ဘယ်တော့မှရိုးမသွားဘဲ အမြဲတမ်းဆွဲဆောင်မှုရှိနေမယ့် ဆံပင်ပုံစံ (၄) မျိုး
mystylemyanmar.com
|
2020-04-03

ဆံပင်ဆိုတာ ကျွန်မတို့မိန်းကလေးတွေအတွက် ဒုတိယမျက်နှာပါ။ ဆံကေသာရဲ့လှပမှုဟာ မိန်းကလေးတွေအတွက် အလွန်အရေးပါပါတယ်။ ခေတ်စားသမျှ ဆံပင်ပုံစံတွေလိုက်လုပ်မယ့် အစား၊ Trend ဖြစ်လာတဲ့ ဆေးရောင်ကြောင်ကြောင်ကြားကြားတွေ ဆိုးမယ့်အစား ကိုယ့်မျက်နှာနဲ့ လိုက်ဖက်တဲ့ဆံပင်ပုံစံကို ရွေးချယ်ထားတာက ပိုပြီးသင့်တော်ပါတယ်။

ဘယ်လိုအချိန်မျိုးမှာမဆို ဒိတ်အောက်မသွားဘဲ အမြဲတမ်းဆွဲဆောင်မှုရှိနေစေမယ့်အပြင် လွယ်ကူရိုးရှင်းပြီး၊ နေရာတိုင်းနဲ့လည်း လိုက်ဖက်တဲ့ ဆံပင်ပုံစံလေးတွေကို ရွေးချယ်နိုင်အောင်လို့ ပြောပြပေးပါမယ်။


Wavy Hairstyle




Source: teenvogue.com

အလွန်အမင်းပုံသွင်းထားတာမျိုးမဟုတ်ဘဲ သဘာဝကျကျ လှိုင်းတွန့်ပြေပြေလေးတွေ ကပိုကရိုကောက်ထားတဲ့ပုံစံမျိုးက ဘယ်လိုအချိန်မှာမဆို ဆွဲဆောင်မှုအရှိဆုံးဆံပင်ပုံစံဖြစ်ပါတယ်။ Wavy Hairstyle ဟာ ဘယ်လိုမျက်နှာပုံစံမျိုးနဲ့မဆို လိုက်ဖက်လှပြီး ဘယ်တော့မှလည်း ရိုးသွားမှာမဟုတ်ပါဘူး။ ဘီးလိပ်အကြီး ဒါမှမဟုတ် ကောက်စက်အကြီးကိုသုံးပြီး လှိုင်းတွန့်ခပ်ပြေပြေအကောက်လေးတွေကို ဖန်တီးနိုင်ပါတယ်။


Step Haircut




Source: A Pren De Redes

မတိုလွန်းမရှည်လွန်းဘဲ Layer ပုံစံအထပ်ထပ်ညှပ်ထားတဲ့ Step Hair တွေက အခု ၂၀၁၇ မှာ ခေတ်စားနေတဲ့ဆံပင်ပုံစံလည်းဖြစ်ပါတယ်။ ကိုယ့်ရဲ့မျက်နှာပုံစံနဲ့လိုက်ဖက်မယ့် Layer ပုံစံလေးတွေကို ကျွမ်းကျင်တဲ့ Hair Stylist နဲ့ တိုင်ပင်ပြီး ဖန်တီးနိုင်ပါတယ်။ အမြဲတမ်းဆွဲဆောင်မှုရှိနေတဲ့ ဆံပင်ပုံစံထဲမှာ Step Haircut Style ကလည်း တခုအပါအဝင်ပါပဲ။


Hair Bangs




Source: Pinterest

နဖူးပေါ် ရှေ့စမြိတ်ချထားတဲ့ ဆံပင်ပုံစံလေးကို မိန်းကလေးအချို့က ကြိုက်နှစ်သက်ကြပေမယ့် အချို့တွေကတော့ ထားဖို့ ဝန်လေးတတ်ကြပါတယ်။ ဒါပေမယ့် Bang Hairstyle နဲ့ မိန်းကလေးတွေကိုကြည့်လိုက်ရင် ချစ်စရာကောင်းလွန်းနေတာကိုတော့ ငြင်းလို့မရပါဘူး။ ဘယ်တော့မှ ရိုးမသွားမယ့် HairStyle ထဲမှာ Bang လေးတွေပါ ပါဝင်ပါတယ်။ ခုနောက်ပိုင်း ယာယီတပ်ထားလို့ရတဲ့ Bang အတုလေးတွေကို ရှေ့အတိပုံစံတွေ၊ ခပ်ချွန်ချွန်ပုံစံတွေ၊ မညီမညာဆံမြိတ်ပုံစံတွေ စသဖြင့် ဒီဇိုင်းအမျိုးမျိုးနဲ့ ဝယ်ယူလို့ရလာပြီဖြစ်တာမို့ Bang Hairstyle လေးထားချင်ပေမယ့် ကိုယ့်ရဲ့ရှေ့ ဆံပင်လေးတွေကို မညှပ်ပစ်ချင်တဲ့ ပျိုမေတို့အတွက်သတင်းကောင်းပါပဲ။


Ponytail Hairstyle




Source: Elle

ဆံပင်တအုံလုံးက ရှိသမျှ ဆံနွယ်တွေကို သိမ်းယူပြီး ခေါင်းစည်းကွင်းတခုနဲ့ တင်းတင်းစည်းနှောင်ထားတဲ့ ခပ်မြင့်မြင့်ပိုနီတေးလ်ဆံပင်ပုံစံကလည်း ဆွဲဆောင်မှုရှိတဲ့ ဆံပင်ပုံစံဖြစ်ပြီး ဘယ်တော့မှရိုးသွားမှာမဟုတ်ပါဘူး။ အပြင်သွားခါနီး ခေါင်းလျှော်ဖို့အချိန်မရခဲ့ဘူးဆိုရင် လုပ်ရတာလည်းလွယ်ကူပြီး ကျော့ရှင်းတဲ့အသွင်ကိုဖြစ်ပေါ်စေတဲ့ ဒီဆံပင်ပုံစံကို ရွေးချယ်နိုင်ပါတယ်။

ဒါတွေကတော့ ကိုယ်နဲ့လိုက်ဖက်တဲ့ ဆံပင်ပုံစံမျိုးကို ရွေးချယ်ဖန်တီးလိုတဲ့ပျိုမေတို့အတွက် ဘယ်တော့မှ ရိုးပြီး ဒိတ်အောက်မသွားတဲ့ Hair Style (၄) မျိုးပဲဖြစ်ပါတယ်။


The post

ဘယ်တော့မှရိုးမသွားဘဲ အမြဲတမ်းဆွဲဆောင်မှုရှိနေမယ့် ဆံပင်ပုံစံ (၄) မျိုး appeared first on

MyStyle Myanmar .


#ဆံပင်ပုံစံ
#ဆွဲဆောင်မှု
#Layer
#ပုံစံ
#ဆံပင်

Some text some message..