
မင်္ဂလာပါ Popolay ပရိတ်သတ်ကြီးရေ ဒီခေတ်ကြီးထဲမှာ
မျက်တောင်အတု၊ မျက်ရစ်အတု၊အစရှိတဲ့အတုမျိုးစုံပေါ်နေတဲ့အတွက် မိတ်ကပ်လိမ်းထားတဲ့ ဘယ်မိန်းကလေးကိုမှမယုံရတော့ပါဘူးနော်။
တရုတ်နိုင်ငံ ကွမ်ကျိုးမြို့မှာရှိတဲ့ ဝေ့လင် ဆိုတဲ့အမျိုးသားဟာ သူ့ ချစ်သူမိန်းကလေးနဲ့ လက်ထက်ပြီး ညအိပ်ရာဝင်တဲ့အချိန် ဇနီးဖြစ်သူရဲ့ မိတ်ကပ်မပါတဲ့ မျက်နှာကို မြင်ကာ ချက်ချင်း ကွာရှင်းခဲ့ပါတယ်။
မိတ်ကပ်တွေရဲ့အစွမ်းကတော့အသုံးပြုတတ်ရင်တကယ်ကိုအံ့မခန်းပါပဲ။ ဒီခေတ်ကြီးထဲမှာ မိန်းကလေးတော်တော်များရဲ့ မျက်နှာအစစ်အမှန်ကို မြင်ရဖို့ဆိုတာလဲ ခက်ခဲလာပါပြီ။ ဘယ်လိုပင် ရုပ်မလှပါစေ မိတ်ကပ်နဲ့ ဖုံး လိုက်ရင်အပြစ်အနာအဆာအားလုံးပျောက်ကွယ်သွားပြီးတကယ့်မျက်နှာအစစ်အမှန်ကို ဘယ်လိုမှမသိနိုင်တော့ပါဘူး။
အခုခေတ်မှာဆိုရင် မိန်းကလေးတွေသာမက ယောင်္ကျားလေးတချို့လဲ မိတ်ကပ် တွေကိုအသုံးပြုလာကြပါပြီ။ ယောင်္ကျားလေးတွေလဲ မယုံရတော့ပါဘူးနော်။