သရဖူ ကျစ်ဆံမြီးကျစ်နည်း
mystylemyanmar.com
|
2020-03-23

မင်္ဂလာပါနော်။ ဆံပင်ကို ကျစ်ဆံမြီးလှလှကျစ်ချင်သူတွေအတွက် မျှဝေပေးလိုက်ပါတယ်။ ဆံပင်ရှုပ်တာမခံနိုင်တဲ့သူတွေအတွက်လည်းအဆင်ပြေပြီး နွေရာသီမှာလည်း ဒီလိုဆံပင်လေကျစ်ထားလို့ရပါတယ်။

အဆင့် ၁




ဆံပင်ကို နှစ်ဖက် ခွဲလိုက်ပါ။

အဆင့် ၂




ဆံပင်တစ်ဖက်ချင်းဆီကို ကျစ်ဆံမြီးကျစ်ပါ။ အပေါ်ကနေ အောက်ဆုံးထိ ကျစ်ပေးပါ။ ပြီးရင် သရေပင်နဲ့ ချည်လိုက်ပါ။

အဆင့် ၃




ကျန်တဲ့တစ်ဖက်ကိုလည်း စောစောကလို့ပဲ ကျစ်ဆံမြီးကျစ်ပေးပါ။

အဆင့် ၄




ကျစ်ဆံမြီးလေးတွေကို လက်နဲ့ နည်းနည်းလေး ကြီးအောင် ဖွပေးလိုက်ပါနော်။

အဆင့် ၅




ကျစ်ဆံမြီးတစ်ဖက်နဲ့တစ်ဖက်ကို ကြက်ခြေခတ်ပြီး ယူလိုက်ပါ။

အဆင့် ၆





အဆံပင်အဖြားနဲ့ ကျစ်ဆံမြီးဆုံတဲ့နေရာမှာ ကလစ်ထိုးပေးပါ။ သေချာခိုင်အောင်ထိုးပေးပါ။

အဆင့် ၇





ပြီးသွားရင်တော့ စပရေးလေး ဖြန်းပေးလိုက်ပါနော်။


The post

သရဖူ ကျစ်ဆံမြီးကျစ်နည်း appeared first on

MyStyle Myanmar .


#ကျစ်ဆံမြီး
#ဆံပင်
#အဆင့်
#ပင်ကို
#ကြက်ခြေခတ်

Some text some message..