
နှုတ်ခမ်းနီ ဆိုးခြင်းဟာ သင့်ရဲ့ ရုပ်ရည်အသွင်အပြင်ကို လုံးဝပြောင်းလဲသွားစေနိုင်ပါတယ်။နှုတ်ခမ်းနီ အနီရောင်ရဲ့ အဓိပ္ပါယ်ကို ဖွင့်ဆိုပြရရင်တော့ အင်အားကြီးခြင်း၊ကျက်သရေရှိခြင်း၊လွတ်လပ်ခြင်း စတာတွေ အပါအဝင်ပါပဲ။ဒီလိုမျိုး ထက်မြက်လှပတဲ့ အသွင်ကို ပေးနိုင်တဲ့ အနီရောင် နှုတ်ခမ်းနီကို ရွေးချယ်ဆိုးတဲ့အခါမှာ သိထားသင့်တာလေးတွေရှိပါတယ်။ဆက်လက်ဖတ်ရှုလိုက်ရအောင်။
၁။အသားရောင်နှင့် လိုက်ဖက်တာကိုရွေးပါ။
အသားအရောင်ဖြူတဲ့ သူတွေအနေနှင့် ပန်းရောင်ဘက်ကို လျော့သွားတဲ့ အနီရောင် နှုတ်ခမ်းနီကို ရွေးချယ်သင့်ပြီး ရွှေရောင်အသားအရေပိုင်ရှင်တွေကတော့ အနီရောင်ကိုမှ လိမ္မော်ရောင်ဖောက်တဲ့ နှုတ်ခမ်းနီကို ရွေးချယ်သင့်ပါတယ်။
၂။အနီရောင် အမျိုးမျိုးကို စပ်ကြည့်ပါ။
နှုတ်ခမ်းနီ အနီရောင်ဟာ အနီစစ်စစ်တွေအပြင် အခြားအရောင်ဖောက်များနှင့် ထုတ်လုပ်ထားတာတွေလည်းရှိပါသေးတယ်။ဒါကြောင့် ကိုယ့်ရဲ့ ကိုယ်ပိုင်အရောင်ကို လိုချင်တယ်ဆိုရင်တော့ အမျိုးမျိုးသော နှုတ်ခမ်းနီအရောင်တို့ကို စပ်ပြီး ဆိုးကြည့်သင့်ပါတယ်။
၃။Glossy ဖြစ်တဲ့ နှုတ်ခမ်းနီကို မဆိုးပါနဲ့။
နှုတ်ခမ်းနီ ဆိုးတဲ့အခါမှာ အချိန်ကြာရှည်စွာခံဖို့က အရေးကြီးပါတယ်။ ဒါကြောင့်မို့ Glossy နှုတ်ခမ်းနီကို ရွေးချယ်မယ့်အစား Soft Matt အမျိုးအစားနှုတ်ခမ်းနီကို ဆိုးသင့်ပါတယ်။
၄။နှုတ်ခမ်းမှ ဆဲလ်သေများကို ဖယ်ရှားပါ။
နှူတ်ခမ်းနီ ဆိုးထားတဲ့အချိန်မှာ သင့်ရဲ့ နှုတ်ခမ်းကို လူတိုင်းက အာရုံရောက်နေပါလိမ့်မယ်။ဒါကြောင့် သင့်ရဲ့နှုတ်ခမ်းမှာ ခြောက်သွေ့နေ့ခြင်းမရှိသင့်ပါဘူး။ နှုတ်ခမ်းမှ ဆဲလ်သေတွေကို ဖယ်ရှားပစ်ဖို့အတွက် သကြား သို့မဟုတ် ဗက်ဆလင်းအဆီကို အသုံးပြုပြီး နှုတ်ခမ်းကို လှအောင် ထိန်းသိမ်းနိုင်ပါတယ်။