
မျက်တောင်မွှေး ထူထူ ရှည်ရှည်ကို ပိုင်ဆိုင်တာဟာလည်း ဆွဲဆောင်မှုတစ်မျိုးပါပဲ။
သင့်မျက်တောင်မွှေးကို ရှည်စေဖို့ သန်စွမ်းစေဖို့နဲ့ ကျန်းမာစေဖို့အတွက် သဘာဝနည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။
ဗီတာမင် E အဆီ
ဗီတာမင် E အဆီဟာ သင့်အသားအရေကို ကောင်းမွန်စေရုံသာမက မျက်တောင်မွှေးကိုလည်းသန်စွမ်းရှည်လျားစေပါတယ်။ ဗီတာမင် E အဆီကို ညအိပ်ယာမဝင်ခင် မျက်တောင်မွှေးမှာလိမ်းပြီး အိပ်ပေးပါ။ နေ့စဉ်ပုံမှန်လုပ်ပေးနိုင်ပါတယ်။
Vaseline
Vaseline ကိုလည်း သင့်အသားအရေအတွက်သာမက မျက်တောင်မွှေးအတွက်ပါသုံးလို့ရပါတယ်။ Vaseline ကိုလည်း ဝါဂွမ်းနဲ့ တို့ပြီး မျက်ခွံနဲ့ မျက်တောင်မွှေးတွေကိုလိမ်းပေးလိုက်ပါ။ ညအိပ်ယာမဝင်ခင်ပုံမှန်လုပ်ပေးလို့ရပါတယ်။
Green Tea
Green Tea ရေနွေးကြမ်းအရည်ကို အအေးခံပြီး ဝါဂွမ်းနဲ့တို့ကာ မျက်တောင်မွှေးနဲ့ မျက်ခွံနားမှာ လိမ်းပေးလိုက်ပါ။ ညအိပ်ယာမဝင်ခင် ပုံမှန်လုပ်ပေးနိုင်ပါတယ်။
The post
မျက်တောင်မွှေးထူပြီး ရှည်လာစေမယ့် သဘာဝနည်းလမ်းများ
appeared first on
MyStyle Myanmar
.