ရေမွှေးဆွတ်တဲ့လူတော်တော်များများက ကိုယ့်ရဲ့ ခန္ဓာကိုယ်ပေါ်မှာရေမွှေးနံ့ဆွဲနေပြီး တစ်နေကုန်မွှေးနေတာမျိုးကိုလိုချင်ကြပါတယ်။ဒါပေမယ့် ရေမွှေးဆွတ်တာက အသားအရေနဲ့ ဓာတ်မတည့်ရင် အနံ့မစွဲတဲ့အပြင် တခြားယားယံတာမျိုးတွေဖြစ်စေနိုင်ပါတယ်။အဲ့ဒီလိုမျိုးတွေ မဖြစ်ရအောင် ရေမွှေးကို ယ်နေရာတွေမှာ ဆွတ်သင့်ပြီးတော့ ဘယ်နေရာတွေမှာ မဆွတ်သင့်ဘူးလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
၁ — ဒူးအောက်
ရေမွှေးအနံ့စွဲနေစေဖို့အတွက် ဒူးအောက်ကို ရေမွှေးဆွတ်ပေးလို့ရပါတယ်။ပထမဆုံး စပြီး ဒူးအောက်ကိုရေမွှေးဆွတ်တဲ့အခါမှာ နည်းနည်းနေရခက်ပေမယ့် ရေမွှေးနံ့စွဲနေတာမျိုးကို ခံစားရနိုင်မှာပါ။
၂— ပေါင်အောက်
ပေါင်အောက်မှာရေမွှေးဆွတ်ထားမယ်ဆိုရင် ပေါင်အောက်က အပူဓာတ်ကြောင့် ရေမွှေးနံ့က ပိုပြီးထွက်လာစေမှာပါ။ပေါင်တိုလေးတွေဝတ်တတ်ရင် ပေါင်အောင်မှာရေမွှေးစမ်းဆွတ်ကြည့်ပါ။တစ်ခုခုထူးခြားနေတာကိုခံစားမိလာမှာပါ။
၃ — ရင်ဘတ်ကြား
ရင်ဘတ်အဟိုက်လေးတွေဝတ်တတ်တဲ့ အမျိုးသမီးတွေအတွက် ရင်ဘတ်ကြားမှာရေမွှေးဆွတ်ထားတာက တစ်နေကုန်ရေမွှေးနံ့သင်းပျံ့နေတာကို ခံစားရမှာပါ။
၄ — ဗိုက်ပေါ်မှာ
ခါးပေါ်အဝတ်အစားလေးတွေ ဝတ်တဲ့အခါမျိုးမှာ ဗိုက်ပေါ်ကို ရေမွှေးဆွတ်ထားခြင်းက ရေမွှေးအနံ့ကို ဆွဲနေစေမှာပါ။
၅— ချိုင်းကြား
လူတိုင်းမှားယွင်းပြီးရေမွှေးကိုဆွတ်နေတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ချိုင်းအောက်မှာရေမွှေးဆွတ်ခြင်းက ရေမွှေးအနံ့ကို ကြာရှည်မခံနိုင်သလို ဂျိုင်းအောက်က ဂလင်းသေးသေးလေးတွေက ရေမွှေးနဲ့ ထိတွေ့တဲ့အခါမှာ ယားယ့တာတွေ အသားအရေနီမြန်းတာမျိုးတွေဖြစ်လာစေနိုင်ပါတယ်။
၆ — မျက်လုံးနားတစ်ဝိုက်
မျက်နှာပေါ်မှာ မျက်လုံးနားမှာ ရေမွှေးဆွတ်တာက မတော်တဆ မျက်လုံးအောက်မှာရှိတဲ့ အသားအရေကို ထိခိုက်စေနိုင်ပါတယ်။မျက်လုံးအောက်က အသားအရေက နူးညံ့တာမလို့ ဂရုစိုက်သင့်ပါတယ်။
၇ — လက်ပေါ်
ရေမွှေးကို လက်ဖျံပေါ်မှာ ဆွတ်ပြီးအနံ့ကိုစမ်းသပ်ကြည့်တာမျိုးလုပ်ဖူးကြပါလိမ့်မယ်။လက်ဖျံပေါ်မှာ ရေမွှေးဆွတ်တာက ဘာမှမဖြစ်ပေမယ့် လက်ပေါ်မှာရေမွှေးဆွတ်မိတဲ့အခါမှာ လက်အသားအရေခြောက်သွေ့စေနိုင်ပြီး အသားကွဲအက်ပြီး သွေးထွက်တာမျိုးပါဖြစ်စေနိုင်ပါတယ်။
ရေမွှေးဆွတ်တာက ကိုယ့်ကိုကိုယ်ယုံကြည်မှူရရှိစေနိုင်သလို တစ်နေကုန် မွှေးကြိုင်လန်းဆန်းစေနိုင်ပါတယ်။အခုပြောပြတဲ့ နေရာလေးတွေကိုသတိထားပြီးရေမွှေးဆွတ်လိုက်မယ်ဆိုရင် သူများတွေနဲ့မတူပဲ တမူထူးခြားပြီးလူတကာအလယ်မှာ မွှေးရနံ့သင်းပျံ့စေမှာပဲဖြစ်ပါတယ်။