နွားနို့(သို့)နို့ရည်ဖြင့် အသားအရေ ထိန်းသိမ်းနည်း
trend.com.mm
|
2020-05-22

နွားနို့မှာ အာဟာရဓာတ်တွေ များစွာပါရှိတဲ့အပြင် အလှအပအတွက်လည်း များစွာ အသုံးဝင်ပါတယ်။ဒါကြောင့် နွားနို့နဲ့ အလှအပထိန်းသိမ်းလို့ရတဲ့ နည်းလမ်းတွေကိုပြောပြလိုက်ပါတယ်။
၁) နွားနို့နှင့် မျက်နှာပေါင်းတင်မယ်။
ခွက်တစ်ခွက်ထဲကို နွားနို့ ထမင်းစားဇွန်း ၂ ဇွန်းထည့်ပြီး ပျားရည်၊ သံပုရာရည်၊ မုန့်ဖုတ်ဆိုဒါတွေကို သင့်တင့်သလောက်ထည့်ကာ ရောမွှေရပါမယ်။မွှေပြီးနောက် ဗီတာမင်အီး ဆေးလုံးတစ်လုံးလောက်ကို ဖောက်ထည့်ပြီး ရောမွှေပါ။
ပြီးရင်တော့ မျက်နှာပေါ်မှာ ခပ်ပါးပါးလိမ်းပြီး ၁၅ မိနစ်ခန့်လောက် ထားပေးပါ။
အချိန်ပြည့်သွားရင်တော့ ရေခပ်နွေးနွေးလေးဖြင့် မျက်နှာသစ်လိုက်ပါ။ ဒီလိုမျိုးလုပ်ပေးခြင်းကြောင့် မျက်နှာအသားအရေချောမွေ့စေပြီး ကြည်လင်နေပါလိမ့်မယ်။



၂) မျက်နှာသန့်စင်တဲ့ ပစ္စည်းအဖြစ်အသုံးပြုခြင်း
နွားနို့အစိမ်းကို ချည်သားအဝတ်သန့်(သို့) ဂွမ်းလုံးလေးနဲ့ မျက်နှာလည်ပင်းတလျှောက်သေချာလေးတို့ ပေးပါ။
ထို့နောက်မှာ ၅ မိနစ်ကနေ ၁၀ မိနစ်လောက်ထားပါ။ အချိန်ပြည့်သွားရင်တော့ ရေနွေးနွေးလေးဖြင့် ဆေးချလိုက်ပါ။ဒီလိုမျိုးပြုလုပ်ခြင်းကြောင့် အရေပြားပေါ်က ဆဲလ်သေတွေနှင့် မည်းညစ်နေတာတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အရေပြားပေါ်က မွှေးညင်းပေါက်လေးတွေကို ပွင့်စေတဲ့အတွက် ဆားဝက်ခြံနှင့် ဝက်ခြံတွေကို မဖြစ်လာအောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။


၃) အစိုဓာတ်အားဖြည့်ပစ္စည်းအဖြစ်သုံးနိုင်ခြင်း
အသားအရေခြောက်သွေ့ခြင်း၊ အရေပြားမှာ အကြေးခွံထသလိုဖြစ်ပြီး အရေပြားကြမ်းတာတွေအတွက် နွားနို့နှင့် ငှက်ပျောသီးမှည့်ကို ရောချေကာ ဖြစ်နေတဲ့နေရာတွေပေါ်မှာ လိမ်းပေးခြင်းဖြင့် အရေပြားခြောက်သွေ့တာ၊အရေပြားကြမ်းတာတွေကို သက်သာပျောက်ကင်းစေပါတယ်။



၄) အရေပြားအညစ်အကြေးတွေ၊ ဆဲလ်သေတွေကို ဖယ်ရှားပေးတဲ့ပစ္စည်းအဖြစ် သုံးနိုင်ခြင်း
နွားနို့တစ်ခွက်နှင့် ကွေကာအုပ်အကြမ်းမှုန့် ၃ ဇွန်းဖြင့် ရောမွှေပြီး အရေပြားပေါ်ညင်သာစွာ ပွတ်ပေးပါ။ ပြီးလျှင်၁၀ မိနစ်ခန့်ထားပြီး ရေနွေးနွေးဖြင့် မျက်နှာသစ်လိုက်ပါ။ အခုလိုလုပ်ပေးခြင်းကြောင့် အရေပြားပေါ်ကဆဲလ်သေတွေနှင့် အညစ်အကြေး အမည်းစက်၊အမည်းကွက်တွေကို ဖယ်ရှားပေးနိုင်မှာပါ။


Ref;HEALTHGROUP

၃)


#အရေပြား
#နွားနို့
#ဆဲလ်
#မျက်နှာ
#မျက်နှာသစ်

Some text some message..