ဆံပင်အရှည်နှေးလို့ စိတ်ညစ်နေသူများအတွက် အရှည်မြန်စေမယ့် သဘာဝ Hair Mask
mystylemyanmar.com
|
2020-05-25

ဆံပင်တွေရှည်တာ နှေးနေလို့ စိတ်ညစ်နေသူတွေအတွက် လွယ်ကူစေမယ့် နည်းလမ်းလေးတစ်ခု မျှဝေပါရစေ။

အဓိက ပါဝင်တဲ့ အရာကတော့ ဂျင်းပါ။ ဂျင်းကတော့ အိမ်တိုင်းလိုလိုမှာ ရှိကြတဲ့အတွက် ခက်ခဲမယ့်အရာတော့ မဟုတ်ပါဘူး။ ဂျင်းဟာ အပူလို့သိထားတဲ့အတွက် ဟုတ်ပါ့မလားလို့ သံသယစိတ်တော့ရှိမှာပါ။ ဂျင်းဟာ သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီး ဆံပင်ကျွတ်သက်သာစေဖို့အတွက် အခုဆိုရင် ဂျင်းနဲ့အထူးပြုလုပ်ထားတဲ့ ခေါင်းလျှော်ရည်အချို့တောင်ရှိပါတယ်။




အခု ပြုလုပ်မယ့်နည်းလေးကတော့ အခြားပါဝင်ပစ္စည်းတွေပါထည့်ပြီး Hair Mask လေးလုပ်ပါမယ်။


ပါဝင်ပစ္စည်းတွေကတော့

– ဂျင်း

– ထောပတ်သီးအဆီ (ထောပတ်သီးအနှစ်လည်းရပါတယ်)

– သံပုရာရည်

– အုန်းဆီ



အဆင့် ၁

ဂျင်းတစ်တက်ကို အခွံနွှာပြီး သေးသေးလေးတွေ လုပ်ပါ။ ဂျင်းအမှုန့်ဆိုရင်လည်း ရပါတယ်။ ဂျင်းအစိုဆိုရင်တော့ ထောင်းပြီး အရည်ညှစ်ယူပါ။



အဆင့် ၂

ဂျင်းရည်ထဲကို ထောပတ်သီး စားပွဲတင်ဇွန်း ၁ ဇွန်း ထည့်ရောပါ။ ထောပတ်သီးဟာ ဗီတာမင်ဘီ၊ အမိုင်နိုအက်ဆစ်နဲ့ အခြားဓာတ်တွေပါဝင်တာကြောင့် ဆံသားကို နူးညံ့စေနိုင်ပါတယ်။



အဆင့် ၃

အုန်းဆီ လက်ဖက်ရည်ပန်းကန်လုံး တစ်ဝက်လောက် ထည့်ပါ။ ဆံသားပျက်ဆီးမှုကို ပြန်လည်ပြုပြင်ပေးနိုင်တဲ့အစွမ်း အုန်းဆီမှာ ရှိပါတယ်။



အဆင့် ၄

သံပုရာရည် အစက် ၁၀ စက်ခန့် ထပ်ရောပါ။ ဗီတာမင်စီဟာ ဆံသားကို သန့်စင်စေပြီး ဗောက်ကိုလည်း သေစေနိုင်ပါတယ်။ မလိုလားအပ်တဲ့ ပိုးမွှားတွေကိုလည်း သေစေနိုင်ပါတယ်။



အဆင့် ၅

ဆံပင်ကို ဖြီးပြီး ရှင်းထားပါ။ ဆံသားအဖုအထုံးလေးတွေ မဖြစ်စေဖို့ အတွက်ပါ။



အဆင့် ၆

ပြုလုပ်ထားတဲ့ Hair Mask အရောလေးကို ဦးရေပြား အနှံ့ လိမ်းပေးပါ။ ၁၀မိနစ်လောက် နှိပ်နယ်ပြီး လိမ်းပေးပါ။



အဆင့် ၇

၄၅ မိနစ်လောက် ထားပြီး ရေနဲ့ ဖြည်းညှင်းစွာ ဆေးပါ။ ပြီးရင်တော့ ဓာတုပစ္စည်းနည်းတဲ့ ခေါင်းလျှော်ရည်နဲ့ ပြန်လျှော်ပါ။



အဆင့်၈

ခေါင်းကို ခြောက်အောင် တဘက်နဲ့ ရေသုတ်ပါ။ ဆံပင်ခြောက်ခံစက်တွေ မသုံးပါနဲ့။ သဘာဝအတိုင်း ခြောက်သွေ့အောင် သုတ်ပေးပါ။

Ref: boldsky

Featured Image Source: desire the life


The post

ဆံပင်အရှည်နှေးလို့ စိတ်ညစ်နေသူများအတွက် အရှည်မြန်စေမယ့် သဘာဝ Hair Mask appeared first on

MyStyle Myanmar .


#ဂျင်း
#ထောပတ်သီး
#အုန်းဆီ
#အဆင့်
#ခေါင်းလျှော်ရည်

Some text some message..