Body Spa ပုံမှန်လုပ်ခြင်းကြောင့်ရရှိလာမယ့်အကျိုးကျေးဇူးများ
mystylemyanmar.com
|
2020-07-24

Body Spa ကတော့ တတ်နိုင်ရင် တစ်လတစ်ခါလောက် ပုံမှန်လေးလုပ်ပေးသင့်ပါတယ်။ သူက အလှအပအတွက်တင်မဟုတ်ပဲ ကျန်းမာရေးအတွက် လည်း တစ်ဖက်တစ်လမ်းကနေ အထောက်အကူဖြစ်စေပါတယ်။ မိန်းကလေးပဲဖြစ်ဖြစ်၊ ယောင်္ကျားလေးပဲဖြစ်ဖြစ်၊ လူကြီး၊ လူငယ်မရွေး လုပ်သင့်ပါတယ်။ ဒီလို Body Spa ပုံမှန်လုပ်ပေးမယ်ဆိုရင် ဘယ်လို အကျိုးကျေးဇူးတွေ ရရှိလာမလဲဆိုတာကို ဖတ်ကြည့်လိုက်ရအောင်နော်။

Stress တွေလျော့ကျစေတယ်

Body Spa လုပ်ရင် Stress တွေလျော့ကျပြီး စိတ်ပျော်ရွှင်စေပါတယ်။ ဒါကြောင့် တစ်လတစ်ခါပုံမှန်လုပ်ပေးသင့်ပါတယ်။




ပေါ့ပါးလန်းဆန်းစေတယ်

Body Spa လုပ်ရင် ခန္ဓာကိုယ်ပေါ့ပါးလန်းဆန်းပြီး နေလို့ကောင်းသွားတယ်။ စိတ်လည်း လန်းဆန်းပြီး ပေါ့ပါးသွားစေပါတယ်။ ကိုယ်လက်မအီမသာဖြစ်ပြီး နုံးချိနေတာ၊ နာကျင်ကိုက်ခဲတာတွေလည်း ပြေပျောက်စေပါတယ်။ စိတ်လည်းပျော်ရွှင်စေပါတယ်။




အသားအရေပိုကြည်လာမယ်

အကောင်းဆုံးအချက်ကတော့ Body Spa လုပ်ရင် ဂျီးတွေ၊ ဆဲလ်သေတွေ ကွာကျသွားတဲ့အတွက် အသားအရေပိုပြီး ကြည်လင်လာမယ်။ စိုပြည်လာမယ်။ အသားဖြူမှမဟုတ်ပါဘူး၊ အသားညိုရင်တောင် အသားအရေလေးက စိုပြည်ပြီးကြည်နေရင် အရမ်းလှပါတယ်။ ဒါကြောင့် တစ်လတစ်ခါပုံမှန်လုပ်ပေးရင် အသားကြည်ပြီး အသားပါပိုဖြူလာပါလိမ့်မယ်။




သွေးလည်ပတ်မှုကောင်းမွန်လာမယ်

Body Spa လုပ်ရင် သွေးလည်ပတ်မှု ပိုကောင်းလာစေပါတယ်။ ဒါကြောင့် ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်လို့ တစ်လတစ်ခါ လုပ်ပေးနိုင်ရင် အရမ်းကောင်းပါတယ်။




ဝိတ်ကျစေတယ်

Body Spa လုပ်ရင် ဝိတ်လည်းကျစေပါတယ်တဲ့နော်။ တစ်ခါလောက်သွားရုံနဲ့တော့မရဘူးပေါ့။ တစ်လတစ်ခါ ပုံမှန်လေးလုပ်ပေးဖို့တော့ လိုတာပေါ့။




ကိုယ့်ကိုယ်ကိုယုံကြည်မှုပိုရှိလာစေတယ်

Body Spa ပုံမှန်လုပ်ရင် စိတ်ကြည်လင်ပြီး Stress တွေလည်းလျော့တယ်၊ အသားအရေကလည်း အရင်ထက်အများကြီး ပိုလှလာမှာဖြစ်လို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရှိလာစေတယ်။ ဥပမာ ဒူးမဲလို့၊ အသားအရေညစ်နေလို့၊ ဂျေးတွေနဲ့မို့ ဟိုဟာမဝတ်ရဲ၊ ဒီဟာမဝတ်ရဲဖြစ်နေတာတွေက Body Spa ပုံမှန်လုပ်ရင် အသားအရေကြည်ပြီး လှလာတယ်၊ အသားအရေလည်းညီလာတဲ့အတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရှိလာတာပေါ့။




photo source:www.freepik.com


The post

Body Spa ပုံမှန်လုပ်ခြင်းကြောင့်ရရှိလာမယ့်အကျိုးကျေးဇူးများ appeared first on

MyStyle Myanmar .


#ယုံကြည်မှု
#အသား
#အကျိုးကျေးဇူး
#အထောက်အကူ
#လည်ပတ်

Some text some message..