ယောက်ျားလေးတွေက ဘာကြောင့် ဆံပင်ရှည်ရှည်နဲ့ မိန်းကလေးတွေကို ပိုပြီးသဘောကျတာလဲ?
lifestylemyanmar.com
|
2020-08-14



ဆံပင်တိုတိုလေးနဲ့မိန်းကလေးလား၊ ဆံပင်ရှည်ရှည်နဲ့ မိန်းကလေးလားဆိုရင်တော့ ယောက်ျားလေးတော်တော်များများကတော့ ဆံပင်ရှည်ရှည်နဲ့ ကောင်မလေးတွေကို ပိုပြီးသဘောကျပါတယ်။ မိန်းကလေးတွေကတော့ သူတို့ရွေးချယ်မှုနဲ့ သူတို့ ဆံပင်တိုနဲ့နေမလား၊ ဆံပင်ရှည်နဲ့နေမလားဆိုတာ ရွေးချယ်နိုင်ပေမယ့် ယောက်ျားလေးတွေကလည်း သူတို့အကြိုက်နဲ့သူတို့ပါပဲ။ ဒီလိုမျိုး အကြိုက်တွေဘာကြောင့် ကွဲပြားရတာလဲ၊ ယောက်ျားလေးတွေက ဆံပင်ရှည်ရှည်နဲ့ မိန်းကလေးတွေကို ဘာကြောင့်ပိုပြီး သဘောကျလဲဆိုတဲ့အကြောင်းအရာ အချက်အလက်တွေကိုလည်း ဖော်ပြပေးလိုက်ရပါတယ်။




၁။ စိတ်ရှုပ်စရာတွေကို သိပ်မပေးနိုင်ဘူး။
ဆံပင်ရှည်ရှည်နဲ့ မိန်းကလေးတွေရဲ့ ပုံစံက ပိုပြီး မိန်းမသားဆန်ပြီး ယောက်ျားလေးတွေအတွက်လည်း ရုတ်တရက်ဆို စိတ်ရှုပ်ထွေးစရာ မရှိတော့ပါဘူး။ ကြားဖူးတဲ့ အတွေ့အကြုံဖြစ်ရပ်တစ်ခုကို ပြောပြရမယ်ဆိုရင် သူငယ်ချင်း ယောက်ျားလေးတစ်ယောက်က မနက်အိပ်ရာနိုးလာတဲ့အချိန်မှာ သူ့ဘေးနားဆံပင်တိုတိုနဲ့ မိန်းကလေးကို မြင်လိုက်ရတော့ တော်တော်လေး စိတ်ရှုပ်ထွေးသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမှတ်တမဲ့ကြည့်လိုက်ရင် အဲ့ဒီမိန်းကလေးက သူ့ရဲ့မျက်လုံးထဲမှာ ယောက်ျားလေးတစ်ယောက်ဖြစ်နေပြီး ယောက်ျားစစ်စစ်ဖြစ်တဲ့ သူငယ်ချင်းအတွက်တော့ ခဏတာမှာ ထိတ်လန့်စရြာဖစ်သွားခဲ့လို့ပါပဲ။ ယောက်ျားလေးတော်တော်များများကလည်း ဒီအချက်ကြောင့် အခုလိုပဲ ဆံပင်ရှည်ရှည်နဲ့ မိန်းကလေးတွေကို ပိုပြီး သဘောကျတာမျိုးဖြစ်နိုင်ပါတယ်။




၂။ ဆံပင်ရှည်ရှည်နဲ့ မိန်းကလေးကို ပိုပြီးကူညီချင်ကြတယ်။
လေ့လာဆန်းစစ်မှုအချို့အရ ဆံပင်ရှည်ရှည်နဲ့ မိန်းကလေးတစ်ယောက်တည်း လမ်းလျှောက်လာရင်း ပစ္စည်းတစ်ခုခုကျသွားတဲ့အချိန်မှာ ယောက်ျားလေးတွေက ပိုမိုကူညီချင်တယ်လို့သိရပါတယ်။ လည်ပင်း၊ ပခုံးနဲ့ ကျောအထိ ချထားတဲ့ ဆံပင်ကို ပိုင်ဆိုင်ထားတဲ့ မိန်းကလေးတွေဟာ ယောက်ျားလေးတွေကို ပိုမိုဆွဲဆောင်နိုင်ပြီး ယောက်ျားလေးတွေကလည်း အဲ့ဒီလိုမိန်းကလေးတွေကို ပိုပြီးအကူအညီပေးချင်စိတ်ရှိပါတယ်။




၃။ ဆံပင်ရှည်တာက ဂုဏ်ကျက်သရေပိုရှိစေတယ်လို ယူဆထားကြတယ်။
ဒါကတော့ မြန်မာတွေရဲ့ ရှေးရိုးစွဲအယူအဆလို့ဆိုရမှာပါ။ ဒါပေမယ့် ငယ်ငယ်တည်းက ဆံပင်ရှည်ရှည်နဲ့ မိန်းကလေးတွေကို မြင်ပါများလာလို့ပဲလား မပြောတတ်ပါဘူး။ ယောက်ျားလေးတွေကလည်း သူတို့အရွယ်ရောက်လာတဲ့အချိန်မှာ ဆံပင်ရှည်ရှည်နဲ့ မိန်းကလေးတွေကို ပိုင်ဆိုင်ရတဲ့အပေါ် ဂုဏ်ယူဝံ့ကြွားလာတတ်ကြပြီး ဆံပင်ရှည်ရှည်နဲ့ မိန်းကလေးတွေကို ဆံပင်ညှပ်ဆိုင် လိုက်ပို့ပေးဖို့အတွက်ကိုလည်း မငြီးငြူတတ်ကြပါဘူး။




၄။ ဆံပင်ရှည်တာက မိန်းကလေးတစ်ယောက်ကို ပိုပြီးလှပစေတယ်။
ဆံပင်ရှည်တဲ့မိန်းကလေးတစ်ယောက်ရဲ့ အကြောင်းကို ခေတ်အဆက်ဆက်က အဆိုတော်တွေ၊ တေးရေးဆရာတွေက သူတို့ရဲ့ သီချင်းတွေထဲမှာ ပုံဖော်သီဆိုခဲ့ကြပါတယ်။ လေတိုက်တိုင်း ဆံပင်တွေ လေထဲဝေ့ဝဲသွားတဲ့ပုံရိပ်က တော်ရုံပန်းချီကားတစ်ချပ်နဲ့ ပုံဖော်နိုင်ဖို့ တော်တော်လေးခက်ခဲပါတယ်။ “ညနေခင်းရဲ့ လေပြည်ထဲမှာ မင်းဆံနွယ်တွေ တောင်ပံဖြန့်ကျက်ကာ ပန်းပွင့်လေးတွေ ရှက်သွေးဖြာ ကျေးငှက်လေးတွေ တေးမဆိုတော့ပါ” ဆိုတဲ့ သီချင်းစာသားလေးက အချိန်တွေဘယ်လောက်ပြောင်းပြောင်း ဒီနေ့အထိ မဟောင်းနိုင်တဲ့ သီချင်းစာသားလေးပဲအဖြစ် ရေပန်းစားနေဆဲလည်း ဖြစ်ပါတယ်။




၅။ အမျိုးသားတွေကို အကောင်းဆုံးဆွဲဆောင်နိုင်တဲ့အရာက မိန်းကလေးတွေရဲ့ ဆံပင်ရှည်ပဲဖြစ်တယ်။
ဆံပင်ရှည်နဲ့မိန်းကလေးတွေဟာ ယောက်ျားလေးတွေကို အကောင်းဆုံးဆွဲဆောင်နိုင်ကြသူတွေဖြစ်ပြီး ဆံပင်ရှည်တဲ့မိန်းကလေးတွေဟာ လှပတယ်၊ မြတ်နိုးစရာကောင်းတယ်၊ ပြီးရင်တော့ ယောက်ျားလေးတွေအတွက် အရေးကြီးဆုံးအချက်အနေနဲ့ ဆွဲဆောင်မှုအပြည့်ရှိကြပါတယ်။ ယောက်ျားလေးတွေဟာ သူတို့ချစ်သူရဲ့ ဆံပင်ရှည်ရှည်နဲ့အတူ ကလေးတစ်ယောက်လို ဆော့ကစားနိုင်ကြပြီး တစ်ခါတလေမှာ မိန်းကလေးတွေရဲ့ မျက်နှာ တစ်ဝက်လောက်ကို ဆံပင်ရှည်ရှည်နဲ့ ဖုံးအုပ်ထားတာကလည်း ယောက်ျားလေးတွေအတွက် ကြီးမားတဲ့ဆွဲဆောင်မှုတစ်ခုအဖြစ်ရှိနေပါတယ်။ ချစ်သူမိန်းကလေးရဲ့ ဆံပင်ရှည်ရှည်ကို နှုတ်ခမ်းမွှေးအဖြစ် နောက်ပြောင်တပ်ဆင်ရင်း အပျော်အပျက်ဓာတ်ပုံတွေရိုက်ရတာကလည်း ယောက်ျားလေးတွေအတွက် ကျေနပ်စရာဖြစ်နေတာကြောင့် ဆံပင်ရှည်ရှည်နဲ့ မိန်းကလေးတွေက ပိုပြီးမျက်နှာပွင့်လန်းနိုင်တယ်လို့ပဲ ဆိုရတော့မှာဖြစ်ပါတယ်။




#HM

#LifestyleMyanmar

Source: retoxmagazine


#ဆံပင်ရှည်
#ယောက်ျားလေး
#မိန်းကလေး
#ဆံပင်
#သီချင်းစာသား

Some text some message..