ယောက်ျားလေးတွေရော အလှပြင်ဖို့လိုအပ်လား
moda.com.mm
|
2020-06-21

ယောက်ျားလေးတစ်ယောက်က အလှအပပြုပြင်ဖို့ လိုလားမလိုဘူးလားဆိုတဲ့မေးခွန်းကို တော်တန်ရုံယောက်ျားလေးတွေကတော့ ဟင့်အင်းလို့ပဲဖြေကောင်းဖြေကြပါလိမ့်မယ်။ တကယ်တော့ ခေတ်မီပြီး လူဝင်ဆန့်တဲ့ ယောက်ျားသားတိုင်းရဲ့ နောက်ကွယ်မှာ လှပသပ်ရပ်အောင်နေထိုင်တတ်ခြင်းဆိုတဲ့ လျှို့ဝှက်ချက်အကြီးကြီးတစ်ခုရှိပါတယ်။ ဒါကြောင့်မို့လို့ ကျားမကြီးငယ် ဘယ်သူမဆို ကိုယ့်နဲ့သင့်တင့်မျှတရာ မျက်နှာနဲ့ ခန္ဓာကိုယ်လှပမှူဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်ပြုပြင်မှူတွေကို လိုကိုလိုအပ်ပါတယ်။ ဒီတော့ ယောက်ျားလေးတစ်ယောက်အနေနဲ့ လူပုံအလယ်မှာ သူများထက်မလျော့တဲ့ အရှိန်အဝါနဲ့ ကျော့မော့စမတ်ကျနေအောင်ဘယ်လိုပြုပြင်ထိန်းသိမ်းနေထိုင်မလဲ ဆိုတဲ့ နည်းလမ်းလေးတွေကို အောက်ကအချက်လေးတွေမှာ တချက်လေ့လာကြည့်လိုက်ရအောင်နော်။


1.အခြေခံကျတဲ့ထိန်းသိမ်းမှူ




ပုံမှန်လက်သည်းခြေသည်းညှပ်ခြင်း၊ မလိုအပ်တဲ့အမွှေးအမျှင်တွေကိုရှင်းလင်းခြင်းနဲ့ ၊ ခံတွင်းနံ့ကောင်းအောင် ထိန်းသိမ်းခြင်းကလည်း ယောက်ျားလေးတွေရဲ့ အလှအပပြုပြင်ခြင်း အဆင့်တွေထဲမှာ အရေးကြီးဆုံးနဲ့ အခြေခံအကျဆုံးနေရာက ပါဝင်ပါတယ်။ဒါကြောင့်မို့ တစ်ပတ်တစ်ခါ ဒါမှမဟုတ် နေ့စဉ်နေ့တိုင်းမှာ သက်ဆိုင်ရာ ကိုယ်လက်သန့်ရှင်းမှုလုပ်ငန်းစဉ်တွေကို အလေးထားဆောင်ရွက်ပြီး ပုံမှန်လေးပြုလုပ်သင့်ပါတယ်။


2.ချေးချွတ်ပါ




ခန္ဓာကိုယ်နဲ့ မျက်နှာအစိတ်အပိုင်းတွေမှာ အချိန်ကာလတစ်ခုပေါ်မူတည်ပြီး ဆဲလ်အသေတွေနဲ့ ပြင်ပချေးညော်တွေစုစည်းပြီး အခန့်မသင့်ရင်အရေပြားပြသနာတွေဖြစ်လာတာမျိုးအထိ ဖြစ်တတ်ပါတယ်။ ဒါကြောင့်မို့တစ်ပတ်ကို အနည်းဆုံး နှစ်ကြိမ်လောက်တော့ ချေးချွတ်ပေါင်းတင်တာမျိုးပြုလုပ်ပေးသင့်ပါတယ်။ ချေးချွတ်တဲ့ Cosmetic တွေမှာပါဝင်တဲ့ဓာတ်ပစ္စည်းတွေကလည်း သာမာန်ဆပ်ပြာတွေမှာပါတဲ့ဓာတ်ပစ္စည်းတွေထက် အသားအရည်အတွက် ပိုကောင်းတဲ့လုပ်ဆောင်ချက်ကိုပေးစွမ်းနိုင်ပါတယ်။


3. မိတ်ကပ်ပါးပါး




ယောက်ျားလေးတွေ မိတ်ကပ်မလိုဘူးဆိုတာ အယူအဆတစ်ခုလို့သာဆိုရပါလိမ့်မယ်။ ပွဲလမ်းသဘင် နဲ့ မီးရောင်အောက်မှာအလုပ်လုပ်ရတဲ့သူ( ဥပမာ- မော်ဒယ်၊ social Influencer၊ သရုပ်ဆောင် ၊ public speaker) တွေအနေနဲ့ သာမက သာမန့်လူတောထဲသွားလာ လှုပ်ရှားလုပ်ကိုင်နေရတဲ့သူတွေမှာလည်း First impression ကောင်းစေဖို့အတွက် မိတ်ကပ်ကိုအနည်းနဲ့အများလိုအပ်ပါတယ်။ မိတ်ကပ်ထူလပျစ်ကြီးနဲ့ ပြာနှမ်းနေတာမျိုးတော့မဖြစ်စေနဲ့ပေါ့။ မိတ်ကပ်ဆိုတာ မျက်နှာပေါ်က အပြစ်အနာအဆာကိုဖုံးပေးတဲ့အရာလည်းဖြစ်တာကြောင့် ယောက်ျားလေးဖြစ်နေလို့မိတ်ကပ်မလိမ်းရဘူးဆိုတဲ့အယူဟာ လွဲမှားပါတယ်။ နေ့စဉ်သုံးအတွက်ယောက်ျားလေးတွေရွေးချယ်လို့ရတဲ့ မိတ်ကပ်အမျိုးအစားတွေအများကြီးရှိပါတယ်။ဥပမာ- လူသိများတဲ့ BB Cream လိုမျိုးကစလို့ Tinted Moisturizer လိုမျိုးတွေအထိပေါ့။


4.Workout




ယောက်ျားလေးတစ်ယောက်ရဲ့အလှအပမှာ Workout လုပ်ခြင်းဟာလည်း မဖြစ်မနေ ပါဝင်တဲ့အရာတစ်ခုလို့ဆိုရမှာပါ။ ရုပ်မလှရင်တောင်ခန္ဓာကိုယ်လှရင် ဆွဲဆောင်မှူရှိတယ်ဆိုတဲ့အချက်ကိုငြင်းလို့မရပါဘူး။ ဒါကြောင့်မို့ Workout လုပ်ဖို့မပျင်းပါနဲ့။ ရက်၊လအနည်းငယ်လောက် လေ့ကျင့်ခန်းပုံမှန်ကြိုးစားလုပ်ဆောင်ကြည့်ပြီးတဲ့အခါ Workout ကို နေ့စဉ်မလုပ်ပဲမနေနိုင်တဲ့အထိတောင်ဖြစ်သွားနိုင်ပါတယ်။


5. Skincare




ယောက်ျားလေးတွေဟာ ပုံမှန်အားဖြင့် မိတ်ကပ်နဲ့ငါတို့ မသက်ဆိုင်ဘူးဆိုတဲ့အတွေးမျိုးရှိတတ်ကြပါတယ်။ ဒီလို မိတ်ကပ်နဲ့မပတ်သက်ပဲနေချင်တယ်ဆိုရင် ပင်ကိုယ်အသားအရည်ကောင်းနေဖို့တော့လိုပါတယ်။ ဒါကြောင့် နေ့စဉ်ပုံမှန် အသားအရည်ထိန်းသိမ်းခြင်းနည်းလမ်းတွေကို မမေ့မလျော့ လုပ်ဆောင်ပါ။ ယောက်ျားလေးတစ်ယောက်ဟာ အသားအရည်ကောင်းတဲ့အခါ လူကြားထဲမှာ အလိုလို ထင်ရှားပြီးကြည့်ကောင်းနေတတ်တာမို့ အသားဖြူဖြူညိုညို အသားအရည်ကောင်းအောင်အထူးဂရုစိုက်သင့်ပါတယ်။

Photo Credit to the Rightful Owners


#ယောက်ျားလေး
#မိတ်ကပ်
#အသားအရည်
#ဓာတ်ပစ္စည်း
#အလှအပ

Some text some message..