ဆံပင်ဂုတ်ဝဲနဲ့ကောင်မလေးတွေအတွက် မြန်မာဝတ်စုံနဲ့လိုက်ဖက်တဲ့ဆံပင်ပြင်ဆင်ပုံ (၇) မျိုး
mystylemyanmar.com
|
2020-05-10

ဆံပင်ဂုတ်ဝဲလေးတွေဆိုရင် ဆံပင်သိပ်ပြင်ဆင်လို့မရဘူးလို့ ထင်နေကြတာများပါတယ်။ ဒါပေမယ့် ဆံပင်ဘယ်လောက်တိုတို ချစ်စရာကောင်းအောင်၊ လှပအောင်ပြင်ဆင်လို့ရတဲ့ ဆံပင်ပြင်ဆင်နည်းတွေ အများကြီးရှိပါတယ်။ ဒါကြောင့် ဆံပင်ဂုတ်ဝဲနဲ့ကောင်မလေးတွေအတွက် မြန်မာဝတ်စုံလေးတွေနဲ့ လိုက်ဖက်တဲ့ ဆံပင်ပြင်ဆင်ပုံ (၇) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ လုပ်ပုံလုပ်နည်း အဆင့်ဆင့်တွေကိုပြပေးထားတာဖြစ်လို့ လိုက်လုပ်ရတာ အဆင်ပြေမယ်လို့ ထင်ပါတယ်။

ပထမဆုံးဆံပင်ပြင်ဆင်ပုံလေးဆိုရင် တစ်ဆင့်ချင်းလုပ်ပြသွားတာလေးတွေကို ကြည့်မယ်ဆိုရင် လွယ်ကူပါတယ်။ ဒီလိုဆံပင်ပုံစံလေးဆိုရင် မြန်မာဝတ်စုံလေးတွေနဲ့ အရမ်းလိုက်ဖက်ပါတယ်။ တခြားချစ်စရာကောင်းတဲ့ဖက်ရှင်လေးတွေနဲ့လည်း လိုက်ဖက်တဲ့ဆံပင်ပုံလေးပါ။




ဆံပင်တိုရင်လည်း အခုလိုမျိုး ဆံပင်ကိုပုံစံအမျိုးမျိုး ပြင်လို့ရပါတယ်။ တစ်ဝက်လေးစည်းပြီး ပြင်ပြထားတာလေးက လုပ်ရတာလည်းလွယ်ကူသလို အရမ်းလည်းချစ်စရာကောင်းပြီး လှပတဲ့ပုံလေးပါ။ ဘယ်လိုဖက်ရှင်မျိုးနဲ့မဆို လိုက်ဖက်မှုရှိစေပါတယ်။




ဆံပင်ဂုတ်ဝဲလေးကို ကျစ်ဆံမြီးလေးကျစ်ပြီးတော့လည်း ဆံထုံးထုံးလို့ရပါသေးတယ်။ ဆံပင်တိုရင် သိပ်ပြင်လို့မရဘူးလို့ထင်ထားတာ။ အခုတော့ ဆံထုံးပါထုံးလို့ရတယ်ဆိုတော့ ကျေနပ်စရာပါပဲ။ ပြင်ထားတာလေးကလည်း အရမ်းလှပလို့ မိန်းကလေးတိုင်း သဘောကျမယ်လို့ ထင်ပါတယ်။




တစ်ဝက်စည်းပြီးပြင်တာကိုမှ ပိုပြီးဒီဇိုင်းဆန်းသွားအောင် ဒီလိုလေးလည်း ပြင်လို့ရပါသေးတယ်။ ဒီဇိုင်းလေးလည်းဆန်းပြီး လှပတဲ့ဒီဆံပင်ပုံစံလေးကတော့ ဘယ်လိုဖက်ရှင်မျိုးနဲ့မဆို လိုက်ဖက်ပါတယ်။ ပွဲတွေသွားရင်တောင် ပြင်သွားလို့ရပါသေးတယ်။




ဆံပင်ကို ဟိုဘက်၊ ဒီဘက်လိမ်ယူပြီး အနောက်မှာစုပြီးစည်းလိုက်တဲ့ ဒီဆံပင်ပုံလေးကတော့ ရိုးရှင်းပြီးချစ်စရာလည်း ကောင်းပါတယ်။ မြန်မာဝတ်စုံလေးတွေနဲ့ဆို အရမ်းလိုက်ဖက်ပါတယ်။




ဆံပင်ကို ပုံစံလေးဆန်းသွားအောင် ဒီလိုပြင်ပြီး အောက်နားလေးတွေကို ကောက်သွားလို့တောင် ရပါသေးတယ်။ ပုံမှန်အချိန်တွေဆို ဒီတိုင်းလေးပြင်သွားပြီး ပွဲတွေသွားစရာရှိတဲ့အခါမှ ဆံပင်ကိုကောက်သွားလို့ရပါတယ်။




ဘာမှသိပ်မပြင်ချင်ဘူး ရိုးရိုးလေးပဲပြင်ချင်တယ်ဆိုရင်တော့ ဒီဆံပင်ပြင်ဆင်ပုံလေးကိုသာ ရွေးချယ်လိုက်ပါ။ ရိုးရိုးလေးနဲ့ ချစ်စရာကောင်းနေလို့ မြန်မာဝတ်စုံလေးတွေနဲ့ အရမ်းလိုက်ဖက်ပါတယ်။




Photo Source: www.pinterest.com


The post

ဆံပင်ဂုတ်ဝဲနဲ့ကောင်မလေးတွေအတွက် မြန်မာဝတ်စုံနဲ့လိုက်ဖက်တဲ့ဆံပင်ပြင်ဆင်ပုံ (၇) မျိုး appeared first on

MyStyle Myanmar .


#ဆံပင်
#ချစ်စရာ
#ဝတ်စုံ
#ပင်ကို
#ဆံထုံး

Some text some message..