ပျိုမေတို့မျက်နှာလေး Jawline ပေါ်ပြီး ပိုလှလာစေမယ့်လေ့ကျင့်ခန်း ၅ ခု
mystylemyanmar.com
|
2020-06-25

မိန်းကလေးပဲဖြစ်ဖြစ်၊ ယောင်္ကျားလေးပဲဖြစ်ဖြစ် Jawline လေးပေါ်နေရင် ကြည့်ရတာ အရမ်းလှပါတယ်။ တချို့ဆိုရင် ဒီလို Jawline လေးပေါ်ချင်လို့တောင် surgery လုပ်ကြတာပါ။ ဒီလို ငွေကုန်ခံပြီး surgery လုပ်စရာမလိုပဲ ပျိုမေတို့မျက်နှာလေး Jawline ပေါ်ပြီး ပိုလှလာစေမယ့် လေ့ကျင့်ခန်း ၅ ခုကို မျှဝေပေးချင်ပါတယ်။ လေ့ကျင့်ခန်းဆိုတော့ ပုံမှန်လေးကြာကြာလုပ်ပေးမှ သိသာလာမှာ၊ ပြောင်းလဲလာမှာပါ။ အချိန်တစ်ခုတော့ပေးပြီး စိတ်ရှည်ရှည်လုပ်ရမှာပေါ့။

ပုံမှာပြထားတဲ့အတိုင်း လက်မနှစ်ချောင်းနဲ့ မေးရိုးဘေးဘက်ကို အပေါ်ကို ပင့်တင်တဲ့လေ့ကျင့်ခန်း လုပ်ပေးရမှာပါ။ ၁၀ ကြိမ်လုပ်ပေးရင် ရပါတယ်။




လက်သီးဆုပ်ပြီး မေးရိုးနှစ်ဖက်ကို ပုံမှာပြထားတဲ့အတိုင်း အပေါ်ကို တွန်းတင်တဲ့ လေ့ကျင့်ခန်းပါပဲ။ သူလည်း ၁၀ ကြိမ်လုပ်ပေးရင် ရပါတယ်။




စစချင်း ပထမပုံမှာပြထားတဲ့အတိုင်းနေပြီး ပြီးမှ နှုတ်ခမ်းကို ဒုတိယပုံထဲကလို လုပ်ပေးရမှာပါ။ ဒီလေ့ကျင့်ခန်းကိုတော့ ၁၅ ကြိမ်လုပ်ပေးရပါမယ်။




ပထမပုံမှာပြထားတဲ့အတိုင်း ပါးစပ်ကို “အို” ဆိုပြီး အသံထွက်ဆိုသလို လုပ်ပေးပါ။ ပြီးရင် ဒုတိယပုံထဲကလို “အယ်” ဆိုတဲ့ အသံထွက်ဆိုသလို လုပ်ပေးပါ။ ဒီလေ့ကျင့်ခန်းကိုလည်း ၁၅ ကြိမ်လုပ်ပေးရမှာပါ။




ပုံမှာပြထားတဲ့အတိုင်း ပထမပုံထဲကလို မေးစိကိုအရင်လုပ်ပါ။ ပြီးမှ ဒုတိယပုံထဲကလို ပုံမှန်အတိုင်း ပြန်နေပါ။ ဒီလေ့ကျင့်ကိုလည်း ၁၀ ကြိမ်လုပ်ပေးရပါမယ်။




အခုပြောပြသွားတဲ့ လေ့ကျင့်ခန်း ၅ မျိုးလုံးကို ပြောထားတဲ့ အကြိမ်အရေအတွက်အတိုင်း နေ့တိုင်းလုပ်ရမှာပါ။ ဒါမှလည်း သိသာတဲ့ Result ကို ရရှိလာမှာပါ။

Source: www.brightside.me


The post

ပျိုမေတို့မျက်နှာလေး Jawline ပေါ်ပြီး ပိုလှလာစေမယ့်လေ့ကျင့်ခန်း ၅ ခု appeared first on

MyStyle Myanmar .


#လေ့ကျင့်ခန်း
#မေးရိုး
#အသံထွက်
#ပထမ
#ဒုတိယ

Some text some message..