ပုရိသအကြိုက် မိန်းမသားတို့ရဲ့ဖက်ရှင်
moda.com.mm
|
2020-05-16

မိန်းကလေးတိုင်းမှာ သူ့အလှနဲ့သူ အလှကိုယ်စီရှိကြသလို ယောက်ျားလေးတွေအနေနဲ့လည်း အဲဒီလှပမှူအပေါ်မှာ မတူညီတဲ့ အမြင်အမျိုးမျိုးရှိကြပါတယ်။ ပိန်မှလှတယ်လို့ထင်တဲ့ယောက်ျားလေးရှိသလို ၀၀ပြည့်ပြည့်လေးကိုမှသဘောကျတဲ့ယောက်ျားလေးလည်းရှိပါတယ်။ ကိုယ့်ရဲ့ခန္ဓာကိုယ်ဟာ ဘယ်လိုပုံစံမျိုးပဲဖြစ်နေပါစေ ပင်ကိုယ်အလှတရားနဲ့ ရှိရင်းစွဲဖြစ်တည်မှူအပေါ်မှာတော့ ယုံကြည်ချက်အကောင်းဆုံးထားဖို့လိုပါတယ်။အဲဒီလို ကိုယ့်ရဲ့ဆွဲဆောင်မှူရှိတဲ့အလှတရားကို ယုံကြည်ချက်ရှိရှိ ပြသတဲ့အခါမှာလည်း ဖော်မှချွတ်မှ အဲဒီအလှကိုမြင်ရမှာမဟုတ်ပဲ ရိုးရိုးရှင်းရှင်းနဲ့ ကိုယ့်ရဲ့ဆွဲဆောင်အားကိုဖော်ပြနိုင်တဲ့ ဝတ်စားဆင်ယင်မှူပုံစံတွေအများကြီးရှိပါတယ်။ ဒီထဲကမှ အမျိုးသားတွေတညီတညွတ်တည်းလက်ခံထားတဲ့ အမျိုးသမီးလေးတွေရဲ့ ဆွဲဆောင်အားကိုဖော်ကျူးနိုင်တဲ့ Outfit တချို့က ဘာတွေများဖြစ်မလဲဆိုတာ တချက်လေ့လာကြည့်လိုက်ရအောင်နော်။


(1) ပခုံးကျအင်္ကျီ




မိန်းကလေးတွေအနေနဲ့ ပခုံးကျအင်္ကျီလေးတွေဟာ အရမ်းကိုလိုက်ဖက်ပြီး အမြင်မရိုင်းပဲ ဆွဲဆောင်မှူရှိစေတဲ့ Outfit မျိုးထဲမှာပါဝင်ပါတယ်။ ပခုံးရဲ့အလှရော နောက်ကျောရဲ့အလှကိုပါ ပေါ်လွင်စေပြီး လူကိုလည်းပိုပြီးပိန်သွယ်သယောင်အမြင်ရောက်စေပါတယ်။ ခပ်သွယ်သွယ်နဲ့ Sexy Bone ရှိတဲ့မိန်းကလေးမျိုးတွေဆိုရင်တော့ ပခုံးကျအင်္ကျီကို ပိုလို့တောင်ရွေးချယ်သင့်ပါတယ်။

bYSI OFF SHOULDER BLOUSE


ဝင်ရောက်ကြည့်ရှုရန် Link - bYSI Off Shoulder Blouse

ဝင်ရောက်ကြည့်ရှုရန် Link - bYSI Off Shoulder Blouse
(2) မီနီစကတ်




ပေါင်အလယ်လောက်ထိသာရှိတဲ့ Mini Skirt လေးတွေဟာ ပုရိသတွေကိုကောင်းကောင်းဆွဲဆောင်နိုင်တဲ့သော့ချက်တစ်ခုပါပဲ။ကိုယ့်ရဲ့ခြေတံကိုလည်းပိုရှည်သယောင်အမြင်ရောက်စေပြီး ခြေလှမ်းလှုပ်ရှားမှူတိုင်းက ပုရိသတွေရဲ့ရင်ကို တဒုန်းဒုန်းဖြစ်စေမှာပါ။ဒါအပြင် ခပ်ကြပ်ကြပ် Mini Skirt လေးတွေရဲ့ ထူးခြားချက်က တင်ကိုလည်းပင့်တင်ပေးထားနိုင်ပါတယ်တဲ့။

FORCAST Cassidy Check Mini Skirt


ဝင်ရောက်ကြည့်ရှုရန် Link - FORECAST Classidy Check Mini Skirt

ဝင်ရောက်ကြည့်ရှုရန် Link - FORECAST Classidy Check Mini Skirt
(3) ကမ်းခြေဂါဝန်




ကမ်းခြေဂါဝန်ဆိုတဲ့ ပေါ့ပေါ့ပါးပါးဂါဝန်လေးတွေဟာလည်း ပုရိသတွေကိုရင်ဖိုစေတဲ့ ညှို့အားတွေအများကြီးပါဝင်ပါတယ်။ ဝတ်ထားရင် ရှင်းရှင်းလေးနဲ့ အမြင်မရိုင်းပဲလှသလို မိန်းမသားလည်းအရမ်းဆန်ပါတယ်။ ခုလိုနွေနေပူပူမှာ ရာသီဥတုနဲ့လည်းလိုက်ဖက်ပြီး ရိုးရိုးလေးနဲ့ ဆွဲဆောင်မှူရှိတဲ့အလှကိုလိုချင်ရင်တော့ ကမ်းခြေဂါဝန်လေးတွေကိုသာရွေးချယ်လိုက်ပါလို့ အကြံပြုပါရစေ။

MDS Myanmar Delry Ruffled-Hem Dress in Cream Floral


ဝင်ရောက်ကြည့်ရှုရန် Link - MDS Myanmar Delry Ruffled-Hem Dress in Cream Floral

ဝင်ရောက်ကြည့်ရှုရန် Link - MDS Myanmar Delry Ruffled-Hem Dress in Cream Floral
(4) Crop-top အင်္ကျီ




ဖော်ချွတ်ပြနေစရာမလို အမြင်လည်းလုံးဝမရိုင်းပဲ ဆွဲဆောင်မှူရှိတဲ့ နောက်ထပ် Outfit တစ်မျိုးကိုပြပါဆိုရင်တော့ Crop-top အင်္ကျီလေးတွေကိုပဲ ညွှန်းရပါလိမ့်မယ်။ ကိုယ့်ရဲ့လှုပ်ရှားမှူအရ တစ်ချက်တစ်ချက်လှစ်ဟသွားနိုင်တဲ့အချက်ကပဲဆွဲဆောင်မှူတစ်ခုကိုပိုဖြစ်စေသလို ခန္ဓာကိုယ်ကိုလည်း အချိုးကျနလှပတယ်ဆိုတဲ့ အမြင်မျိုးကိုပိုရောက်စေနိုင်ပါတယ်။ ဒါကြောင့်မို့လို့ လူငယ်ဆန်ပြီး ဆွဲဆောင်မှူရှိရှိ သွက်လက်ခေတ်မီတဲ့ Style မျိုးကိုလိုချင်ရင်တော့ Crop-top လေးတွေကို ရွေးချယ်ဖို့မမေ့ပါနဲ့ ။

Flamingos Stripe Girl Crop Top Long Sleeve


ဝင်ရောက်ကြည့်ရှုရန် Link - Flamigo Stripe Girl Crop Top Long Sleeve
(5)Black Work-out Pant (ကိုယ်ကြပ်အားကစားဘောင်းဘီအနက်)




အားကစားလုပ်ရာမှာပဲဖြစ်ဖြစ် Gym ဆော့ရာမှာပဲဖြစ်ဖြစ်ဝတ်တတ်တဲ့ Work-out Pant လေးတွေဟာလည်း ပုရိသတွေအမြင်မှာ တစ်မျိုးတစ်ဖုံ ဆွဲဆောင်မှူကိုဖြစ်စေမှာပါတဲ့ ။ အမြင်လည်းလုံးဝမရိုင်း လုံလည်းလုံခြုံတဲ့အပြင် မိန်းကလေးတစ်ယောက် Work-out Pant ဝတ်ထားရင်ကို ထူးထူးခြားခြားဆွဲဆောင်မှူရှိနေတယ်လို့ဆိုကြပါတယ်။ အကြောင်းကတော့ Work-out Pant တွေဟာ ခန္ဓာကိုယ်အချိုးအစားကိုပေါ်လွင်စေတဲ့အပြင် တင်နဲ့ ခြေထောက်ကိုလည်း ပုံစံကျနအောင် အလိုလိုထိန်းပေးထားနိုင်တဲ့အတွက်ပါပဲ။ ဒီဘောင်းဘီမျိုးကိုဝတ်ဆင်တဲ့အခါ အထူးသဖြင့် အနက်ရောင်ကိုဦးစားပေးရွေးချယ်စေချင်ပါတယ်။ အကြောင်းကတော့ အနက်ရောင်က ခန္ဓာကိုယ်ကိုပိုပြီးသွယ်လျတယ်လို့ အမြင်ရောက်စေတာကြောင့်ပါ။ ဒါကြောင့်မို့ Gym သွားတဲ့အခါမှာပဲဖြစ်ဖြစ် အပြေးလေ့ကျင့်တဲ့အခါမှာပဲဖြစ်ဖြစ် အမိုက်စား Work-out Pant အမည်းလေးကို စတိုင်လ်ကျကျဝတ်ပြီး Confident အပြည့်နဲ့ ဆွဲဆောင်မှူရှိတဲ့ ကောင်မလေးတစ်ယောက်အဖြစ် ရဲရဲဝံ့ဝံ့လျှောက်လှမ်းလိုက်ရအောင်နော်။

Adidas WC90 Tight


ဝင်ရောက်ကြည့်ရှုရန် Link - Adidas WC90 Tight

ဝင်ရောက်ကြည့်ရှုရန် Link - Adidas WC90 Tight

Photo Credit Tp The Rightful Owners


#အမြင်
#အင်္ကျီ
#ပခုံး
#အလှ
#ယောက်ျားလေး

Some text some message..