Boss တစ်ယောက်လိုမျိုး အနီရောင်နှုတ်ခမ်းနီကို စမတ်ကျကျဆိုးနည်း
lifestylemyanmar.com
|
2020-06-02



နှုတ်ခမ်းနီ အနီရောင်ဟာ မျက်နှာသွင်ပြင်ကို အမှန်တကယ်ပြောင်းလဲပေးနိုင်တဲ့ အလှကုန်တွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီအရောင်ဟာ စွမ်းအား၊ အတန်းထက်တန်းကျမှု၊ ကြော့ရှင်းမှုနှင့် လွတ်လပ်မှုရဲ့ အမှတ်သင်္ကတ ဖြစ်ပါတယ်။ အခြားမိတ်ကပ်ပစ္စည်းတွေနဲ့ မတူတာက အနီရောင်နှုတ်ခမ်းနီဟာ စွယ်စုံရပြီး အခြေခံအဝတ်အစားတွေ ဝတ်တဲ့အခါ (သို့) ပါတီပွဲတွေတတ်တဲ့အခါမျိုးမှာ အလုပ်ဖြစ်ပါတယ်။ ဘယ်အခြေအနေမျိုးမှာမဆို အနီရောင်နှုတ်ခမ်းနီလေး ဆိုးထားရင် သင့်နှုတ်ခမ်းကိုပဲ အာရုံစိုက်မိကြပါလိမ့်မယ်။ နှုတ်ခမ်းနီအနီရောင်က ဆိုးတတ်မှ၊ ကိုယ်နဲ့လိုက်ဖက်မှ ကြည့်ကောင်းတာမို့ ဘော့စ်တစ်ယောက်လို စမတ်ကျကျလေးဖြစ်စေဖို့ အထောက်အကူပြုမယ့် အကြံဉာဏ်တွေကို မျှဝေပေးချင်ပါတယ်။

၁။ သင့်အသားရောင်ပေါ်မူတည်ပြီး အနီရောင်ပုံစံကို ရွေးချယ်ပါ

ပန်းရောင်သန်းတဲ့ အသားဖြူဖြူကောင်မလေးတွေအတွက်တော့ (ရပ်စ်ဘယ်ရီသီးရောင်) raspberry-red အရောင်ဟာ ပိုမိုနိးစပ်ပါတယ်။ သင်ဟာ ရွှေရောင်နည်းနည်းသန်းတဲ့ warmer ဘက်သွားတဲ့ အသားရောင်အမျိုးအစားဆိုရင် red-orange shade ကိုရွေးချယ်တာ ပိုကောင်းပါတယ်။




၂။ အနီရောင်အမျိုးမျိုးကို ရောစပ်ကြည့်ပါ

လိမ္မော်ကနေ ဘာဂန်ဒီအနီရောင်အထိ အနီရောင်မှာ အမျိုးမျိုးရှိပါတယ်။ သင်ဟာ လုံးဝ ထူးခြားဆန်းသစ်တဲ့ အရောင်ကို ရှာဖွေနေတယ်ဆိုရင် အိမ်မှာရှိပြီးသာ းနှုတ်ခမ်းနီရောင်တွေကို ရောစပ်ပြီး ဖန်တီးကြည့်ပါ။




၃။ shiny, glossy နှုတ်ခမ်းနီမျိုးတွေကိုရှောင်ပါ

ဆိုးထားတဲ့ နှုတ်ခမ်းနီ ကြာရှည်ခံဖို့အတွက် နှုတ်ခမ်းနီခြောက်ခြောက်လေးတွေကို ရွေးချယ်ပါ။ gloss ဖြစ်တဲ့ နှုတ်ခမ်းနီတွေက ပေစွန်းသွားစေတာကြောင့် ကြာကြာမခံပါဘူး။




၄။ နှုတ်ခမ်းကို exfoliate လုပ်ပေးပါ

ပါးစပ်က လူတစ်ယောက်ရဲ့ ရုပ်ရည်သွင်ပြင်မှာ အာရုံစိုက်ခံရဆုံးဧရိယာ ဖြစ်တဲ့အတွက် dry skin မရှိအောင် ဖယ်ရှားထားဖို့ လိုပါတယ်။natural exfoliant ကိုသုံးခြင်းဖြင့် အရေပြားဆဲလ်သေ အညစ်အကြေးတွေကို ကြိုတင်ဖယ်ရှားထားပါ။




သကြား၊ ပျားရည်(သို့) သကြားနှင့် သံလွင်ဆီကို ရောပြီး စက်ဝိုင်းပုံရွေ့လျားမှုနဲ့ နှုတ်ခမ်းကို ပွတ်တိုက်ပေးပါ။ ပြီးရင် moisturizer အနည်းငယ်လိမ်းပေးပါ။

၅။ နှုတ်ခမ်းလိုင်းဖော်ပြီး ဂရုတစိုက် ဖြည့်ပေးပါ

နှုတ်ခမ်းလေး ပုံစံကျနေအောင် နှုတ်ခမ်းပုံဖော်ပေးဖို့လည်း လိုပါတယ်နော်။ နှုတ်ခမ်းကောက်ကြောင်းဖော်ပြီးရင် အတွင်းကို ဖြည့်ဆိုးပေးပါ။ ဒီအဆင့်အားလုံးကို နှုတ်ခမ်းနီ ခဲတံတစ်ချောင်းနဲ့ပဲ လုပ်ရပါမယ်။ ထိုသို့ပြုလုပ်ခြင်းဖြင့် သင့်နှုတ်တခမ်းနီကို ကြာရှည်ခံစေနိုင်မှာ ဖြစ်ပါတယ်။




၆။ lip brush တစ်ခုနဲ့ နှုတ်ခမ်းနီဆိုးပါ

နှုတ်ခမ်းနီတောင့်ကို နှုတ်ခမ်းပေါ်မှာ တိုက်ရိုက်ဆိုးလို့ရသော်လည်း lip brush အသုံးပြုခြင်းက နှုတ်ခမ်းနီကို ညီညာစေသလို အများကြီး ဆိုးမိသွားတာလည်း မဖြစ်စေပါဘူး။




၇။ ပိုသွားတဲ့ အရောင်တွေကို ဖယ်ရှားပါ

သင့်နှုတ်ခမ်းနီက သင်သောက်လိုက်တဲ့ ဖန်ခွက်ပေါ်မှာ ကျန်မနေသင့်ပါဘူး။ သင့်နှုတ်ခမ်းပေါ်မှာသာ ရှိနေသင့်ပါတယ်။ အစာစားတဲ့အခါ နှုတ်ခမ်းနီအရောင်က သင့်သွားတွေ၊ ဖန်ခွက်တွေပေါ်မှာ ကပ်မနေစေအောင် တစ်ရှူးတစ်ခုနှင့် နှုတ်ခမ်းနီပိုတွေကို ဖယ်ရှားပစ်ပါ။

၈။ အိုင်းလိုင်နာနှင့် မျက်တောင်ကော့ဆေးကို အလွန်အကျွံမလိမ်းပါနဲ့

အထူးသဖြင့် မျက်ဝန်းတွေအတွက် ပိုသိမ်မွေ့တဲ့စတိုင်လ်ကို ရွေးချယ်ပါ။ အိုင်းလိုင်နာတို့ မျက်တောင်ကော့ဆေးတို့ကို ခပ်ပါးပါးသာ လိမ်းပါ။ ဒါမှသာ သင်ဆိုးထားတဲ့ နှုတ်ခမ်းနီက ထင်းနေစေပြီး စွဲဆောင်မှုရှိစေမှာပါ။ စမတ်ကျကျ တည်ငြိမ်သူလေး ဖြစ်ချင်ရင် အိုင်ရှဲဒိုးရောင်စုံတွေနဲ့ မျက်စိနောက်အောင် မလိမ်းပါနဲ့။




၉။ သင့်နှုတ်ခမ်းနီနဲ့ လက်သည်းနီအရောင်က လိုက်ဖက်နေရပါမယ်

နှုတ်ခမ်းနီရော ၊ လက်သည်းနီအရောင်ပါ တူညီနေတာက အကောင်းဆုံးဖြစ်ပါတယ်။ နှုတ်ခမ်းနီဆိုးပြီး လက်သည်းနီ မဆိုးထားရင် ကြည့်မကောင်းပါဘူး။ ဒါ့ကြောင့် သင့်လက်သည်းတွေမှာ အနီရောင်တင်ဖို့ မမေ့ပါနဲ့နော်။




၁၀။ သင့်မျက်နှာကို ပိုဆွဲဆောင်မှုရှိစေတဲ့ အဝတ်အစားကို ရွေးချယ်ပါ


အဝတ်အစားရွေးတဲ့အခါ သင့်မျက်နှာပေါ်လွင်စေဖို့ (အဝါနု၊ အဖြူ (သို့) မီးခိုးရောင်) စတဲ့ neutral color ကြားနေအရောင်တွေကို သုံးဖို့ ကြိုးစားပါ။ အနက်ရောင်အဝတ်အစားနဲ့ နှုတ်ခမ်းနီ အနီရောင်ကလည်း classic ဖြစ်လို့ လိုက်ဖက်ပါတယ်။ (ခရမ်းနီရောင်) fuchsia လိုအနီရောင်မျိုးကို ရှောင်ပါ။
#Lifestyle_Myanmar

LM_Nandar


Source-brightside


#နှုတ်ခမ်း
#အနီရောင်
#အရောင်
#လက်သည်း
#အဝတ်အစား

Some text some message..