အားလုံးပဲ မင်္ဂလာပါရှင်။ဒီနေ့မှာ Myanmar Wedding Guide ပရိတ်သတ်တွေကို 2020ခုနှစ်မှာ ရေပန်းစားလူကြိုက်များလျက်ရှိတဲ့ မင်္ဂလာဝတ်စုံလေးတွေအကြောင်းဖော်ပြပေးချင်ပါတယ်။
မြန်မာနိုင်ငံမှာကတော့ ထုံးတမ်းဓလေ့တွေအရ ကိုယ်ကိုးကွယ်တဲ့ ရဟန်း၊ဘုန်းကြီးဆီမှာ မင်္ဂလာအရောင်ရွေးရတာမျိူး၊ ရှောင်ရမယ့် အရောင်တွေ ရွေးရှောင်ရတာမျိုး ရှိကြပါတယ်။
တစ်ချို့သော အတွဲတွေကတော့ ကိုယ်နှစ်သက်ရာကိုသာ ရွေးချယ်ကြပါတယ်။ ဘယ်လိုပဲဖြစ်စေ လက်ရှိ ထိုင်မသိမ်းဝတ်စုံအတွက် အရောင်ရွေးနေတယ်ဆိုရင်တော့
အဖြူရောင်၊ အသားရောင်၊ ရွှေဝါရောင်တွေက ဘယ်ခေတ်မှာမဆို ခေတ်မီပြီး အလှတိုးစေနိုင်တဲ့ အရောင်တွေဖြစ်တဲ့အတွက် လက်ရှိမှာ ခေတ်စားနေဆဲဖြစ်ပါတယ်။
အရောင်ရင့်ဝတ်ရဲသူတွေအတွက် အနီရောင်၊ နီညိုရောင်တွေက တခေတ်ပြန်ခေတ်စားနေပြီ ဖြစ်ပါတယ်။
ပဝါအရှည်ကြီးချတာက Trend ဖြစ်နေပြီး လက်ကိုင်ပန်းကိုတော့ ရိုးရှင်းတဲ့ အရောင်တစ်မျိုးတည်းဖြစ်တာလေးတွေက ခေတ်မှီစေမှာဖြစ်ပါတယ်။
အမျိုးသားတွေအတွက်ကတော့ ရင်ထိုးလှတာလေးတွေ အသုံးပြုနေကြပြီး Man make up လိမ်းတဲ့အခါ ကျွမ်းကျင် တဲ့သူတွေသီးသန့်ရှာလိမ်းနေကြပြီဖြစ်ပါတယ်။
အနောက်တိုင်းဝတ်စုံဝတ်မယ့်သူတွေအတွက်ကတော့ အဖြူရောင်ဂါဝန်ပေါ်မှာ ပန်းပွင့်patternအရောင်ဖျော့ထပ်ထားတာလေးတွေကို Paris Fashion Weekတွေမှာ တွေ့နိုင်ပါတယ်။
အဖြူရောင်ပြောင်ပေါ်မှာ ဇာအဖြူပန်းပွင့်လေးများ ထပ်ထားခြင်း၊ အရောင်ပါတဲ့ ပန်းပွင့်လေးများ printရိုက်ထားခြင်း လေးတွေက ယဉ်တကိုယ်မယ်ဖြစ်စေမှာ ဖြစ်ပါတယ်။
Bling Bling ကြိုက်တဲ့သူတွေအတွက် သတင်းကောင်းကတော့ တလက်လက်တောက်ပနေတဲ့ wedding ဂါဝန်တွေ အရမ်းခေတ်စားနေတာပါပဲ။
ဂါဝန်တစ်ခုလုံး ငွေမှင်ရောင်၊ စိန်ပွင့်လေးတွေ လက်သလို လင်းလက်နေတဲ့ Wedding Dressလေးတွေ ရွေးချယ်မယ်ဆိုရင်တော့ ကျောက်မျက်ရတနာလက်ဝတ်လက်စားကို လျှော့ဝတ်ပါ။
လည်တိုင်၊ လက်ကောက်ဝတ်နေရာတွေကို ကျော့ရှင်းစေတဲ့အသွင်ဆောင်တဲ့ ရိုးရှင်းတဲ့ ရတနာလေးတွေကို ရွေးချယ်ပါ။
ဂါဝန်လေးတွေနဲ့ လိုက်ဖက်စေဖို့ ဆံပင်လေးပေါ်မှာ စိန်ပွင့်ဆံထိုး၊ Bling Bling လေးတွေနဲ့ အလှဆင်နိုင်ပါတယ်။ အမျိုးသားများအတွက်
ကတော့ အနက်ရောင်အနောက်တိုင်းဝတ်စုံကသာ ပြီးပြည့်စုံတဲ့ ရွေးချယ်မှုဖြစ်ပြီး ဆန်းသစ်ချင်ရင်တော့
အသားရောင်၊ ကာကီရောင်ပြောင် (သို့) ပန်းပွင့်အရောင်ဖျော့ pattern လေး ပေါ်နေတာမျိုးလေးတွေ ခေတ်စားနေပါတယ်။
Reference:wedding story
Dress Hire ဝတ်စုံအငှားဆိုင် ၅၄ ဆိုင်ကိုရှာရန်နှိပ်ပါ။
Zawgyi ဖြင့်ဖတ်ရန်...
အားလုံးပဲ မင်္ဂလာပါရှင်။ဒီနေ့မှာ Myanmar Wedding Guide ပရိတ်သတ်တွေကို 2020ခုနှစ်မှာ ရေပန်းစားလူကြိုက်များလျက်ရှိတဲ့ မင်္ဂလာဝတ်စုံလေးတွေအကြောင်းဖော်ပြပေးချင်ပါတယ်။
မြန်မာနိုင်ငံမှာကတော့ ထုံးတမ်းဓလေ့တွေအရ ကိုယ်ကိုးကွယ်တဲ့ ရဟန်း၊ဘုန်းကြီးဆီမှာ မင်္ဂလာအရောင်ရွေးရတာမျိုး၊ ရှောင်ရမယ့် အရောင်တွေ ရွေးရှောင်ရတာမျိုး ရှိကြပါတယ်။
တစ်ချို့သော အတွဲတွေကတော့ ကိုယ်နှစ်သက်ရာကိုသာ ရွေးချယ်ကြပါတယ်။ ဘယ်လိုပဲဖြစ်စေ လက်ရှိ ထိုင်မသိမ်းဝတ်စုံအတွက် အရောင်ရွေးနေတယ်ဆိုရင်တော့
အဖြူရောင်၊ အသားရောင်၊ ရွှေဝါရောင်တွေက ဘယ်ခေတ်မှာမဆို ခေတ်မီပြီး အလှတိုးစေနိုင်တဲ့ အရောင်တွေဖြစ်တဲ့အတွက် လက်ရှိမှာ ခေတ်စားနေဆဲဖြစ်ပါတယ်။
အရောင်ရင့်ဝတ်ရဲသူတွေအတွက် အနီရောင်၊ နီညိုရောင်တွေက တခေတ်ပြန်ခေတ်စားနေပြီ ဖြစ်ပါတယ်။
ပဝါအရှည်ကြီးချတာက Trend ဖြစ်နေပြီး လက်ကိုင်ပန်းကိုတော့ ရိုးရှင်းတဲ့ အရောင်တစ်မျိုးတည်းဖြစ်တာလေးတွေက ခေတ်မှီစေမှာဖြစ်ပါတယ်။
အမျိုးသားတွေအတွက်ကတော့ ရင်ထိုးလှတာလေးတွေ အသုံးပြုနေကြပြီး Man make up လိမ်းတဲ့အခါ ကျွမ်းကျင် တဲ့သူတွေသီးသန့်ရှာလိမ်းနေကြပြီဖြစ်ပါတယ်။
အနောက်တိုင်းဝတ်စုံဝတ်မယ့်သူတွေအတွက်ကတော့ အဖြူရောင်ဂါဝန်ပေါ်မှာ ပန်းပွင့်patternအရောင်ဖျော့ထပ်ထားတာလေးတွေကို Paris Fashion Weekတွေမှာ တွေ့နိုင်ပါတယ်။
အဖြူရောင်ပြောင်ပေါ်မှာ ဇာအဖြူပန်းပွင့်လေးများ ထပ်ထားခြင်း၊ အရောင်ပါတဲ့ ပန်းပွင့်လေးများ printရိုက်ထားခြင်း လေးတွေက ယဉ်တကိုယ်မယ်ဖြစ်စေမှာ ဖြစ်ပါတယ်။
Bling Bling ကြိုက်တဲ့သူတွေအတွက် သတင်းကောင်းကတော့ တလက်လက်တောက်ပနေတဲ့ wedding ဂါဝန်တွေ အရမ်းခေတ်စားနေတာပါပဲ။
ဂါဝန်တစ်ခုလုံး ငွေမှင်ရောင်၊ စိန်ပွင့်လေးတွေ လက်သလို လင်းလက်နေတဲ့ Wedding Dressလေးတွေ ရွေးချယ်မယ်ဆိုရင်တော့ ကျောက်မျက်ရတနာလက်ဝတ်လက်စားကို လျှော့ဝတ်ပါ။
လည်တိုင်၊ လက်ကောက်ဝတ်နေရာတွေကို ကျော့ရှင်းစေတဲ့အသွင်ဆောင်တဲ့ ရိုးရှင်းတဲ့ ရတနာလေးတွေကို ရွေးချယ်ပါ။
ဂါဝန်လေးတွေနဲ့ လိုက်ဖက်စေဖို့ ဆံပင်လေးပေါ်မှာ စိန်ပွင့်ဆံထိုး၊ Bling Bling လေးတွေနဲ့ အလှဆင်နိုင်ပါတယ်။ အမျိုးသားများအတွက်
ကတော့ အနက်ရောင်အနောက်တိုင်းဝတ်စုံကသာ ပြီးပြည့်စုံတဲ့ ရွေးချယ်မှုဖြစ်ပြီး ဆန်းသစ်ချင်ရင်တော့
အသားရောင်၊ ကာကီရောင်ပြောင် (သို့) ပန်းပွင့်အရောင်ဖျော့ pattern လေး ပေါ်နေတာမျိုးလေးတွေ ခေတ်စားနေပါတယ်။
Reference:wedding story
Dress Hire ဝတ်စုံအငှားဆိုင် ၅၄ ဆိုင်ကိုရှာရန်နှိပ်ပါ။
Myanmar Wedding Guide