၃ ရက်အတွင်း မျက်တောင်မွှေး နဲ့ မျက်ခုံးမွှေးတွေ ထူလာစေဖို့ ရှားစောင်းလက်ပက်ကို ဒီလိုသုံးမယ်
mystylemyanmar.com
|
2020-04-05

ရှည်လျားတဲ့ မျက်တောင်မွှေး ထူပြီး လှပတဲ့ မျက်ခုံးမွှေးကို မိန်းကလေးတိုင်း လိုချင်ကြပါတယ်။ မျက်တောင်မွှေးတွေ အရှည်မြန်စေပြီး မျက်ခုံးမွှေးလည်း ထူလာစေမယ့် သဘာဝနည်းလမ်းလေးကို မျှဝေပေးချင်ပါတယ်။




ဈေးကွက်ထဲမှာ ရနေတဲ့ ကုန်ပစ္စည်းတွေကိုမသုံးဘဲ အိမ်မှာဘဲ လိမ်းမယ့် Serum လေးကို ပြုလုပ်လိုက်ရအောင်။ အမွှေးလေးတွေရဲ့ အမြစ်ကို သန်စွမ်းစေပြီး အရှည်မြန်လာစေမှာဖြစ်ပါတယ်။

ပါဝင်ပစ္စည်း




ရှားစောင်းလက်ပက် အနှစ် လက်ဖက်ရည်ဇွန်း ၁ ဇွန်း




ကြက်ဆူဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း




ဗီတာမင် E အတောင့် ၂ တောင့် (အစိမ်း (သို့) အဝါ)

ပါဝင်ပစ္စည်းတွေကို သေချာရောပြီး မွှေလိုက်ပါ။ ပြီးရင် ဘူးတစ်ခုတည်းထည့်ပြီး သိမ်းထားပါ။ ပြီးရင် Mascara ဆိုးတဲ့ အတံအသန့်နဲ့ တို့ပြီး ညအိပ်ယာမဝင်ခင်မှာ မျက်တောင်မွှေး မျက်ခုံးမွှေးတွေကို လိမ်းပြီး အိပ်ပေးပါ။ မနက်အိပ်ယာနိုးရင် မျက်နှာသစ်ချလိုက်ပါနော်။

ရှားစောင်းလက်ပက်

ရှားစောင်းလက်ပက်မှာ မျက်တောင်မွှေး နဲ့ မျက်ခုံးမွှေးတွေကို ရှင်သန်စေမယ့် ဗီတာမင်နဲ့ သတ္တုဓါတ်တွေ များစွာပါဝင်ပါတယ်။

ကွကျဆူဆီ

ကြက်ဆူဆီကလည်း မျက်တောင်မွှေး မျက်ခုံးမွှေးတွေရဲ့ အမြစ်လေးတွေကို အားဖြည့်ပေးပါတယ်။ မျက်တောင်မွှေး မျက်ခုံးမွှေးတွေ ရှင်သန်ဖို့ အဟန့်အတားဖြစ်စေတဲ့ မမြင်နိုင်တဲ့ ဘက်တီးရီးယားတွေကိုလည်း သေစေပါတယ်။


The post

၃ ရက်အတွင်း မျက်တောင်မွှေး နဲ့ မျက်ခုံးမွှေးတွေ ထူလာစေဖို့ ရှားစောင်းလက်ပက်ကို ဒီလိုသုံးမယ် appeared first on

MyStyle Myanmar .


#မျက်တောင်
#ကြက်ဆူဆီ
#လက်ဖက်ရည်ဇွန်း
#အတံ
#အရှည်

Some text some message..