နွေရာသီရောက်ပြီဆိုရင် အဆီပြန်တဲ့ အသားအရေကို ထိန်းသိမ်းရတာက စိန်ခေါ်မှုတစ်ခုလို ဖြစ်နိုင်ပါတယ်။ အပြစ်အနာမရှိအောင်၊ တစ်နေ့လုံးကြာရှည်ခံအောင် မိတ်ကပ်ထူထူလိမ်းထားတာမျိုးဆိုရင် ပိုပြီးတော့တောင် ဆိုးစေနိုင်ပါတယ်။ အဆီပြန်တဲ့အသားအရေရဲ့ ဆိကြည်ဂလင်းရည်ဟာ သင်လိမ်းထားတဲ့ မိတ်ကပ်ကို အလွယ်တကူ ဖြိုဖျက်နိုင်ပြီး တနေ့တာ ကုန်လာတာနှင့်အမျှ မျက်နှာမှာ အဆီတဝင်းဝင်းဖြစ်လာနိုင်ပါတယ်။ နွေရာသီလည်း ရောက်ပြီဆိုတော့ အဆီပြန်တဲ့ အသားအရေအတွက် အရမ်းထိရောက်တဲ့ မိတ်ကပ်အကြံပေးချက်လေးတွေ မျှဝေပေးချင်ပါတယ်။
၁။ Primer ဖြင့်စတင်ပါ
အောက်ခံမိတ်ကပ်ကို မှန်မှန်ကန်ကန် လိမ်းခြင်းက မိတ်ကပ်လုပ်ငန်းစဉ်ရဲ့ အရေးကြီးဆုံးခြေလှမ်းဖြစ်ပါတယ်။ အဆီပြန်တဲ့အသားအရေအတွက် အဆီထိန်းချုပ်ပေးတဲ့ Primer (သို့) ချွေးပေါက်လျှော့ချပေးတဲ့ Primer ကိုအသုံးပြုနိုင်ပါတယ်။ primer က သင့်အသားအရေနှင့် မိတ်ကပ်အကြားမှာ အတားအဆီးတစ်ခုဖြစ်စေပြီး မိတ်ကပ်ကြာရှည်ခံစေဖို့ ကူညီပါတယ်။
၂။ အဆီမပါတဲ့ အောက်ခံမိတ်ကပ်ကို ရွေးချယ်ပါ
အောက်ခံမိတ်ကပ်လိမ်းခြင်းက အဓိကသော့ချက်ဖြစ်ပါတယ်။ ဒါပေမယ့် အဆီပြန်တဲ့ အသားအရေနင့် ပတ်သတ်လာတဲ့အခါ ဖော်မြူလာမှားယွင်းသွားနိုင်ပါတယ်။ မျက်နှာကို glow ဖြစ်စေတဲ့ အောက်ခံမိတ်ကပ်မျိုး၊ မျက်နှာကို ပြောင်ပြောင် လက်လက်ဖြစ်စေတဲ့ မိတ်ကပ်မျိုးကို ဝေးဝေးကရှောင်ပါ။ အဆီမပါသော matte type အောက်ခံမိတ်ကပ်မျိုးကို ရွေးချယ်ပါ။ ဥပမာ- Maybelline Fit Me Matte Foundation။ အောက်ခံမိတ်ကပ်ကို ပါးပါးလေးနဲ့ ကြာရှည်ခံအောင် လိမ်းထားသင့်ပါတယ်။
၃။ ပေါင်ဒါမှုန့်လိမ်းတဲ့အဆင့်ကို ကျော်မသွားပါနဲ့
အဆီမပါတဲ့၊ ကြာရှည်ခံတဲ့ အောက်ခံမိတ်ကပ်မျိုးကို လိမ်းထားရင်တောင် ပေါင်ဒါမှုန့်လိမ်းတဲ့အဆင့်ကို ကျော်သွားလို့မရပါဘူး။ loose powder မှုန့်ကို ဘရပ်လေးနဲ့ အနည်းငယ်ယူ၊ မျက်နှာပေါ်မှာ ပါးပါးလေးပုတ်ပြီး အဆုံးသတ်ပေးနိုင်ပါတယ်။ ပိုပြီး coverage ဖြစ်ချင်ရင်တော့ 2way မိတ်ကပ်ကို သုံးနိုင်ပါတယ်။
၄။ ပေါင်ဒါအခြေခံထားတဲ့ ပါးနီ , Bronzer နဲ့ Highlighter ကိုရွေးချယ်ပါ
ခရမ်အမျိုးအစား ပါးနီ, bronzers နဲ့ highlighters တွေက အဆီပြန်တဲ့အသားအရေအတွက် မသင့်တော်ပါဘူး။ အဆီပြန်တဲ့ အသားအရေရှိရင် matte နှင့် powder အခြေခံထားတာမျိုးကို ရွေးချယ်ပါ။
၅။ ခပ်ပါးပါးသာ လိမ်းချယ်ပါ
အဆီပြန်တဲ့ အသားအရေအတွက် အဓိက မိတ်ကပ်အကြံပေးချက်တစ်ခုက product တိုင်းကို ခပ်ပါးပါး လိမ်းပေးဖို့ပါ။ လိုအပ်တဲ့အချိန်မှာ ထပ်လူးပေးနိုင်ပါတယ်။ သို့သော် တစ်ကြိမ်တည်းနဲ့ မိတ်ကပ်အများကြီးလိမ်းလိုက်ခြင်းက မိတ်ကပ်ထူလပျစ်နဲ့ အဆီတဝင်းဝင်းဖြစ်စေနိုင်ပါတယ်။
၆။ မိတ်ကပ်ဖြန်းဆေး အသုံးပြုပါ
makeup fixing spray က သင့်မျက်နှာမိတ်ကပ်ကို တစ်နေ့တာလုံးကြာရှည်ခံစေပါတယ်။ အဆီပြန်တဲ့ အသားအရေအတွက် ထုတ်ထားတဲ့ ဖော်မြူလာကို သေချာရွေးချယ်ပါ။
၇။ အဆီစုပ်စက္ကူ ဆောင်ထားပါ
သင့်အသားအရေက အဆီပြန်တယ်ဆိုရင် ဘယ်သွားသွား အဆီစုပ်စက္ကူ ဆောင်ထားဖို့ လိုပါတယ်။
၈။ မိတ်ကပ်ကို လျော့လိမ်းပါ
အဆီပြန်တဲ့ အသားအရေရှိသူဆိုရင် ထသွားထလာမှ မိတ်ကပ်လိမ်းပေးပါ။ မိတ်ကပ်တွေက ချွေးပေါက်တွေကို ပိတ်ဆို့စေပါတယ်။ မိတ်ကပ်လိမ်းရပြီဆိုရင်လည်း အပြစ်အနာအဆာတွေဖုံးကွယ်ဖို့ မိတ်ကပ်ထူထူလိမ်းမယ့်အစား Concealer ကိုသုံးပေးပါ။ Concealer သုံးထားရင် အောက်ခံမိတ်ကပ်တစ်လွှာနဲ့ matte compact powder လိမ်းလိုက်ရင် ပြီးပြည့်စုံပါပြီ၊ အဆီပြန်တဲ့ အသားအရေပေါ်မှာ အောက်ခံမိတ်ကပ်ကို အလွန်အကျွံ မလိမ်းပါနဲ့။
၉။ ရေအခြေခံတဲ့ မိတ်ကပ်ပစ္စည်းများကို ရွေးချယ်ပါ
ရေအခြေခံထားတဲ့ မိတ်ကပ်တွေက အဆီပြန်တဲ့အသားအရေအတွက် သတင်းကောင်းတစ်ခု ဖြစ်ယုံသာမက ပေါ့ပေါ့ပါးပါးနဲ့ သဘာဝကျကျ လှနေစေပါတယ်။ ပူတဲ့ရာသီမှာ ရေအခြေခံထားတဲ့ ထုတ်ကုန်များက သင့်ကို ချွေးထွက်ပြီး အဆီပြန်စေမှာ မဟုတ်ပါဘူး။
၁၀။ မိတ်ကပ်မလိမ်းခင် မျက်နှာအနှံ့ကို ရေခဲတုံးဖြင့် ပွတ်ပေးပါ
သင့်မျက်နှာက မိတ်ကပ်လိမ်းပြီးတာနဲ့ အဆီပြန်လာရင် မိတ်ကပ်စ မလိမ်းခင်မှာ ရေခဲတုံးနဲ့ မျက်နှာအနှံ့ပွတ်ပေးပါ။ ဒီနည်းပညာက သင့်မိတ်ကပ်ကို ကြာရှည်ခံစေမှာ သေချာပါတယ်။ ဘောလီးဝုဒ်မင်းသမီး ကက်ထရီနာကိုင်ဖ်ဟာ ဒီနည်းပညာကို ကျင့်သုံးခဲ့ပြီး လူကြိုက်များခဲ့ပါတယ်။ ကိုရီးယားမှာတော့ မိတ်ကပ်လိမ်းပြီး ရေခဲရေအပြည့်ထည့်ထားတဲ့ ပန်းကန်လုံးထဲမှာ မျက်နှာတစ်ခုလုံးကို နှစ်လိုက်ရင် မိတ်ကပ်ကို ကြာရှည်ခံစေတယ်လို့ဆိုပါတယ်။
Lifestyle_Myanmar
LM_Nandar
Source- makeupandbeauty