နွေရာသီမှာ အပူဒဏ်ကို အံတုဖို့ ရိုးရှင်းလှပတဲ့ ဆံပင်ကို ဒီလိုစည်းမယ်
mystylemyanmar.com
|
2020-03-21

နွေရာသီရောက်လာပြီနော်။ ဆံပင်ရှည်တဲ့သူတွေရော တိုတဲ့သူတွေရော ပူလွန်းလို့ ဆံပင် မချချင်တော့တဲ့ ပျိုမေတို့အတွက် ဆံပင်ကို ဒီလိုစည်းလိုက်ရအောင်နော်။

ဆံပင်ကတိုနေပေမဲ့ နည်းနည်းရှည်သယောင်လေး ထင်ရအောင် စည်းနည်းလေးကို ပြောပြချင်လို့ပါ။ တကယ့်ကို လွယ်လွယ်လေးမို့ လိုက်လုပ်ရတာလည်း ခေါင်းရှုပ်ခံစရာမလိုပါဘူး။




ဆံပင်ကို ပထမတစ်လွှာယူပြီး အရင်ခပ်မြင့်မြင့်လေးစည်းလိုက်ပါ။

ပြီးရင် အောက်တစ်ပိုင်းမှ ကျန်ခဲ့တဲ့ ဆံပင်တွေကိုစည်းပေးပါ။




ဆံပင်ချလိုက်ရင် ရှည်သလို ဖြစ်မသွားဘူးလားရှင့်။ နောက်တစ်နည်းကတော့ ဆံပင်ကို ၃ ထစ်စည်းတဲ့နည်းပါ။




ထမဆုံး ဆံပင်ကိုစည်းလိုက်မယ်။ ပြီးရင် စည်းထားတဲ့ဆံပင်တွေထဲက နည်းနည်းကိုယူပြီး သရေပင်ကို မမြင်ရအောင် ပတ်လိုက်ပြီး ကလစ်တွယ်မယ်။

ဆံပင်ကို နည်းနည်းလေးဖွလိုက်မယ်။




ဒုတိယတစ်ခေါက်စည်းမယ်။




ပြီးရင် တတိယတစ်ထပ်စည်းမယ်။ ရိုးရိုးလေးနဲ့ လှနေပြီး နွေရာသီနဲ့ အဆင်ပြေပါတယ်။




ရိုးရှင်းတယ်။ လှလည်းလှတယ်ဆိုတော့ ဘာရယ်မဟုတ်ဘူး မျှဝေပေးချင်လိုက်ပါတယ်ရှင့်။


The post

နွေရာသီမှာ အပူဒဏ်ကို အံတုဖို့ ရိုးရှင်းလှပတဲ့ ဆံပင်ကို ဒီလိုစည်းမယ် appeared first on

MyStyle Myanmar .


#ပင်ကို
#ဆံပင်
#ခေါင်းရှုပ်
#ဆံပင်ရှည်
#အပူဒဏ်

Some text some message..