(၁) လအတွင်း မျက်တောင်မွှေးရှည်စေမယ့် နည်းလမ်းလေးတွေ
mystylemyanmar.com
|
2020-06-11

မျက်တောင်မွှေးအရှည်မြန်စေဖို့ ငွေကြေးသိပ်ကုန်ကျခံစရာမလိုဘဲ ပြုလုပ်လို့ရပါတယ်နော်။ အဓိကအားဖြင့် မျက်လုံးကိုခဏခဏပွတ်တာမျိုး၊ ညအိပ်ရင်မှောက်အိပ်တာမျိုး မလုပ်ဖို့လိုအပ်ပါတယ်။ မျက်တောင်မွှေးကို အမြန်ဆုံးရှည်စေမယ့်နည်းလမ်းကိုမျှဝေပေးမယ်နော်။ ဒီနည်းလမ်းလေးတွေထဲက မိမိအဆင်ပြေတဲ့ နည်းလမ်းကို လိုက်နာအသုံးပြုလို့ရပါတယ်။


၁။ Mascara လျှော့သုံးပါ




မျက်တောင်မွှေးနားမှာ နေ့တိုင်း Mascara မဆိုးဘဲ တစ်ပတ်ကို ၂ ရက် ၃ ရက်လောက်နားပေးပါ။ မျက်တောင်ကော့ဆေးကိုလည်း ၃ လတစ်ခါ၊ ၆ လတစ်ခါ လဲပေးသင့်ပါတယ်။


၂။ သန့်ရှင်းရေးလုပ်ပါ




ညအိပ်ယာမဝင်ခင် မျက်တောင်မွှေးနားမှာ Mascara ကပ်နေပြီး အိပ်တာမျိုး မဖြစ်သင့်ပါဘူး။ Makeup Remover (သို့) သံလွင်ဆီသုံးပြီး မျက်တောင်မွှေးကိုလည်း သေချာသန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။


၃။ ကြက်ဥသုံးမယ်




ကြက်ဥမှာ ပရိုတင်းဓာတ်နဲ့ ဗီတာမင် B ဓာတ်ပါဝင်ပြီး မျက်တောင်မွှေးကို သန်စေသလို မျက်တောင်မွှေးကျွတ်ခြင်းကနေ ကာကွယ်ပေးပါတယ်။ ကြက်ဥတစ်လုံ၊ Glycerin အရည် (သို့) Vaseline စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပေးပါ။ ပြီးရင်သေချာရောမွှေပေးပြီး မျက်တောင်မွှေးမှာ တစ်ပတ်ကို ၃ ကြိမ်လောက်လိမ်းပေးသင့်ပါတ်။


၄။ ဖြည်းဖြည်းလေး နှိပ်ပေးမယ်




မျက်တောင်မွှေးရှည်စေဖို့နဲ့ မျက်လုံးနားက သွေးလည်ပတ်မှုကောင်းမွန်စေပြီး သံလွင်ဆီ (သို့) အုန်းဆီနည်းနည်းကို လက်ဖဝါးထဲထည့်ပါ။ ပြီးရင် မျက်တောင်မွှေးမှာ လိမ်းပေးကာ ၅ မိနစ်လောက် နှိပ်ပေးပါ။


၅။ ရှားစောင်းလက်ပက်




ရှားစောင်းလက်ပက်ဟာ မျက်တောင်မွှေးကို အာဟာရဓာတ်ဖြည့်ပေါ်နိုင်ပြီး မျက်တောင်မွှေးကို သန်စွမ်းစေပါတယ်။ ရှားစောင်လက်ပက်အနှစ်ကို ညအိပ်မယာမဝင်ခင် မျက်တောင်မွှေးမှာလိမ်းပေးပြီး တစ်ညလုံးထားထားပေးနိုင်ပါတယ်။ မနက်ဖက်မှာ ရေဆေးချလိုက်ပါ။


၆။ Green Tea




Green Tea မှာ Antioxidant နဲ့ ဗီတာမင်ဓာတ်ကြွယ်ဝစွာပါဝင်ပြီး မျက်တောင်မွှေးကျွတ်ခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။ Green Tea ကိုရေနွေးနဲ့စိမ်ပြီး အေးအေင်ထားပါ။ ပြီးရင် ဝါဂွမ်းနဲ့ နစ်ပြီး မျက်တောင်မွှေးကို တစ်နေ့ ၂ ကြိမ်ဆေးပေးပါ။


၇။ အာဟာရဓာတ်ပြည့်ဝအောင်စားပါ




သင့်တစ်နေ့တာလုံးအတွက် ပရိုတင်းဓာတ်၊ ဗီတာမင်နဲ့ Fatty Acid ပါဝင်တဲ့ အစားအစာတွေ များများစားပေးပါ။


၈။ Vaseline




Vaseline ဟာ သင့်မျက်တောင်မွှေးကို ရှည်လျားစေပါတယ်။ အရင်ဆုံး Vaseline ကိုလက်ဖဝါးပေါ်ပွတ်ပေးပြီး ညအိပ်ယာမဝင်ခင် မျက်တောင်မွှေးပေါ်လိမ်းပေးပါ။ မျက်လုံးထဲမဝင်အောင်ဂရုစိုက်ပါနော်။ မနက်ကျရင်ရေဆေးချလိုက်ပါ။


၉။ သံလွင်ဆီ (သို့) ကြက်ဆူဆီ




သံလွင်ဆီနဲ့ ကြက်ဆူဆီမှာ Fatty Acid ပါဝင်ပြီး သင့် မျက်တောင်မွှေးကို အာဟာရဓာတ်ဖြည့်စွမ်းပေးနိုင်ပါတယ်။ ဒါ့ကြောင့် ညအိပ်ယာမဝင်ခင် သံလွင်ဆီ (သို့) ကြက်ဆူဆီကို မျက်တောင်မွှေးမှာ လိမ်းပေးပြီးအိပ်ယာဝင်ပေးပါ။ မျက်လုံးထဲမဝင်အောင် သေချာဂရုစိုက်လိမ်းပါ။


၁၀။ ဗီတာမင် E




ဗီတာမင် E အဆီနဲ့ မျက်တောင်ကော့တံ အသန့်ကိုသုံးပြီး မျက်တောင်မွှေးမှာ လိမ်းပေးပါ။ မျက်တောင်မွှေးကို သန်စွမ်းစေပြီး မျက်တောင်မွှေးကို ရှည်စေပါတယ်။


The post

(၁) လအတွင်း မျက်တောင်မွှေးရှည်စေမယ့် နည်းလမ်းလေးတွေ appeared first on

MyStyle Myanmar .


#မျက်တောင်
#သံလွင်ဆီ
#ကြက်ဆူဆီ
#ဗီတာမင်
#မျက်လုံး

Some text some message..