ဖက်ရှင်ရေစီးကြောင်းထဲကို ပြန်လည်စီးမျောလာတဲ့ Tie-Dye Fashion Trend
moda.com.mm
|
2020-05-30

ဖက်ရှင်ရေစီးကြောင်းတွေ၊ Trend တွေနဲ့ လူတွေရဲ့ ဖက်ရှင်အပေါ်ထားရှိတဲ့ အမြင်နဲ့ Taste တွေကလည်း အစဉ်မပြတ်ပြောင်းလဲ နေသလို တစ်ချိန်က Trend တွေက တစ်ပတ်ပြန်လည်လာတာတွေလည်း အများကြီးရှိပါတယ်။
အဲ့ထဲကမှ Editor အကြိုက်ဆုံးဖြစ်နေတဲ့ Trend ကတော့ Tie-Dye Print တွေပါ။ Tie-Dye Print တွေမှာ Hyped Culture နဲ့ Street Style အငွေ့အသက်တွေ အများကြီးပါဝင်နေသလို သူ့ရဲ့ Fabric မှာဆိုးထားတဲ့ Tie-Dye Pattern တွေကလည်း အမျိုးအစားတွေအများကြီးရှိပါတယ်။ ၁၉၈၀ ဝန်းကျင်လောက်က American Hip-Hop နဲ့ Street Culture မှာ Tie-Dye ဖက်ရှင်တွေရဲ့ အနေအထားက လမ်းမထက်ကနေ High-Luxry Fashion Runway တွေအထိပါရောက်ရှိလာပါတယ်။ ဒီ Tie-Dye တွေက ကြားမှာ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေပေမယ့် ၂၀၁၉-၂၀၂၀ ရဲ့ ဖက်ရှင် ရေစီးကြောင်းထဲကိုတော့ ပြန်လည် နေရာယူလာပါပြီ။ နာမည်ကျော် Celebrity တွေ Model တွေရဲ့ Everyday Fashion မှာလည်း မရှိမဖြစ်ပါဝင်လာတဲ့ Trend တစ်ခုလိုဖြစ်နေပါတယ်။ အခုလို Quarantine နဲ့ Stay-At-Home လိုအချိန်တွေမှာဆို Tie-Dye Outfit တွေက Celebrity တွေရဲ့ ရွေးချယ်မှုအများဆုံးလို့တောင်ပြောလို့ရတယ်။
Tie-Dye တွေရဲ့ Nature ကိုက Street Vibe အပါအဝင် Comfy ဖြစ်တဲ့ Sense ကိုလည်းပေးနိုင်ပါတယ်။ အဲ့ဒါကြောင့်လည်း Tie-Dye ကို အများသောအားဖြင့် Boxy T-Shirt တွေ၊ Oversize Hoodie တွေနဲ့ ပေါ့ပေါ့ပါးပါး Crop Top တွေမှာတွေ့ရများတာမလား။ Tie-Dye တွေက Colorful ဖြစ်တယ်။ တောက်ပပြီးလန်းဆန်းမှုကိုဖြစ်စေတယ်။ အခုလို စိတ်ညစ်စရာတွေပြည့်နှက်နေတဲ့အချိန်မျိုးမှာ Tie-Dye Outfit တွေကို ဝတ်ဆင်ခြင်းကသင့်ရဲ့စိတ်ကိုလည်း ပိုပြီး တက်ကြွရွှင်လန်းစေမှာပါ။ သင်ကိုယ်တိုင်လည်း Tie-Dye Print တွေနဲ့ Style ထုတ်ချင်တယ်ဆိုရင်တော့ ဒီလိုပုံစံလေးတွေဝတ်ကြည့်လိုက်ပါ။ အရမ်းလည်း Complex မဖြစ်သလို Fashion လည်းကျ၊ Comfy လည်းဖြစ်ပြီး သင့်ရဲ့ နေ့ရက်တွေကိုလည်း ပိုပြီး Colorful ဖြစ်စေပါလိမ့်မယ်။


Sweatshirts and Shorts
မိန်းကလေးတွေအတွက် Tie-Dye Sweatshirt ပွပွတွေနဲ့ဆိုရင် ပြဲနေတဲ့ Distressed Denim Shorts လေးတွေနဲ့ကအရမ်း မိုက်ပါတယ်။ အပေါ်က ပွထားပြီးသားမို့ အောက်က Bottom ကို Denim အတိုနဲ့ တွဲဖက်လိုက်တာက ဝတ်ဆင်ထားတဲ့ Outfit ကိုလည်း Balance ဖြစ်စေပြီး ကြည့်ရတာလည်း သိပ်အားစိုက်ထုတ်ထားတဲ့ ပုံမပေါက်ပဲ ကပိုကရိုလေးနဲ့ ဖက်ရှင်ကျစေပါတယ်။



Long Pants is a Must
Tie-Dye တွေဝတ်တဲ့အခါ Jeans Pants အရှည်တွေကိုလည်း မေ့ထားလို့မဖြစ်ပါဘူး။ Jeans Pants အနက်၊ အပြာ၊ အဖြူတို့ကို အပေါ်က ကိုယ်ဝတ်တဲ့ Tie-Dye ကာလာအပေါ်မူတည်ပြီး အရောင်ကို ကစားပြီး Switch လုပ်ပြီးဝတ်ဆင်ကြည့်လို့ရပါတယ်။ တကယ်လို့ T-Shirt ဆိုရင်လည်း ဘောင်းဘီထဲကို Tucked In လုပ်ပြီး ဝတ်လို့ရသလို အပြင်ထုတ်ပြီး ဝတ်တာကလည်း Casual Street Vibe ကိုရရှိစေမှာပါ။



Dressy Messy
Tie-Dye တွေကို Maxi Dress တွေ၊ Slip Dress တွေ၊ Spaggetii Dress တွေမှာ Print လုပ်ထားတာကလည်း တမူထူးခြားတဲ့ Fashion Style ကိုပေးပါတယ်။ အထူးသဖြင့် Tie-Dye Maxi Dress အရှည်တွေကို ဝတ်ရင် ဖိနပ်ကို ရွေးချယ်တဲ့အခါ သေချာ ဂရုစိုက်ဖို့လိုပါတယ်။ တစ်ချို့ Tie-Dye Dress တွေ Street Vibe လိုချင်တယ်ဆို Sneaker၊ Leather Boots တွေနဲ့ တွဲကြည့်ပြီး Feminine၊ Vacation Vibe ကိုကြိုက်တယ်ဆိုရင်တော့ Strappy Sandal တွေ၊ Sandal Heels လေးတွေနဲ့ တွဲဖက်ကြည့်ပါ။



Stay Cozy
ဒီ Style ကတော့ အခုလို ကာလမှာ Cele တွေတော်တော်များများ နှစ်ခြိုက်နေတဲ့ Style လို့ပြောလို့ရပါတယ်။ ဘာလို့လဲဆိုတော့ အရမ်း Comfortable ဖြစ်လို့ပါ။ ဟုတ်တယ်လေ။ Top to Toe Tie-Dye ဝမ်းဆက်ထက်ပို Comfort လည်းဖြစ်၊ Convenient လည်းဖြစ်တာရှိဦးမှာလား။ သူက Sweatpants နဲ့ Hoodie/Tee နဲ့တွဲထားတာမို့ Sporty ဆန်ဆန် Trainer တွေ၊ Chunky Sneaker တွေနဲ့ဆို Perfect ပဲ။



Suits to Impress
Formal လည်းဖြစ်ချင်တယ်၊ ဒါပေမယ့် အရမ်းမရိုးပဲ နည်းနည်း Playful ဖြစ်တဲ့ Outfit မျိုးလည်းဖြစ်ချင်တယ်ဆိုရင်တော့ Tie-Dye ကို Suit (သို့မဟုတ်) Jumpsuit ပုံစံမျိုးလည်း ဝတ်ကြည့်လို့ရပါတယ်။ ဒီလိုပုံစံမျိုးကတော့ ပုံမှန်ထက်နည်းနည်း ကွဲထွက်ပြီး အားလုံးကြားမှာပေါ်လွင်နေစေမှာပါ။ Tie-Dye အဆင်ကထင်းနေပြီးသားမို့ Accessory ကို Sunglasses နဲ့ Clutch အိတ်လေးတစ်လုံးလောက် ဆိုလုံလောက်ပါတယ်။



Fun In the Sun
Tie-Dye တွေက Swimsuit တို့ Bikini တို့အနေနဲ့ဆိုလည်း အရမ်းမိုက်ပြီး Sexy ဖြစ်တာကို ဘယ်သူမှ သတိထားမိကြမယ်မထင်ဘူး။ တကယ်တော့ ဒီလို Print ပါတဲ့ Swimsuit/Bikini တွေက နေရောင်ထဲမှာသင့်ရဲ့ကောက်ကြောင်းတွေကို ပိုပေါ်လွင်စေပြီး ဓာတ်ပုံရိုက်မယ်ဆိုလည်း အရမ်း Instagrammic ဖြစ်တဲ့ Trend ပါ။



Fun Accessorising
ကဲ အပေါ်ကလို Tie-Dye အရောင်တောက်တောက်ပပတွေကို အရမ်း Show-Off မလုပ်ချင်ဘူးဆိုရင်တော့ သင့်ရဲ့ Daily Accessory တွေဖြစ်တဲ့ Sock တို့ Bucket Hat တို့ နဲ့ လက်ကိုင်အိတ်တွေမှာ ထည့်သွင်းပြီး Styling လုပ်ကြည့်လို့ရပါတယ်။ Tie-Dye Accessory လေးတွေက သင့်ဝတ်ထားတဲ့ Oufit ရိုးနေရင်တောင် သူ့ရဲ့ Color လေးတွေက Pop-Up ဖြစ်ပြီး သင့်ရှိရင်းစွဲ Style ကို On Trend ဖြစ်စေမှာပါ။


Photo Credits to Pinterest and Original Uploaders


#ဖက်ရှင်
#Jeans
#Celebrity
#ရေစီးကြောင်း
#အရှည်

Some text some message..