သဘာဝအတိုင်း တင်းတိပ်ပျောက်နည်း
trend.com.mm
|
2020-06-26

အသားအရောင်မညီဖြစ်စေတဲ့ တင်းတိတ်တွေက နဖူး၊ ပါး၊မေးစေ့တို့လို မျက်နှာပေါ်မှာတင်မကဘဲ လည်ပင်းမှာတောင်ဖြစ်နိုင်ပါတယ်။ အမျိုးသမီးဟော်မုန်းတွေပိုများရင် melanin ပိုထွက်တာမို့ အမျိုးသားတွေထက် အမျိုးသမီးတွေမှာပိုအဖြစ်များပါတယ်။

မျက်နှာလေးလှပါလျက်နဲ့ တင်းတိတ်တွေကြောင့်အသားမညီရင်တော်တော်စိတ်ညစ်ရမှာပါ။ ကြာရှည် နေလောင်တာရယ်၊ မျိုးဗီဇပြဿနာရယ်၊အမျိုးသမီးဟော်မုန်းတွေမူမမှန်တာရယ်ကြောင့်ဖြစ်နိုင်သလို ကိုယ်ဝန်ဆောင်ချိန်မှာလည်းဖြစ်လာတတ်တဲ့ပြဿနာပါ။ အရေပြားအလှအပကုထုံးတွေမှာတော့ဆေးဝါးမျိုးစုံနဲ့ ကုသကြပေမယ့် အကုန်အကျနည်းပြီးဘေးကင်းတဲ့ အိမ်သုံးနည်းလမ်းလေးတစ်ခု အကြံပေးချင်ပါတယ်။ ချက်ချင်းတော့မပျောက်နိုင်ပေမယ့် လွယ်ကူသက်သာတဲ့နည်းနဲ့လျော့ပါးသွားစေမယ်ဆို့ ဝမ်းသာကြမှာပါ။

အဲဒါကတော့ ငှက်ပျောသီးရယ်၊ ဒိန်ချဉ်ရယ်၊ သံပရာသီးရယ် ပါတဲ့ပေါင်းတင်နည်းဖြစ်ပါတယ်။

ငှက်ပျောခွံနဲ့ ကပ်တာကတောင် မှဲ့ခြောက်၊တင်းတိတ်တွေ အကုန်လျော့ပါးသက်သာစေနိုင်တယ်လို့ပြောကြတယ်။ အခုလို အာဟာရဓါတ်အပြည့်ပါတဲ့ အသီးအနှံနဲ့နို့ထွက်ပစ္စည်းရောသုံးတာကတော့ တင်းတိတ်အတွက် မတွေးတောင် အသားလှစေမှာသေချာပါတယ်။


ပါဝင်ပစ္စည်းတွေကတော့
ငှက်ပျောသီးတစ်လုံး
ဒိန်ချဉ်ရိုးရိုး နှစ်ဇွန်း
သံပရာရည်သုံးဇွန်း


ငှက်ပျောသီးကို အနှစ်ဖြစ်အောင်ခြေပါ။
ဒိန်ချဉ်ထည့်ပြီး ဆက်မွှေပါ။
ပျစ်နှစ်နေတဲ့အထိမွှေပြီးမှ
နောက်ဆုံးမှ သံပရာရည်ထည့်ပြီး ထပ်မွှေပါ။
ဘယ်လိုသုံးရလဲ


ညဘက်ပေါင်းတင်တာ ပိုကောင်းပါမယ်။
မျက်နှာသစ်ပြီးခြောက်တော့မှ အနှစ်ကိုသေချာသုတ်လိမ်းပါ။
မိနစ် ၂၀လောက်ထားပါ။
ပြီးမှရေအေးနဲ့မျက်နှာသစ်ပါ။
ပေါင်းတင်ပြီးနောက်ပိုင်း
ပေါင်းတင်ပြီးတဲ့နောက်မှာနေပူထဲသိပ်မသွားဖို့ အရေးကြီးပါတယ်။ သံပရာသီးရဲ့အက်စစ်ဓါတ်ကြောင့် အရေပြားမှာအကြွင်းအကျန်ရှိနေရင်နေရောင်ခြည်နဲ့ထိတွေ့မိတဲ့အခါ ဓါတုဓါတ်ပြုမှုတွေဖြစ်လာနိုင်သလိုလောင်စေနိုင်ပါတယ်။
ရေများများနဲ့ မျက်နှာသစ်ပစ်ရမှာဖြစ်ပါတယ်။ အချိန်ကိုလည်း မိနစ် ၂၀ ထက်ပိုမကြာပါစေနဲ့။ တင်းတိတ်နည်းတယ်ဆိုရင် ၁၀ မိနစ်လောက်ပဲထားပါ။
ပေါင်းတင်ပြီးတဲ့အခါmoisturizer လိမ်းပါ၊ အပြင်သွားရင်sunscreen လိမ်းပါ။ပေါင်းတင်ပြီးကာစ နုနေတဲ့အသားအရေက ထိခိုက်လွယ်နေပါလိမ့်မယ်။
ဒီနည်းကို နှစ်ပတ် တစ်ကြိမ်လောက်လုပ်ပေးပါ။
သဘာဝပစ္စည်းနဲ့ပြုလုပ်တဲ့ နည်းလမ်းဖြစ်ပေမယ့် တင်းတိတ်နဲ့အရေပြားပြဿနာတွေ အတွက်က သက်ဆိုင်ရာဆရာဝန်ကိုပြသပြီးဆွေးနွေးအကြံပြုချက်ယူတာအကောင်းဆုံးပါ။ ပျိုမေတို့တွေ အနာအဆာကင်းတဲ့လှပခြင်းတွေ ပိုင်ဆိုင်နိုင်ကြပါစေ။


Ref;HEALTH GROUP


#သံပရာ
#မျက်နှာသစ်
#ငှက်ပျောသီး
#အရေပြား
#မိနစ်

Some text some message..