မိတ်ကပ်လိမ်းပြီးတဲ့အခါ အသားအရေက ဘာလို့ မစိုပြေနေတာလဲ
mystylemyanmar.com
|
2020-07-29

မင်္ဂလာပါနော်။ မိတ်ကပ်လိမ်းတယ်ဆိုတာ မိမိကိုယ်ကို ပိုပြီးယုံကြည်မှုရှိဖို့နဲ့ အပြစ်အနာဆာတွေကို ဖံးကွယ်ဖို့ လိမ်းတာဖြစ်ပါတယ်။ ပိုပြီးလှဖို့လိမ်းတယ်ဆိုလည်း မမှားပါဘူး။




မိတ်ကပ်လိမ်းတဲ့အခါ မိတ်ကပ်သားမညီတာမျိုး ကွက်တာမျိုး မဖြစ်စေဘဲ အသားအရေက စိုစိုပြေပြေလေးဖြစ်နေစေဖို့ လိုအပ်ပါတယ်။

အဲဒီလိုဘာလို့မဖြစ်တာလဲဆိုတာကို မျှဝေပေးချင်ပါတယ်။


Primer မသုံးခြင်း




ဖောင်ဒေးရှင်းမလိမ်းခင်မှာ Primer ကို အရင်လိမ်းသင့်ပါတယ်။ ဒီလိုလိမ်းတာဟာ မိတ်ကပ်တာရှည်ခံဖို့နဲ့ မိတ်ကပ်သားသိပ်အောင်လိမ်းတာဖြစ်ပါတယ်။ ဒါ့အပြင် အဆီပြန်ရင်လည်း မိတ်ကပ်သား ပျက်မသွားအောင်လိမ်းတာပါ။


စပရေးမသုံးခြင်း




မိတ်ကပ်လိမ်းပြီးတဲ့အခါ စပရေးကို ဖွဖွလေး ဖြန်းပေးလိုက်ပါ။ အဲဒီလိုဖြန်းပေးတာဟာ မိတ်ကပ်ကို ပိုပြီးတော့လည်း တာရှည်ခံစေသလို အေးမြလန်းဆန်းစေပါတယ်။


ပေါင်ဒါမသုံးခြင်း




ဖောင်ဒေးရှင်းတွေလိမ်းပြီးရင် 2 Ways မိတ်ကပ်အစား ပေါင်ဒါကို သုံးသင့်ပါတယ်။ ပေါင်ဒါဟာ သင့်ရဲ့ မိတ်ကပ်ကို သဘာဝနဲ့ ထပ်တူအကျဆုံးဖြစ်စေမှာပါ။


ဖောင်ဒေးရှင်းမှားယွင်းစွာသုံးခြင်း




သင့်အသားအရေနဲ့ မလိုက်ဖက်တဲ့ ဖောင်ဒေးရှင်းသုံးခြင်းမှ ရှောင်ကျဉ်သင့်ပါတယ်။ ဖောင်ဒေးရှင်းရွေးတဲ့အခါ သင့်အသားအရေနဲ့ လိုက်ဖက်တဲ့အရောင်ကို ရွေးချယ်ပါ။


မိတ်ကပ်အများကြီးလိမ်းခြင်း




မိတ်ကပ်သားကို အများကြီး အထူကြီးလိမ်းတာဟာလည်း မကောင်းပါဘူး။ အဲဒီလိုလိမ်းတာဟာ သင့်ရဲ့ ဆွဲဆောင်မှုကိုတောင် လျော့ကျစေပါတယ်။ မိတ်ကပ်ကိုလိုသလောက် ခပ်ပါးပါးပဲ လိမ်းပါ။


The post

မိတ်ကပ်လိမ်းပြီးတဲ့အခါ အသားအရေက ဘာလို့ မစိုပြေနေတာလဲ appeared first on

MyStyle Myanmar .


#မိတ်ကပ်
#ဖောင်ဒေးရှင်း
#ပေါင်ဒါ
#အပြစ်အနာ
#အထူ

Some text some message..