ဆံပင်ပါးတာနဲ့ ဆံပင်ကျွတ်တဲ့ ပြဿနာတွေကို တစ်ပတ်အတွင်း ဖြေရှင်းနိုင်ဖို့ ကြက်ဥနဲ့ ပေါင်းတင်နည်း ၃ သွယ်
mystylemyanmar.com
|
2020-04-08

ဆံပင်ပါးနေလို့ ဆံပင်တွေခဏခဏကျွတ်နေလို့ စိတ်ညစ်နေလား။ ဒါဆိုရင်တော့ သဘာဝနည်းလမ်းလေး ၃ သွယ်ကိုမျှဝေပေးမယ်နော်။




ကြက်ဥက ဆံပင်အတွက်ဘာတွေကောင်းတယ်ဆိုတာ အရင်ပြောပြပေးမယ်နော်။




ဆံပင်ပြန်လည်ရှင်သန်စေဖို့နဲ့ ဆံနွယ်တွေကိုတောက်ပြောင်စေတဲ့ ပရိုတင်းနဲ့ ဗီတာမင်ဓါတ်တွေအများအပြားပါဝင်ပါတယ်။ ဒါ့ကြောင့် ဆံပင်ကျွတ်တာကို အထိရောက်ဆုံးကုသပေးနိုင်ပါတယ်။ ဒါ့အပြင် အိုင်အိုဒင်း၊ ဖော့စဖော့ရပ်၊ ဆီလီနီယမ်၊ သံဓါတ်တွေပါဝင်လို့ ကျွတ်သွားတဲ့ ဆံပင်တွေကို ပြန်လည်ရှင်သန်စေပါတယ်။

UV ဒဏ်ကနေကာကွယ်ပေးတဲ့ ဗီတာမင် E ကြွယ်ဝစွာပါဝင်လို့ ဆံသားပျက်ဆီးခြင်းကို ကာကွယ်ပေးမှာပါ။ ဆံပင်ရဲ့အမြစ်လေးတွေကိုအားဖြည့်ပေးတဲ့ ဗီတာမင် B7 ပါဝင်ပြီး ဆံကေသာကို သန်စွမ်းစေပါတယ်။ ဦးရေပြားယားယံတာ ဆံသားခြောက်သွေ့တာတွေကိုလည်း သက်သာစေပါတယ်။ ပြုလုပ်နည်း ၃မျိုးကို ဆက်ပြီး မျှဝေပေးမယ်နော်။


၁။ ကြက်ဥနဲ့သံလွင်ဆီ





ဆံပင်ကျွတ်တာကို ထိန်းချုပ်နိုင်ဖို့ ကြက်ဥနဲ့ သံလွင်ဆီ ကိုသုံးပေးပါ။ ကြက်ဥ (၁) လုံးနဲ့ သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းကိုရောပြီးသေချာမွှေပေးပါ။ အရင်းဆုံးကြက်ဥကို နာနာခလောက်ပေးရမှာပါ။ ပြီးရင် ဦးရေပြားပေါ်လိမ်းပေးပြီး မိနစ် ၂၀ ကနေ နာရီဝက်ထိထားပါ။ ပြီးရင် ခေါင်းလျှော်ရည်နဲ့လျှော်ချပါ။


၂။ ကြက်ဥအနှစ်နဲ့ သံပုရာရည်




ဆံပင်ကျွတ်တာကိုသက်သာစေပြီး ဆံသားတွေကို ပြန်လည်ထူလာစေဖို့ ကြက်ဥ အနှစ် ၂ လုံးနဲ့ သံပုရည်ရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းကို သေချာမွှေပါ။ အရင်းဆုံးကြက်ဥကို နာနာခလောက်ပေးရမှာပါ။ ပြီးရင် ဆံပင်အမြစ်ကနေ အဖြားထိလိမ်းပေးပါ။ အဲဒီနောက် မိနစ် ၃၀ လောက်ထားပြီး ခေါင်းလျှော်ရည်နဲ့လျှော်ချပါ။ တစ်ပတ်ကို ၃ ကြိမ်လုပ်ပေးပါ။


၃။ ကြက်ဥအနှစ်၊ သံလွင်ဆီနဲ့ပျားရည်





ဆံသးပျက်ဆီးခြင်းကို ပြန်လည်ရှင်သန်စေပြီး ဆံသားခြောက်သွေ့တာတွေကိုသက်သာစေဖို့အတွက် ကြက်ဥအနှစ် ၂ လုံး၊ သံလွင်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း၊ ပျားရည် စားပွဲတင်ဇွန်း ၃ ဇွန်းကို သေချာမွှေပါ။ အရင်းဆုံးကြက်ဥကို နာနာခလောက်ပေးရမှာပါ။ အဲဒီနောက် ဦးရေပြားနဲ့ ဆံပင်အမြစ်ကနေ အဖြားထိလိမ်းပေးပြီး မိနစ် ၃၀ လောက်ထားပါ။ ပြီးရင်ရေခပ်နွေးနွေး ခေါင်းလျှော်ရည်နဲ့ လျှော်ချပေးပါ။ တစ်ပတ်ကို ၃ ကြိမ် ဖြစ်ပြီး ၁ လတိတိဆိုရင် ဆံသားတွေတောက်ပြောင်သန်စွမ်းလာမှာပါ။


The post

ဆံပင်ပါးတာနဲ့ ဆံပင်ကျွတ်တဲ့ ပြဿနာတွေကို တစ်ပတ်အတွင်း ဖြေရှင်းနိုင်ဖို့ ကြက်ဥနဲ့ ပေါင်းတင်နည်း ၃ သွယ် appeared first on

MyStyle Myanmar .


#ကြက်ဥ
#ဆံပင်
#သံလွင်ဆီ
#ဆံပင်ကျွတ်
#ခလောက်

Some text some message..