
တစ်ခါတစ်လေ သတိထားမိပြီးဖြစ်စေ သတိမထားမိပဲဖြစ်စေ ကိုယ့်ဆံပင်ကို လိမ်နေတာမျိုး၊ဆံပင်ကိုဖွပြီးကစားနေတာမျိုးဖြစ်တတ်ပါတယ်။ဒီလိုဆံပင်ကိုဆော့ကစားမိနေတာဟာ စိတ်ပိုင်းဆိုင်ရာအခြေအနေနဲ့ဆက်စပ်နေပါတယ်တဲ့။
လေ့လာရှာဖွေတွေ့ရှိချက်တွေအရ သင့်ဆံပင်ကို မကြာခဏဖွပြီးဆော့ကစားနေတာဟာ ဒီလို စိတ်ပိုင်းဆိုင်ရာအလှည့်အပြောင်းလေးတွေကြောင့်ဖြစ်တယ်လို့သိရပါတယ်။
*စိတ်ဖိစီးမှုများလာတဲ့အခါ
လေ့လာချက်တွေအရ ဆံပင်ကို ခဏခဏလိမ်တယ်။ဖွနေတယ်၊ဆော့ကစားနေတယ်ဆိုတာဟာစိတ်ဖိစီးမှုများနေတာကြောင့်ပါ။ကိုယ်ဝတ်လာတဲ့အဝတ်အစားအပြင်အဆင်ကအဆင်မပြေဘူးလို့စိတ်ကထင်နေတဲ့အခါမျိုး၊တစ်ယောက်ယောက်နဲ့ပထမဆုံးအကြိမ်စတွေ့ရမှာမို့ စိတ်လှုပ်ရှားနေတဲ့
အခါမျိုးမှာ စိတ်ဖိစီးမှုဖြစ်လာပြီး ဆံပင်ကို သွားပြီးကစားနေမိတာပါပဲ။
*ကိုယ်သဘောကျတဲ့လူကို တွေ့တဲ့အခါ
ဒီလိုဆံပင်ကိုလိမ်နေတာ၊ဖွနေတာဟာ တစ်ခြားတစ်ယောက်အတွက်အချက်ပြတဲ့သင်္ကေတတစ်ခုဖြစ်နေပါတယ်။ကိုယ်သဘောကျတဲ့တစ်စုံတစ်ယောက်ကိုတွေ့တဲ့အခါ မိန်းကလေးအတော်များများက စိတ်လှုပ်ရှားရင်ခုန်လာပြီးအကြောင်းရင်းမရှိဆံပင်ကိုလိမ်နေတာမျိုး၊ဆံပင်ကိုသပ်လိုက်တာမျိုးစသဖြင့်ဆံပင်နဲ့ပတ်သက်တာတစ်ခုခုကိုလုပ်လေ့ရှိပါတယ်။သတိထားမိတတ်တဲ့လူဆို ဒီမိန်းကလေး ငါ့ကိုကြွေနေပြှီဆိုတာ ရိပ်မိနိုင်ပါတယ်။
*တစ်ခုခုကိုလေးလေးနက်နက်စဉ်းစားနေတဲ့အခါ
ကိစ္စတစ်ခုခုကိုအာရုံစိုက်စဉ်းစားနေတဲ့အခါ ကိုယ်တွေကအမှတ်မထင် ဆံပင်ကိုပဲသွားသွားလိမ်မိ၊ဖွမိနေတတ်ပါတယ်လို့ ပညာရှင်တစ်ယောက်က ပြောပြထားပါတယ်။အထူးသဖြင့် ဆံပင်ဖွတာနဲ့စိတ်နဲ့က ဆက်စပ်နေတဲ့အကြောင်းဖော်ပြထားတာပါ။ပျင်းရိနေတဲ့အခါမျိုး၊တစ်ခုခုကိုနက်နက်နဲနဲ
တွေးမိနေတာမျိုး၊စိတ်လှုပ်ရှားနေတဲ့အခါမျိုး၊စိတ်ဖိစီးမှုတွေတအားများလာတဲ့အခါမျိုးမှာ လက်ကအလိုအလျောက်ဆံပင်တွေကိုရောက်သွားပြီးလိမ်မိ၊ဖွမိ၊ကစားမိတာမျိုးဖြစ်စေပါတယ်။
*ယုံကြည်မှုလျော့နည်းတဲ့အခါမျိုး
တစ်ခုခုအဆင်မပြေဖြစ်မှာစိုးလို့ စိတ်ပူနေရင် ကိုယ့်ကိုယ့်ကိုယ်ပါ ယုံကြည်မှုရလျော့နည်းလာတတ်ပါတယ်။အဲ့ဒီအခါမျိုးမှာ တစ်ခြားလူတွေရှေ့က ထွက်ပြေးသွားချင်သလိုဖြစ်ပြီး စိတ်လှုပ်ရှားမှုမြင့်တက်လာကာ ဆံပင်ကိုသွားပြီးကလိမိ၊ကစားမိတတ်ပါတယ်။ဒါပေမဲ့အဲ့ဒါက ပိုပြီးစိတ်လှုပ်ရှားမှု
မြင့်တက်လာစေတယ်လို့လည်းသိရပါတယ်။
*သက်တောင့်သက်သာမဖြစ်တဲ့အခါမျိုး
တစ်ယောက်ယောက်က ခေါင်းကိုကိုင်နေမယ်။ဆံပင်တွေဖွနေမယ်။လည်ပင်းကိုအကြောင်းမရှိအကြောင်းရှာပွတ်သပ်နေမယ်ဆိုရင်အဲ့ဒီလူဟာအတော်ကြီးစိတ်သက်တောင့်သက်သာဖြစ်မနေလို့ပါပဲတဲ့။စိတ်ဖိစီးမှုဖြစ်တာမဟုတ်ပေမဲ့ တစ်ခုခုကြောင့်နေရထိုင်ရတာ သက်တောင့်သက်သာမရှိတဲ့အခါ ယုံကြည်မှုလျော့နည်းလာပြီး ဆံပင်ကိုသွားပြီးကစားမိနေတာပါ။
အထူးသဖြင့် စိတ်ဖိစီးမှုဖြစ်တဲ့အခါ၊စိတ်သက်တောင့်သက်သာမဖြစ်တဲ့အခါ လက်က ဆံပင်ကိုအလိုအလျောက်ရောက်သွားပြီး ဖွတာ၊ကစားတာတွေလုပ်မိနေတာပါ။ ဒီလိုဆံပင်ဖွတာဟာအမြဲတမ်းဖြစ်တတ်တဲ့လူတွေလည်းရှိမယ်။တစ်ခါတစ်လေမှ ဆံပင်ကိုဖွမိ၊လိမ်မိတဲ့လူတွေလည်းရှိမယ်။ဘယ်လိုလဲဆံပင်ကိုဖွမိကစားမိပါစေ ဒီလိုအကျင့်က ဆံပင်ပျက်စီးမှုကို ဦးတည်နေပါတယ်တဲ့။
ဆံပင်ကိုဖွမိ လိမ်မိ ကစားမိတာဟာ ဆံပင်တွေရှုပ်ထွေးရစ်ပတ်စေပြီး ဆံပင်နှစ်ခွပိုဖြစ်လာစေပါတယ်။ကိုယ့်လက်က ညစ်ပတ်နေတာဖြစ်စေ၊အဆီထွက်နေတာဖြစ်စေအဲ့အချိန်မှာဆံပင်ကိုသွားကိုင်မိရင် လက်ကအဆီတွေ၊ညစ်ပတ်တာတွေဟာ ဦးရေပြားနဲ့ဆံပင်တွေကို ရောက်သွားပြီး ကြမ်းတမ်းတဲ့ဆံသားအသွင်ပြောင်းလဲသွားစေနိုင်ပါတယ်။ဒါကြောင့်စိတ်လှုပ်ရှားလာတိုင်း၊စိတ်ဖိစီးမှုများလာတိုင်း ဆံပင်ကိုဖွမိကစားမိနေတတ်သူဆိုရင် ဆံပင်ကို ကလိမယ့်အစား stress ball လေးတွေဆောင်ထားတာမျိုး၊တစ်ခြားတစ်ခုခုကိုအာရုံုစိုက်လိုက်တာမျိုးလုပ်ပေးသင့်ပါတယ်။
Ref:rebelcircus
Unicode
*စိတ်ဖိစီးမှုများလာတဲ့အခါ
လေ့လာချက်တွေအရ ဆံပင်ကို ခဏခဏလိမ်တယ်။ဖွနေတယ်၊ဆော့ကစားနေတယ်ဆိုတာဟာစိတ်ဖိစီးမှုများနေတာကြောင့်ပါ။ကိုယ်ဝတ်လာတဲ့အဝတ်အစားအပြင်အဆင်က အဆင်မပြေဘူးလို့စိတ်ကထင်နေတဲ့အခါမျိုး၊တစ်ယောက်ယောက်နဲ့ပထမဆုံးအကြိမ်စတွေ့ရမှာမို့ စိတ်လှုပ်ရှားနေတဲ့
အခါမျိုးမှာ စိတ်ဖိစီးမှုဖြစ်လာပြီး ဆံပင်ကို သွားပြီးကစားနေမိတာပါပဲ။
*ကိုယ်သဘောကျတဲ့လူကို တွေ့တဲ့အခါ
ဒီလိုဆံပင်ကိုလိမ်နေတာ၊ဖွနေတာဟာ တစ်ခြားတစ်ယောက်အတွက် အချက်ပြတဲ့သင်္ကေတတစ်ခုဖြစ်နေပါတယ်။ကိုယ်သဘောကျတဲ့တစ်စုံတစ်ယောက်ကိုတွေ့တဲ့အခါ မိန်းကလေးအတော်များများက စိတ်လှုပ်ရှားရင်ခုန်လာပြီး အကြောင်းရင်းမရှိဆံပင်ကိုလိမ်နေတာမျိုး၊ဆံပင်ကိုသပ်လိုက်တာမျိုးစသဖြင့်ဆံပင်နဲ့ပတ်သက်တာတစ်ခုခုကိုလုပ်လေ့ရှိပါတယ်။သတိထားမိတတ်တဲ့လူဆို ဒီမိန်းကလေး ငါ့ကိုကြွေနေပြီှဆိုတာ ရိပ်မိနိုင်ပါတယ်။
*တစ်ခုခုကိုလေးလေးနက်နက်စဉ်းစားနေတဲ့အခါ
ကိစ္စတစ်ခုခုကိုအာရုံစိုက်စဉ်းစားနေတဲ့အခါ ကိုယ်တွေက အမှတ်မထင် ဆံပင်ကိုပဲသွားသွားလိမ်မိ၊ဖွမိနေတတ်ပါတယ်လို့ ပညာရှင်တစ်ယောက်က ပြောပြထားပါတယ်။အထူးသဖြင့် ဆံပင်ဖွတာနဲ့စိတ်နဲ့က ဆက်စပ်နေတဲ့အကြောင်းဖော်ပြထားတာပါ။ပျင်းရိနေတဲ့အခါမျိုး၊တစ်ခုခုကိုနက်နက်နဲနဲ
တွေးမိနေတာမျိုး၊စိတ်လှုပ်ရှားနေတဲ့အခါမျိုး၊စိတ်ဖိစီးမှုတွေတအားများလာတဲ့အခါမျိုးမှာ လက်က အလိုအလျောက်ဆံပင်တွေကိုရောက်သွားပြီးလိမ်မိ၊ဖွမိ၊ကစားမိတာမျိုးဖြစ်စေပါတယ်။
*ယုံကြည်မှုလျော့နည်းတဲ့အခါမျိုး
တစ်ခုခုအဆင်မပြေဖြစ်မှာစိုးလို့ စိတ်ပူနေရင် ကိုယ့်ကိုယ့်ကိုယ်ပါ ယုံကြည်မှုရလျော့နည်းလာတတ်ပါတယ်။အဲ့ဒီအခါမျိုးမှာ တစ်ခြားလူတွေရှေ့က ထွက်ပြေးသွားချင်သလိုဖြစ်ပြီး စိတ်လှုပ်ရှားမှုမြင့်တက်လာကာ ဆံပင်ကိုသွားပြီးကလိမိ၊ကစားမိတတ်ပါတယ်။ဒါပေမဲ့ အဲ့ဒါက ပိုပြီးစိတ်လှုပ်ရှားမှု
မြင့်တက်လာစေတယ်လို့လည်းသိရပါတယ်။
*သက်တောင့်သက်သာမဖြစ်တဲ့အခါမျိုး
တစ်ယောက်ယောက်က ခေါင်းကိုကိုင်နေမယ်။ဆံပင်တွေဖွနေမယ်။လည်ပင်းကို အကြောင်းမရှိအကြောင်းရှာပွတ်သပ်နေမယ်ဆိုရင် အဲ့ဒီလူဟာအတော်ကြီးစိတ်သက်တောင့်သက်သာဖြစ်မနေလို့ပါပဲတဲ့။စိတ်ဖိစီးမှုဖြစ်တာမဟုတ်ပေမဲ့ တစ်ခုခုကြောင့်နေရထိုင်ရတာ သက်တောင့်သက်သာမရှိတဲ့အခါ ယုံကြည်မှုလျော့နည်းလာပြီး ဆံပင်ကိုသွားပြီးကစားမိနေတာပါ။
အထူးသဖြင့် စိတ်ဖိစီးမှုဖြစ်တဲ့အခါ၊စိတ်သက်တောင့်သက်သာမဖြစ်တဲ့အခါ လက်က ဆံပင်ကိုအလိုအလျောက်ရောက်သွားပြီး ဖွတာ၊ကစားတာတွေလုပ်မိနေတာပါ။ဒီလိုဆံပင်ဖွတာဟာ အမြဲတမ်းဖြစ်တတ်တဲ့လူတွေလည်းရှိမယ်။တစ်ခါတစ်လေမှ ဆံပင်ကိုဖွမိ၊လိမ်မိတဲ့လူတွေလည်းရှိမယ်။ဘယ်လိုလဲဆံပင်ကိုဖွမိကစားမိပါစေ ဒီလို အကျင့်က ဆံပင်ပျက်စီးမှုကို ဦးတည်နေပါတယ်တဲ့။
ဆံပင်ကိုဖွမိ လိမ်မိ ကစားမိတာဟာ ဆံပင်တွေရှုပ်ထွေးရစ်ပတ်စေပြီး ဆံပင်နှစ်ခွပိုဖြစ်လာစေပါတယ်။ကိုယ့်လက်က ညစ်ပတ်နေတာဖြစ်စေ၊အဆီထွက်နေတာဖြစ်စေ အဲ့အချိန်မှာဆံပင်ကိုသွားကိုင်မိရင် လက်ကအဆီတွေ၊ညစ်ပတ်တာတွေဟာ ဦးရေပြားနဲ့ဆံပင်တွေကို ရောက်သွားပြီး ကြမ်းတမ်းတဲ့ဆံသားအသွင်ပြောင်းလဲသွားစေနိုင်ပါတယ်။ဒါကြောင့်စိတ်လှုပ်ရှားလာတိုင်း၊စိတ်ဖိစီးမှုများလာတိုင်း ဆံပင်ကိုဖွမိကစားမိနေတတ်သူဆိုရင် ဆံပင်ကို ကလိမယ့်အစား stress ball လေးတွေဆောင်ထားတာမျိုး၊တစ်ခြားတစ်ခုခုကိုအာရုုံစိုက်လိုက်တာမျိုးလုပ်ပေးသင့်ပါတယ်။
Ref:rebelcircus