ကြပ်ပြီး ချွတ်ရခက်တဲ့ လက်စွပ်ကို အလွယ်ကူဆုံး ချွတ်နည်းအမျိုးမျိုး
mystylemyanmar.com
|
2020-06-23

တခါတလေမှာ လက်စွပ်ကို စမ်းဝတ်ကြည့်လိုက်လို့ ကိုယ်နဲ့မတော်တဲ့ကြားက ကြပ်ကြပ်နဲ့ အထဲဝင်သွားပေမယ့် ချွတ်ရအတော်ခက်လှပါတယ်။ အဲဒီလို လက်စွပ်ကြပ်နေတဲ့အခါ ဆွဲထုတ်လိုက်ရင် အရမ်းကိုနာပါတယ်နော်။ ဒါ့ကြောင့် လက်မှာ ကြပ်နေပြီး ချွတ်ရခက်တဲ့ လက်စွပ်တွေကို အလွယ်တကူ ဖယ်ရှားလို့ရတဲ့ နည်းလမ်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။


မှန်ကြည် စပရေးဘူး






အရင်ဆုံး လက်စွပ်နားတစ်ဝိုက်ကို စပရေးဘူးနဲ့ ဖြန်းလိုက်ပါ။ လက်စွပ်ကို ထိတ်နဲ့ အောက်ခြေနားကို ကိုင်ပြီး ချွတ်လိုက်ပါ။


ပန်းကန်ဆေးဆပ်ပြာ


 





ပန်းကန်ဆေးဆပ်ပြာကို လက်စွပ်ပေါ်မှာ လိမ်းပေးပါ။ ပြီးရင် လက်နားတစ်ဝိုက်ကိုလိမ်းပေးပြီး ငြင်သာစွာပွတ်ပေးကာ ခပ်ဖြည်းဖြည်းလေး ချွတ်လိုက်ပါ။


Body Lotion






Body Lotion ကိုလက်စွပ်နဲ့ လက်ပေါ်မှာ သေချာလိမ်းပေးပြီး လက်စွပ်ကို ချွတ်လိုက်ပါ။


ရေခဲရေ






လက်ကို ရေခဲရေနဲ့ စိမ်လိုက်ပါ။ ၂ မိနစ်လောက်စိမ်ပြီးရင် လက်ကိုထုတ်ပြီး လက်စွပ်ကို ချွတ်လိုက်ပါ။


The post

ကြပ်ပြီး ချွတ်ရခက်တဲ့ လက်စွပ်ကို အလွယ်ကူဆုံး ချွတ်နည်းအမျိုးမျိုး appeared first on

MyStyle Myanmar .


#လက်စွပ်
#ရေခဲရေ
#ဆပ်ပြာ
#တခါတလေ
#အောက်ခြေ

Some text some message..