ပိန်ပိန်ဝဝ ဆွဲဆောင်မှုရှိပြီး စမတ်ကျတဲ့ Pencil Skirt ကို ဒီလိုဝတ်မယ်
mystylemyanmar.com
|
2020-06-19

ဒူးခေါင်းထိရှည်တဲ့ Pencil Skirts ကိုယ်ကပ်စကတ်ဟာ ပိန်ပိန်၀၀အဆင်ပြေပါတယ်။




၀၀ပြည့်ပြည့်အမျိုးသမီးတွေဟာ သူတို့ရဲ့ ဝတဲ့ခန္ဓာကိုယ်ကို ဖုံးချင်လို့ ပွပွယောင်းယောင်း ဝတ်စုံတွေ ဝတ်ပေမဲ့ လူကိုပိုလို့ဝစေပါတယ်။ Pencil Skirts လေးက ပိန်ပိန်၀၀ ဖက်ရှင်ကျစေပြီး စမတ်ကျစေပါတယ်။ သင့်ကိုအမြဲ လှပစေပြီး ယုံကြည်မှုအပြည့်ပေးမယ့် Pencil Skirts ကို ဒီလိုဝတ်လိုက်ရအောင်။


အနက်ရောင် Pencil Skirt




အနက်ရောင် Pencil Skirt ကို ဒီလိုတွဲပြီးဝတ်လိုက်တာဟာ Classic ဆန်ဆန်နဲ့ လှပတင့်တယ်စေပါတယ်။ အလုပ်သွားသွား မိတ်ဆွေသူငယ်ချင်းတွေနဲ့ပဲ သွားတွေ့တွေ့ ချစ်သူနဲ့ ချိန်းထားထား အနက်ရောင် Pencil Skirt လေးကို ဝတ်ဖို့ မမေ့နဲ့နော်။



မျဉ်းကြောင်းလေးတွေ ပါတဲ့ Pencil Skirt




မျဉ်းကြောင်းလေးတွေပါတဲ့ စကတ်ကိုတော့ ရိုးရိုးရှင်းရှင်း အက်ျီပြောင်တွေနဲ့ ဝတ်ဆင်တာပိုသင့်တော်ပါတယ်။ အဖြူရောင်၊ ပန်းရောင် စတဲ့ကိုယ်ကြိုက်နှစ်သက်တဲ့ အရောင်နဲ့ တွဲဖက်ဝတ်ဆင်လိုက်ပါ။


ဇာဖော်ထားတဲ့ Pencil Skirt




လှပတင့်တယ်တဲ့ အမျိုးသမီးတစ်ဦးအတွက် ဒီစတိုင်လ်လေးက အမြဲသစ်လွင်စေပါတယ်။ သွားသွားလာလာ ဝတ်ဆင်တဲ့အခါ သင်ဟာ ပေါ်လွင်နေမှာပါ။


လည်သာ စကတ်




ပူပူအိုက်အိုက်မို့ လည်သာသိပ်မကြိုက်ပေမဲ့ Pencil Skirt လေးကတော့ အဆင်ပြေပါတယ်။ ရိုးရိုးရှင်းရှင်းနဲ့ သင့်ကို လှပတင့်တယ်စေတဲ့ဖက်ရှင်ပါ။


ဖဲသား Pencil Skirt




ဖဲသားစကတ်ကို ဒီလိုဝတ်ဆင်မယ်ဆိုရင်လည်း မော်ဒယ်တစ်ယောက်လို အမြဲလန်းနေမှာပါ။


ပန်းပွင့်တွေနဲ့ Pencil Skirt





ပန်းပွင့်တွေပါတဲ့ စကတ်နဲ့ စကတ်မှာပါတဲ့ အရောင်တစ်မျိုးကို အက်ျီအဖြစ် ဝတ်ဆင်လိုက်ရုံနဲ့ ပြီးပြည့်စုံသွားပါပြီ။


အရုပ်တွေနဲ့ပုံနှိပ်ထားတဲ့ Pencil Skirt




ဘာမှအထွေအထူးပြောမနေတော့ဘူးနော်။ စမ်းဝတ်ကြည့် လို့ရပါတယ်။


အကွက်တွေဖော်ထားတဲ့ Pencil Skirt




ရှပ်အင်္ကျီနဲ့ တွဲပြီး ဝတ်လိုက်ရင်ပဲ ဘာမှမလိုတော့ပါဘူး။


ရုံးတက်ဖက်ရှင်




အညိုရောင် Pencil Skirt ကို ရုံးတက်ရုံးဆ်းအတွက် ဝတ်ဆင်ပေးနိုင်ပါတယ်။ သင်ကြိုက်နှစ်သက်တဲ့ အဖြူရောင် အနက်ရောင် ရှပ်အက်ျီနဲ့ တွဲဖက်ဝတ်ဆင်လိုက်ပါ။


The post

ပိန်ပိန်ဝဝ ဆွဲဆောင်မှုရှိပြီး စမတ်ကျတဲ့ Pencil Skirt ကို ဒီလိုဝတ်မယ် appeared first on

MyStyle Myanmar .


#အနက်ရောင်
#မျဉ်းကြောင်း
#ဖက်ရှင်
#ပန်းပွင့်
#အထွေအထူး

Some text some message..