နှာခေါင်းပေါ်က ဆားဝက်ခြံပျောက်ဖို့ သကြားနဲ့ သခွားသီးကို တွဲသုံးမယ်
mystylemyanmar.com
|
2020-07-28

နွေရာသီဆိုရင် အဆီပိုပြန်လို့ ဆားဝက်ခြံတွေ ပိုဖြစ်စေပါတယ်။ ဒါတင်မက ချွေးပြန်တာကြောင့် အညစ်အကြေးပိုကပ်စေပြီး ချွေးပေါက်ပွင့်သွားတာ ဆားဝက်ခြံပိုဖြစ်ရပါတယ်။ ဆားဝက်ခြံဖြစ်ပြီဆိုရင် သိပ်ကိုအနှောင့်အယှက်ဖြစ်စရာကောင်းလှပါတယ်။




ဆားဝက်ခြံပြဿနာကိုဖြေရှင်းဖို့ နည်းလမ်းများစွာရှိတဲ့ထဲကမှ ဒီတခါမှာတော့ သကြားနဲ့ သခွားသီးကို တွဲပြီးအသုံးပြုပုံကို မျှဝေပေးသွားမှာပါ။ ပါဝင်ပစ္စည်းနှစ်မျိုးကလည်း အလွယ်တကူရှာလို့ရတဲ့ ပစ္စည်းတွေမို့ စာဖတ်သူတို့အတွက်အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။

ပါဝင်ပစ္စည်း




သခွားသီး ၁ စိတ် (ပါးပါးလှီး)

သကြား လက်ဖက်ရည်ဇွန်း ၁ဇွန်း

ပြင်ဆင်ခြင်း




သခွားသီးပါးပါးလှီးထားတာကိုအပေါ်ကနေ သကြားဖြူးလိုက်ပါ။ ဒါဆိုရင်အသုံးပြုလိုပရပါပြီ။

အသုံးပြုခြင်း




တဘက်ကို ရေနွေးစွတ်ပြီး နှာခေါင်းပေါ်မှာ ၂မိနစ်လောက် ကပ်ထားပေးပါ။ အဲဒါက ချွေးပေါက်ပွင့်သွားဖို့ကူညီပေးပြီး ဆားဝက်ခြံတွေဖယ်ရှားရာမှာ ပိုမိုလွယ်ကူစေမှာပါ။

ပြီးရင် သကြားကပ်ထားတဲ့ သခွားသီးကိုယူပြီး နှာခေါင်းမှာ ၅မိနစ်လောက်ပွတ်တိုက်ပေးပါ။ သကြားတွေအားလုံး အရည်ပျော်သွားတဲ့ထိလုပ်ပေးပါ။

ပြီးရင်တော့ ရေအေးအေးလေးနဲ့ ဆေးချပါ။




ပြီးရင်တော့ toner လိမ်းပေးပါ။ ဒါဆိုရင် ချွေးပေါက်ကိုပြန်ပြီး အားဖြည့်ပေးမှာဖြစ်ပါတယ်။စိတ်တော့ရှည်ရပါမယ်။ ဒီနည်းလမ်းကို နေ့စဉ်ပုံမှန် ၁ ခေါက်လောက်လုပ်ပေးပါ။ ဆားဝက်ခြံတွေ တဖြည်းဖြည်းရှင်းသွားမှာဖြစ်ပါတယ်။

သခွားသီး




သခွားသီးမှာ ဗီတာမင် C နဲ့ ကဖိန်းအက်ဆစ်ဓါတ်ပါဝင်လို့ အသားအရေကို သန့်ရှင်းစေပြီး ဆားဝက်ခြံတွေ ဖယ်ရှားပေးနိုင်ပါတယ်။ မမြင်ရတဲ့ ပိုးမွှားတွေကိုလည်း ဖယ်ရှားပေးလို့ ဝက်ခြံ ဆားဝက်ခြံနဲ့ အရေးပြားဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းပေးပါတယ်။

သကွား




သကြားကတော့ သဘာဝအတိုင်း ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး ချွေးပေါက်ကို သန့်ရှင်းပေးနိုင်ပါတယ်။ ခွှေးပေါက်ပွင့်စေပြီး အဆီပိုတွေ အည်စအကြေးတွေကို သန့်စင်ပေးနိုင်ပါတယ်။



The post

နှာခေါင်းပေါ်က ဆားဝက်ခြံပျောက်ဖို့ သကြားနဲ့ သခွားသီးကို တွဲသုံးမယ် appeared first on

MyStyle Myanmar .


#ဝက်ခြံ
#သခွားသီး
#သကြား
#နှာခေါင်း
#အကြေး

Some text some message..