ကမ်းခြေရောက်ရင် ဖက်ရှင်ကျအောင် ဘယ်လိုဝတ်မလဲ
mystylemyanmar.com
|
2020-06-03

ကမ်းခြေဆိုတာ လူတိုင်း အပန်းဖြေသွားလာလေ့ရှိတဲ့နေရာဖြစ်ပြီးတော့ သွားချင်ကြတဲ့ ထင်ရှားတဲ့နေရာဖြစ်ပါတယ်။ ခရီးသွားရာသီမှမဟုတ်ဘူးဘယ်အချိန်သွားသွား ပင်ပန်းနွမ်းနယ်မှုတွေ ပြေပျောက်လို့ စိတ်အပန်းဖြေစေမယ့် ပင်လယ် ကမ်းစပ်ကိုသွားဖို့ စာဖတ်သူတို့ စိတ်ကူးရှိနေလား။

ကမ်းခြေသွားတဲ့အခါ ဖက်ရှင်ကျအောင်ဝတ်မယ်လို့ စီစဉ်ထားပေမယ့် ဘယ်လိုဝတ်ရမယ်၊ ဘယ်လိုဒီဇိုင်းကို ရွေးချယ်ရမယ်ဆိုတာ ခေါင်းစားနေလား။ ဒါဆိုရင်တော့ အခုဖော်ပြမယ့် ပုံစံလေးကို ဝတ်ဆင်လိုက်နော်။


ပုံစံ ၁




ဂျင်းဘောင်ဘီတိုရယ် ဖိနပ်ပါးပါးရယ် အင်္ကျီအဖြူ ဝတ်လိုက်ပါ။ ပြီးရင် လက်ကိုင် အိတ်ကြီးကြီးတစ်လုံးရယ် မျက်မှန်ရယ် ဦးထုပ်ရယ်ကိုလည်း မေ့လို့မဖြစ်ဘူးနော်။ ဒါဆို ပြီးပြည့်စုံတဲ့ ဖက်ရှင်ဖြစ်နေပါပြီ။


ပုံစံ ၂




နွေပူပူမှာ ကမ်းခြေရောက်နေရင် လေးလေးလံလံ ဝတ်စုံဒီဇိုင်းကအဆင်မပြေပါဘူး။ ဒီတော့ အရောင်ဖျော့ဖျော့နဲ့ လေထုနဲ့ လိုက်လျောညီထွေမှုရှိမဲ့ ဝတ်စုံကို ဝတ်ဆင်ပေးဖို့လိုပါတယ်။ မိုးပြာရောင်နဲ့ အဖြူရောင်ဝတ်စုံက သင့်တော်ဆုံးပါပဲ။


ပုံစံ ၃




ပါတီပွဲတစ်ခုခုရှိလို့ တက်ရောက်တော့မယ်၊ ဒါမှမဟုတ် ရိုးရိုးဆန်းဆန်းလေးဝတ်ချင်သူတွေအတွက် Boho စတိုင်လ်ဝတ်စုံလေးကို ဝတ်ဆင်လိုက်ပါနော်။


ပုံစံ ၄




နိုင်ငံခြားမှာတော့ ကမ်းစပ်မှာ ဒီလိုဝတ်တာ သိပ်အဆန်းတကျယ်ကြီးမဟုတ်ပါဘူး။ မြန်မာပြည်မှာလည်း တချို့ဝတ်ကြပါတယ်။ ကိုယ်ကဝတ်ချင်စိတ်ရှိတယ်ဆိုရင် ဒီလိုပုံစံလေးဝတ်လို့ရပါတယ်။ အနောက်က အင်္ကျီ အရှည်ပါးပါးကို ထပ်ဝတ်၊ ဦးထုပ်လေးစောင်းလိုက်ရင် ပြီးပြည့်စုံသွားပြီပေါ့ရှင့်။


ပုံစံ ၅




ရောင်စုံ သစ်သီးပုံပါပြီး ပေါ့ပေါ့ပါးပါးရှိတဲ့ ဝတ်စုံဒီဇိုင်းပါ။ ပင်လယ်ကမ်းစပ်နဲ့ အရမ်းကိုလိုက်ဖက်တဲ့ ဒီစတိုင်လ်လေးကို စာဖတ်သူတို့ ကမ်းခြေသွားတော့မယ်ဆို သတိရလိုက်ပါနော်။


ပုံစံ ၆




ပေါ့ပေါ့ပါးပါး ချည်သား (သို့) ဂျင်းသား ဝတ်စုံကလည်း ပင်လယ်ကမ်းစပ်နဲ့ သိပ်ကိုလိုက်ဖက်ပါတယ်။


ပုံစံ ၇




အထဲက ရေကူးဝတ်စုံကို အပေါ်မှ အဖြူရောင် ဇာအင်္ကျီလေးထပ်ဝတ်လိုက်တာ အမြင်ဆန်းသွားစေပါတယ်နော်။


The post

ကမ်းခြေရောက်ရင် ဖက်ရှင်ကျအောင် ဘယ်လိုဝတ်မလဲ appeared first on

MyStyle Myanmar .


#ဝတ်စုံ
#ကမ်းစပ်
#ကမ်းခြေ
#ပုံစံ
#အင်္ကျီ

Some text some message..