လွယ်ကူရိုးရှင်းတဲ့ Home made face masks ပြုလုပ်တဲ့ နည်းလမ်းများ
lifestylemyanmar.com
|
2020-04-26



အသားအရည်ထိန်းသိမ်းဖို့ အချိန်မရှိတဲ့ သူတွေအတွက် ညအိပ်ရာဝင်တဲ့အခါ face masks တွေကို အသုံးပြုပြီး အသားအရည်ထိန်းသိမ်းမှုတွေကို လုပ်ဆောင်ပေးလို့ရပါတယ်။ အသားအရည်ထိန်သိမ်းဖို့အတွက် အိမ်မှာရှိတဲ့ ပစ္စည်းလေးတွေနဲ့ home made face masks ပြုလုပ်တဲ့နည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Turmeric and milk mask




နနွင်းနဲ့ နို့ ကို အသုံးပြုပြီး အသားအရည်ထိန်းသိမ်းမှုပြုလုပ်တာက အကျိုးများစွာရရှိနိုင်ပါတယ်။ မျက်နှာအသားအရည်ကို ရေဓါတ်ပြန်လည်ဖြည့်တင်းပေးပြီး သဘာဝအတိုင်းချောမွေ့လှပတဲ့ အသားအရည်ကို ပိုင်ဆိုင်နိုင်ပါတယ်။ နို့ လက်ဖက်ရည်ဇွန်း ၂ ဇွန်းမှာ နနွင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ရောနှောပေါင်းစပ်ပြီး အသုံးပြုနိုင်ပါတယ်။

Tomato mask




ခရမ်းချဉ်သီးမှာ ခန္ဓာကိုယ်က အညစ်အကြေးတွေကို သန့်စင်ပေးနိုင်တဲ့ ဂုဏ်သတ္တိတွေရှိပြီး ချွေးပေါက်တွေနဲ့ အမဲစက်တွေကို လျော့ချပေးဖို့ကူညီပေးပါတယ်။ အသုံးပြုဖို့ နည်းလမ်းကတော့ ခရမ်းချဉ်သီး အနှစ် ၄ ဇွန်းမှာ နို့ ၂ ဇွန်းရောစပ်ပြီး အသုံးပြုနိုင်ပါတယ်။

Lemon honey mask




Lemon မှာ ဗီတာမင်-စီ ကြွယ်ဝစွာပါရှိပါတယ်။ ၎င်းဟာ အရေပြားမှ အညစ်အကြေးတွေကို လျော့ချပေးပြီး မျက်နှာကို ကြည်လင်ဝင်းပစေပါတယ်။ Lemon juice ၂ ဇွန်း ကို ပျားရည် ၁ ဇွန်းရောနှောပြီး အသုံးပြုနိုင်ပါတယ်။

Coconut oil mask




အုန်းဆီသည် အသားအရည်ကို နက်ရှိုင်းစွာ သန့်စင်စေပါတယ်။ ၎င်းကို Tea tree oil နဲ့ ရောနှောအသုံးပြုပါက ပိုပြီးထိရောက်စွာ အကျိုးရှိစေပါတယ်။ Tea tree oil ဟာ ဆားဝက်ခြံတွေနဲ့ ဝက်ခြံကြောင့်ဖြစ်တဲ့ အမဲစက်တွေကို ပျောက်ကင်းစေနိုင်တဲ့ ဂုဏ်သတ္တိရှိပါတယ်။ အုန်းဆီ ၁ ဇွန်း မှာ လက်ဖက်အဆီ တစ်စက်နှစ်စက် ရောနှောပြီး အသုံးပြုနိုင်ပါတယ်။

Aloe vera and vitamin E mask




အသားအရည်ထိန်းသိမ်းဖို့အတွက် ရှားစောင်းလက်ပတ်ရဲ့ အကျိုးကျေးဇူးတွေကို အားလုံးသိကြပါတယ်။ ဝက်ခြံကို တိုက်ဖျက်ဖို့နဲ့ ရေဓါတ်ပြန်လည်ဖြည့်ဆည်းဖို့ အစရှိတာတွေမှာ ရှားစောင်းလက်ပတ်ဟာ အမြဲတမ်း ထိပ်ဆုံးမှာရှိပါတယ်။ ၎င်းကို ဗီတာမင်-အီး နဲ့ ရောစပ်ပြီး အသုံးပြုပါက ပိုပြီး အကျိုးထူးစေပါတယ်။ ရှားစောင်းလက်ပတ် ၁ဇွန်းကို ဗီတာမင်-အီး ဆေးတောင့်နှစ်တောင့် ရောစပ်ပြီး အသုံးပြုနိုင်ပါတယ်။

#Lifestyle_myanmar

#Dmo_aung

#Ref-scoopwhoop


#အသားအရည်
#လက်ပတ်
#ဝက်ခြံ
#ဂုဏ်သတ္တိ
#အုန်းဆီ

Some text some message..