သံပုရာသီးနဲ့ အလှပြင်မယ်
trend.com.mm
|
2020-08-06

အလှအပဆိုတာက မိန်းကလေးတိုင်းအတွက် အရေးကြီးတဲ့ လိုအပ်ချက်တစ်ခုပါနော်။ဒါကြောင့် ဒီနေ့မှာတော့ ပရိသတ်ကြီးအတွက် အလွယ်တကူအိမ်မှာပဲ အလှပြင်လို့ရမယ့်နည်းလေးဖြစ်တဲ့ သံပုရာသီးနဲ့ အလှပြင်နည်းလေးတွေကို ပြောပြလိုက်ပါတယ်နော်။

ချိုင်း(ဂျိုင်း) က အမည်းတွေ ဖယ်ရှားနည်း

မိန်းကလေးတွေအတွက်တော့ ချိုင်း(ဂျိုင်း) မှာ အမည်းရှိတာက စိတ်ညစ်စရာပါ။ သံပုရာသီးမှာ ပါဝင်တဲ့ Citric acid ဟာ ဘက်တီးရီးယားတွေကို (၉၉%) သေစေနိုင်ပါတယ်။ ဘက်တီးရီးယားတွေ ကင်းစင်သွားရင် ဖြူသွားမှာနော်။ သံပုရာသီးကို ထက်ခြမ်းခြမ်းပြီး ချိုင်းမှာ ပွတ်လိမ်းပေးပါ။ ခြောက်သွားအောင်တော့ ထားပေးလိုက်ပါ။ ပြီးမှ ရေနဲ့ဆေးပြီးဖယ်ရှားပါ။ ချိုင်းလေး ဖြူလာမှာ ဖြစ်သလို ချွေးနံ့ ရတာတွေပါ ပျောက်သွားမှာပါ။

ဦးရေပြားခြောက်တာနဲ့ ဘောက်တွေ ဖယ်ရှားနည်း

အုန်းဆီ လက်ဖက်စားဇွန်း (၄) ဇွန်းကို မီးအပူလေး နည်းနည်း ပေးလိုက်ပါ။ ပြီးရင်တော့ သံပုရာရည် လက်ဖက်စားဇွန်း(၂) ဇွန်းနဲ့ နှံ့သွားအောင် ရောမွှေလိုက်ပါ။ ဆံပင်နဲ့ ဦးရေပြားမှာ လိမ်းပြီး (၁၅) မိနစ်လောက်ထားပါ။ နောက်မှ ခေါင်းလျှော်ရည်လေးနဲ့ လျှော်ပါနော်။ တပတ်ကို (၃) ကြိမ်လောက်လုပ်မယ်ဆိုရင် ဦးရေပြားခြောက်သွေ့တာတွေ ကင်းပြီး ဘောက်လည်း ရှင်းမှာပါ။

မျက်နှာအသားအရေကြည်လင်ပြီး ဆားဝက်ခြံ ကင်းစေမယ့်နည်းလမ်း

သံပုရည်ရည်နဲ့ နွားနို့ အရောအနှောက မျက်နှာက တင်းတိပ်၊ ဆားဝက်ခြံနဲ့ အသားအရေ မညီတာတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ကျိုချက်ပြီးသား နွားနို့ထဲကို သံပရာရည်လေး ညှစ်လိုက်ပါ။ နွားနို့က ပူနေတယ်ဆိုရင် အအေးခံဖို့ မမေ့ပါနဲ့။ ဂွမ်းစလေးနဲ့ ယူပြီး လိမ်းပါ။ ပြီးရင်တော့ ရေနွေးလေးနဲ့ မျက်နှာသစ်ပေးလိုက်ပါ။ နှစ်ရက် သုံးရက်လောက်ဆိုရင် သိသာလာမှာပါ။

ချွေးပေါက်ကျယ်တာတွေ ကျဉ်းစေမယ့် နည်းလမ်း

ချွေးပေါက်တွေ ကျယ်တာက အရမ်းစိတ်ညစ်ဖို့ ကောင်းတယ်ဆိုတာ မိတ်ကပ်လိမ်းတဲ့ မိန်းကလေးတိုင်း သိကြမှာပါ။ ချွေးပေါက်တွေ ရှိနေရင် မိတ်ကပ်၊ သနပ်ခါးတွေ မျက်နှာမှာ ကြာကြာရှိမနေတော့ဘဲ ဟိုတစ်ကွက် ဒီတစ်ကွက်နဲ့ ပျက်ကုန်တော့တာပါပဲ။ ဒါတွေ မဖြစ်ဖို့တာ့ သံပုရာသီးကို အသုံးပြုနိုင်ပါတယ်နော်။ သံပုရာသီးက သဘာဝအတိုင်း ချွေးပေါက်တွေကို ကျဉ်းစေမှာပါ။ သံပုရာရည်လေးကို ညှစ်ပြီး ချွေးပေါက်ရှိတဲ့နေရာလေးတွေမှာ ပွတ်လိမ်းပေးပါ။ တစ်လလောက်ဆိုရင် ချွေးပေါက်လေးတွေ ကျဉ်းသွားတာကို မျက်ဝါးထင်ထင် တွေ့မြင်ရမှာပါ။

အရေးအကြောင်းတွေ ဖယ်ရှားနိုင်မယ့် နည်းလမ်း

မျက်နှာမှာ အရေးအကြောင်းတွေ ပေါ်လာတာက ကိုယ့်ကို အိုမင်းသယောင် ဖြစ်စေပါတယ်။ ဒါတွေကို အလွယ်ဆုံး၊ အသက်သာဆုံးနည်းလမ်းတွေနဲ့ ပြုပြင်လို့ ရနေပါပြီ။ သံပုရာသီးကို လက်ဖက်စားဇွန်း (၄) ဇွန်းစာ အရည်ရအောင် ညှစ်လိုက်ပါ။ ဂျုံမှုန့် လက်ဖက်စားဇွန်း(၁) ဇွန်းနဲ့ ဒိန်ချဉ် လက်ဖက်စားဇွန်း (၁) ဇွန်းတို့ကို ယူပါ။ နောက်တော့ (၃) မျိုးပေါင်းပြီး ရောမွှေးပါ။ မျက်နှာအရေးအကြောင်း ရှိတဲ့ နေရာတွေမှာ လိမ်းပေးပါ။ ခြောက်အောင်ထားပြီး ရေဆေးချပါ။ ပြီးရင် အစိုဓါတ်ထိန်းခရင်မ်လေး တစ်ခုခု လိမ်းထားပါ။ တစ်ပတ်ကို (၂) လောက်ပြုလုပ်နိုင်ပြီး စိတ်ကျေနပ်စရာကောင်းတဲ့ မျက်နှာလေး ပိုင်ဆိုင်ရမှာ အသေအချာပဲနော်။



#သံပုရာသီး
#အရေးအကြောင်း
#ဦးရေပြား
#မျက်နှာ
#နွားနို့

Some text some message..