မိတ်ကပ်လိမ်းတာကို ရပ်လိုက်ရင် ဖြစ်လာနိုင်မယ့်အချက် (၇)ချက်
lifestylemyanmar.com
|
2020-08-17



ကျွန်မတို့ဟာ ယနေ့ခတ်မှာ perfection ဖြစ်ဖို့အတွက် ပြိုင်ပွဲဝင်နေရသလိုပါပဲ၊ ကျွန်မတို့ရဲ့ ထူးခြားမှုတွေကို ကွန်ဆီလာအလွှာပါးလေးနဲ့ ဖုံးကွယ်ထားပါတယ်။ မိတ်ကပ်က ကျွန်မတို့ရဲ့ဦးနှောက်ကို ရုပ်သေးတစ်ခုလို ထိန်းချုပ်ထားပါတယ်။ မိတ်ကပ်လိမ်းနေကျရှိတဲ့သူဟာ မိတ်ကပ်မလိမ်းဘဲ အပြင်ထွက်မယ်ဆိုရင် တစ်ခုခုလိုနေသလို၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိသလို ခံစားကြရပါတယ်၊ အဲဒီမိတ်ကပ်တွေ လိမ်းတာကို ရပ်လိုက်မယ်ဆိုရင် ကျွန်မတို့ရဲ့စိတ်ကိုတောင် အကျိုးကျေးဇူးတစ်ချို့ ရရှိစေတယ်လို့ သုတေသနတွေမှာ ဖော်ပြထားတာကို တွေ့ရပါတယ်၊ ။ ဒီနေ့မှာတော့ ကျွန်မတို့ မိတ်ကပ်မလိမ်းဘဲနေကြည့်ရင် ကျွန်မတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ ပတ်သတ်ပြီး ဘာတွေကြုံလာနိုင်မလဲဆိုတာကို မျှဝေပေးချင်ပါတယ်။

၁။ မျက်နှာပြောင်နဲ့ နေတဲ့အခါ သင့်ဦးနှောက်က ကိုယ့်ကိုယ်ကို သူစိမ်းတစ်ယောက်လို မတွေးမိတော့ပါဘူး

သိပ္ပံပညာရှင်တွေနဲ့ ပူးပေါင်းပြီး Kanebo Cosmetics က ပြုလုပ်ထားတဲ့ သုတေသနအရ မိတ်ကပ်လိမ်းနေကျ အမျိုးသမီးတစ်ဦးဟာ မိတ်ကပ်မလိမ်းခင်မှာ ကိုယ့်ကိုယ်ကို တခြားသူတစ်ယောက်ရဲ့ မျက်နှာကို မြင်ရသလို ခံစားရကြောင်း ဖော်ပြထားပါတယ်။ ဒါပေမယ့် မိတ်ကပ်လိမ်းပြီးတာနဲ့ သူမကိုယ်သူမ အသစ်ဖန်တီးထားတဲ့ မျက်နှာတစ်ခုလို ခံစားရတယ်လို့ ဆိုပါတယ်။




၂။ အသားအရေက နေရောင်ခြည်ဒဏ်ကို ခံနိုင်ရည်ရှိလာပါတယ်

တချို့မိတ်ကပ်အလှကုန်တွေမှာ အသားအရေကို ခြောက်သွေ့ပြီး အလွှားအလွှားကွာကျစေတဲ့ ပါဝင်ပစ္စည်းတွေ ပါဝင်ပါတယ်။ ဥပမာအားဖြင့် retinolကို အရေပြားအား နေရောင်ခြည်ထိခိုက်စေနိုင်တဲ့ အန္တရာယ်တွေကို ရှောင်ဖို့ ညမှသာ လိမ်းဖို့ အကြံပြုကြပါတယ်။ တခြားတစ်ခုက မျက်နှာလိမ်းဆီရမ်တွေမှာ တွေ့ရနိုင်တဲ့ hydroquinone ဖြစ်ပါတယ်။ ၎င်းက အသားအရေကို အန္တရာယ်ရှိ ခရမ်းလွန်ရောင်ခြည်တွေဒဏ် ထိခိုက်လွယ်စေပါတယ်။ မျက်နှာပြောင်နဲ့နေတဲ့အခါ သင်ဝယ်ဖို့လိုတာက SPF-protection ပါတဲ့ Skincare အလှကုန်ပဲ ဖြစ်ပါတယ်။

၃။ အားထုတ်စရာမလိုဘဲ နုပျိုနေစေပါတယ်

တကယ်လို့ မိတ်ကပ်မပါဘဲ အပြင်ထွက်ရင် သင့်အသက်အရွယ်ကို ဘယ်သူမှ ခန့်မှန်းတတ်မှာ မဟုတ်ပါဘူး။ ဒါမှမဟုတ် သင့်ကိုယ်သင် ဆယ်ကျော်သက်အရွယ်အဖြစ်ကို သတိရမိနိုင်ပါတယ်။ လေ့လာမှုတစ်ခုအရ မိတ်ကပ်က သတ်လတ်ပိုင်းအမျိုးသမီးတွေကို ငယ်ရွယ်တဲ့ ပုံပေါက်စေပေမယ့် ငယ်ရွယ်တဲ့အမျိုးသမီးတွေကို အသက်ကြီးတဲ့ပုံပေါက်စေပါတယ်။




၄။ မိတ်ကပ်ပျက်မှာကို ပူစရာမလိုတော့ပါဘူး

မိတ်ကပ်အပြည့်လိမ်းတဲ့သူတွေဟာ နေပူထဲထွက်တဲ့အခါ (ဒါမှမဟုတ်) လှုပ်ရှားမှုရှိလို့ ချွေးထွက်တဲ့အခါ ငါ့မိတ်ကပ်တွေ ကွက်နေပြီလား? ပျက်ကုန်ပြီလားလို့? စိတ်ပူနေရလေ့ရှိပါတယ်။ မျက်နှာမှာ ချွေးထွက်လို့ သုတ်ပစ်ချင်ပေမယ့်လည်း မိတ်ကပ်ကွက်မှာ စိုးရပါသေးတယ်။ ဒါပေမယ့် မျက်နှာပြောင်နဲ့ အပြင်ထွက်တဲ့အခါ နှဖူးပေါ်က ချွေးကို သုတ်ရတာက စိန်ခေါ်မှုတစ်ခု မဖြစ်တော့ဘဲ သဘာဝအတိုင်းသာ ပြုမှုလုပ်ဆောင်နိုင်ပါတယ်။

၅။ လိမ်းထားတဲ့ မိတ်ကပ်ကို မဟုတ်ဘဲ သင်ဘယ်သူလဲဆိုတာပဲ လူတွေ ကြည့်ကြပါတယ်

အင်တာနက်ပေါ်မှာ မေးမြန်းမှုလုပ်ခဲ့စဉ်က တစ်ချို့အမျိုးသမီးတွေဟာ သူတို့မိတ်ကပ်မလိမ်းတဲ့အခါနဲ့ နှိုင်းယှဉ်ရင် မိတ်ကပ် လိမ်းထားတဲ့အခါ တခြားလူတွေက သူတို့ကို ခြားနားစွာ ဆက်ဆံကြတယ်လို့ ထုတ်ဖော်ပြောခဲ့ကြပါတယ်။ တခြားလူတွေက သူတို့ကို မလိုတမာစိတ်ရှိသူလို၊ သူတို့ကောင်လေးတွေကိုပဲ လာလုတော့မယ့်သူလို မကြာခဏ တွေးတတ်ကြတယ်လို့ ဆိုပါတယ်။ မိတ်ကပ်လိမ်းတဲ့အခါ ခြားနားစွာ ကြည့်ခံရမျိုး ကြုံရမယ်ဆိုရင် မျက်နှာပြောင်နဲ့ နေ့ကြည့်တာက သင့်ရဲ့အပြင်ပန်းအသွင်အပြင်ကို ဒီလိုအကဲဖြတ်ခွင့် ရပ်တန့်အောင် ကူညီနိုင်ပါလိမ့်မယ်။

၆။ သင့်ရဲ့ သဘာဝအသွင်အပြင်ကို လူတွေမျက်လုံးမှာ ပိုရင်းနှီးစေပါတယ်

ဟားဗတ်ဆေးကျောင်းမှ လက်ထောက်လက်တွေ့ပါမောက္ခ နန်စီ Etcoffက မိတ်ကပ်မပါသော မျက်နှာကို မိတ်ကပ်အပြည့်လိမ်းထားတဲ့ မျက်နှာထက် အခြားလူတွေ ပိုယုံကြည်စိတ်ချရတယ်လို့ ပြောကြားခဲ့ပါတယ်။ ထို့ကြောင့် ယုံကြည်မှုရရှိဖို့နဲ့ အခြားလူတွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိဖို့ မိတ်ကပ်က မိတ်ဆွေတစ်ယောက်ထက် ရန်သူပိုဖြစ်နိုင်ပါတယ်။




၇။ အမြဲတမ်း ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိလာစေပါတယ်

တကယ်တော့ မိတ်ကပ်က ကိုယ့်ရဲ့ self-esteem မြှင့်တင်ပေးတဲ့ မှော်ဆေးလုံး မဟုတ်ဘူးလို့ စိတ်ပညာရှင်တွေက ပြောပါတယ်။ တကယ်တော့ ခံစားမှုကောင်းတာက မိတ်ကပ်ကြောင့် မဟုတ်ပါဘူး။ အခြားလူတွေရဲ့မျက်လုံးထဲမှာ လန်းနေကြောင်း ကျွန်မတို့ သေချာနေလို့ ဖြစ်ပါတယ်။ ကွန်ဆီလာနဲ့ နှုတ်ခမ်းနီတွေက ကျွန်မတို့ကို ယုံကြည်မှုပိုခံစားစေဖို့ ကူညီပေးပေမယ့် အကျိုးသက်ရောက်မှုက ထာဝရမမြဲပါဘူး။ မိတ်ကပ်လိမ်းတာထက် အသားအရေပိုကောင်းအောင် skincare လုပ်ပေးတာက ပိုထိရောက်နိုင်ပါလိမ့်မယ်။

Lifestyle_Myanmar
LM_Nandar


Source-brightside


#မိတ်ကပ်
#မျက်နှာ
#ယုံကြည်မှု
#အလှကုန်
#ငယ်ရွယ်

Some text some message..