ့ သူတွေအတွက် နည်းလမ်းကောင်းတစ်ခုကိုမျှဝေပေးချင်ပါတယ်။




သဘာဝဆီကို အသုံးပြုပြီး အသုံးပြုပေးရမှာပါ။ အုန်းဆီတစ်မျိုးတည်းသုံးတာထက် ဒီနည်းလမ်းလေးကို သုံးပေးမယ်ဆိုရင်တော့ ဆံပင်ကျွတ်တာကို သက်သာပြီး ဆံကေသာကို ပိုပြီးထူလာစေမှာဖြစ်ပါတယ်။


ပါဝင်ပစ္စည်း




အုန်းဆီ

ကြက်သွန်ဖြူ

ကြက်သွန်နီ

လက်ဖက်ဆီ


ပြုလုပ်နည်း




အရင်ဆုံး ကြက်သွန်ဖြူ၊ ကြက်သွန်နီကို အခွံနွှာပြီး ခပ်ပါပါးလှီးလိုက်ပါ။

ပြီးရင်တော့ အုန်းဆီနဲ့ လက်ဖက်ဆီကို ရောလိုက်ပါ။

ပြီးရင်တော့ မီးအပူချိန်အနေတော်လောက်နဲ့ နည်းနည်းလေးအပူပေးလိုက်ပါ။

ပူသွားပြီဆိုရင်တာ့ ပြန်မွှေလိုက်ပါ။

ပြီးရင်ဆီကို အေးအောင်ထားလိုက်ပါ။

အဲဒီနောက်မှာတော့ သင့်ဦးရေပြားနဲ့ ဆံကေသာကို လိမ်းပေးလိုက်ပါ။




၁နာရီလောက်အနည်းဆုံးထားပါ။ (သို့) တစ်ညလုံးထားလို့ရပါတယ်။

ပြီးရင်တော့ ခေါင်းလျှော်ချလိုက်ပြီး ပေါင်းဆေးထည့်ပေးလိုက်ပါ။

သင့်ဦးရေပြား သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီး ဗောက်ကိုသက်သာစေတဲ့အပြင် ဆံပင်ကျွတ်တာကိုလည်း သက်သာစေပါတယ်။

တစ်ပတ်ကို ၂ ကြိမ်လောက်လုပ်ပေးရင်ရပါတယ်နော်။

Source: www.blushbabe.com


The post

ဆံနွယ်လေးတွေကို ပိုပြီးထူချင်သူတွေအတွက် လိုက်လုပ်ပေးလို့ရတဲ့ နည်းလမ်းကောင်း appeared first on

MyStyle Myanmar .


#အုန်းဆီ
#ကေသာ
#ဆံပင်ကျွတ်
#ဦးရေပြား
#လက်ဖက်

Some text some message..