မျက်နှာပုံစံနဲ့ လိုက်ဖက်တဲ့ မျက်မှန်ကို ဘယ်လိုရွေးချယ်မလဲ
mystylemyanmar.com
|
2020-04-09

နေကာမျက်မှန်ပဲဖြစ်ဖြစ်၊ ပါဝါမျက်မှန်ပဲဖြစ်ဖြစ် ရွေးချယ်မယ်ဆိုရင် ကိုယ့်မျက်နှာနဲ့ လိုက်ဖက်တဲ့ မျက်မှန် ပုံစံကို ရွေးချယ်ဖို့လိုအပ်ပါတယ်။ အဲဒီလို ရွေးချယ်နိုင်အောင်လို့ MyStyle Myanmar က ရွေးချယ်တင်ပြပေးသွားမှာဖြစ်ပါတယ်။


မျက်နှာပုံစံကို ဘယ်လိုဆုံးဖြတ်မလဲ




မှန်ကိုကြည့်လိုက်ပြီး နှုတ်ခမ်းနီတစ်ဆောင့်ယူလိုက်ပါ။ ပြီးရင် မျက်နှာပုံကို နှုတ်ခမ်းနီ စက်နဲ့ ဖော်လိုက်ပါ။ အရင်ဆုံး မေးရိုးကနေစပြီး ဆံပင်ထိတ်နားထိ ဆွဲပါ။

၁။ မျက်နှာဝိုင်းဝိုင်း




သင့်မျက်နှာဟာ ဝိုင်းဝိုင်းလေးဖြစ်နေတယ်ဆိုရင်တော့ ဘယ်လိုမျက်မှန်တပ်ရမလဲဆိုတာ ကြည့်လိုက်ဦးနော်။




သင်ဟာ မျက်မှန်ဝိုင်းဝိုင်၊ ဘောင်ကျဉ်းကျဉ်းတွေနဲ့ မလိုက်ပါဘူး။ မျက်လုံးမွှေးကို ဖုံးနေတဲ့ မျက်မှန်နဲ့လည်း မလိုက်ဖက်ပါဘူး။

၂။ ဘဲဥပုံမျက်နှာ




သင့်မျက်နှာက ဘဲဥပုံမျက်နှာမျိုးရှိရင်တော့ လိပ်ပြာပုံ မျက်မှန်၊ ဒီဇိုင်းမျိုးတွေနဲ့ လိုက်ဖက်ပါတယ်။




မျက်မှန်ကိုင်းထူထူ၊ မျက်မှန်ဘောင်အရမ်းကျယ်တာ၊ အရမ်းကျဉ်းတာမျိုးနဲ့ မလိုက်ဖက်ပါဘူး။

၃။ လေးထောင့်ဆန်တဲ့မျက်နှာ




လေ့ထောင့်ဆန်တဲ့မျက်နှာပုံစံဟာ မျက်မှန်ကြီးကြီးတွေနဲ့ လိုက်ဖက်ပါတယ်။ မျက်မှန်အဝိုင်းလေးတွေ၊ ဘောင်သိပ်မပါတဲ့ မျက်မှန်တွေနဲ့ လိုက်ဖက်ပါတယ်။




မလိုက်တာကတော့ လေးထောင့်ဆန်တဲ့မျက်မှန်တွေ၊ ဘောင်ကျဉ်းကျဉ်းတွေ၊ သင့်မျက်နှာထက် ပိုပြီး ကျယ်နေတဲ့ မျက်မှန်တွေနဲ့ မလိုက်ပါဘူး။

၄။ စတုဂံပုံစံမျက်နှာ




သင့်မျက်နှာပုံစံဟာ အခုပုံမှာပြထားသလို စတုဂံပုံစံဖြစ်နေရင်တော့ သင့်ဟာ ဘောင်ကြီးကြီးတွေ၊ မျက်မှန်ဝိုင်းဝိုင်းတွေနဲ့ လက်ဖက်ပါတယ်။




ဘောင်ကျဉ်းတဲ့မျက်မှန်၊ သေးတဲ့မျက်မှန်တွေ၊ အရောင်တောက်တဲ့ မျက်မှန်တွေနဲ့ မလိုက်ဖက်ပါဘူး။

၅။ အသည်းပုံ မျက်နှာ




အသည်းပုံမျက်နှာပုံစံနဲ့ သူတွေဟာ မျက်မှန်ဝိုင်းဝိုင်းတွေ၊ မျက်မှန်ဘောင်ကျဉ်းကျဉ်းတွေနဲ့ လိုကဖက်သလို၊ ဘောင်မပါတဲ့ မျက်မှန်တွေနဲ့လည်း လိုက်ဖက်ပါတယ်။




အရမ်းကြီးပြီး ထူတဲ့ မျက်မှန်ကိုင်းတွေ၊ ချွန်တဲ့ မျက်မှန်ကိုင်းတွေ၊ မျက်ခုံးမွှေးကို ဖုံးတဲ့ မျက်မှန်ကိုင်းတွေနဲ့ လိုက်ဖက်မှုမရှိပါဘူး။

၆။ တြိဂံပုံစံမျက်နှာ




ပါးပြင်နှစ်ဖက်ဘေးအရမ်းကားတဲ့ တြိဂံ မျက်နှာပိုင်ရှင်မျိုးတွေကတော့ မျက်မှန်ဝိုင်းဝိုင်းတွေနဲ့ လိုက်ဖက်ပါတယ်။


မျက်မှန်ကိုင်းအပေါ်က ဘေးထောင့်ဆန်သလိုရှိပြီး အောက်ဖက်က ဝိုင်းသွားတဲ့ မျက်မှန်မျိုးနဲ့လည်း လိုက်ဖက်ပါတယ်။

မျက်မှန်ဘောင်ကျဉ်းကျဉ်းတွေ၊ လေးထောင့်အရမ်းဆန်တဲ့ မျက်မှန်တွေနဲ့ မလိုက်ဖက်ပါဘူး။


The post

မျက်နှာပုံစံနဲ့ လိုက်ဖက်တဲ့ မျက်မှန်ကို ဘယ်လိုရွေးချယ်မလဲ appeared first on

MyStyle Myanmar .


#မျက်မှန်
#မျက်နှာ
#လေးထောင့်
#ပုံစံ
#စတုဂံ

Some text some message..