ပုလဲတွေကို Fashion ကျကျ ဘယ်လိုဝတ်မလဲ
moda.com.mm
|
2020-08-24

ပုလဲတွေဆိုတာက ဘယ်လိုအချိန်၊ ဘယ်လိုနေရာအတွက်ပဲဖြစ်ဖြစ် ဝတ်ဆင်ဖို့ အမြဲသင့်တော်တဲ့ လက်ဝတ်ရတနာပါ။ Elegant ဖြစ်ပြီး ဘယ်လိုအဝတ်အစားနဲ့မဆို လိုက်ဖက်လှပါတယ်။ ပုလဲကို ဝတ်ဆင်လိုက်တာနဲ့ သိမ်မွေ့နူးညံ့ပြီး အဆင့်အတန်းရှိတဲ့အသွင်ကို ဖော်ဆောင်စေတယ်နော်။ လက်ဝတ်ရတနာတွေထဲမှာ ရွှေတွေ စိန်တွေထက် ဟိတ်ဟန်သိပ်မများတဲ့ ပုလဲလေးတွေကို ဝတ်ဆင်ရတာ ပိုနှစ်လိုဖွယ်ကောင်းသလို သက်တောင့်သက်သာဖြစ်တဲ့ခံစားမှုကိုလည်း ပေးမှာပါ။


ပုလဲကို ဘယ်နေရာတွေမှာ ဝတ်ဆင်မလဲ။
မင်္ဂလာဆောင်တွေမှာ ပုလဲကိုဝတ်ဆင်တာက အသင့်တော်ဆုံးဖြစ်မှာပါ။ နူးညံ့ပြီး ချစ်စရာကောင်းတဲ့ သဏ္ဍန်ရှိလို့ သတို့သမီးအတွက်ကော မင်္ဂလာဆောင်သွားတဲ့ အမျိုးသမီးဧည့်သည်တွေအတွက်ပါ ပုလဲလည်ဆွဲတွေက ရေပန်းစားတာဖြစ်ပါတယ်။ ဒါ့အပြင် ယုံကြည်မှုရှိပြီး မိန်းမသားဆန်တဲ့အသွင်ကို ဆောင်စေတာမို့ ရုံးသွားတဲ့အချိန် ဝတ်ဆင်မယ်ဆိုလည်း လိုက်ဖက်နေမှာပါ။ ခုနောက်ပိုင်း ခေတ်စားတဲ့ Fancy ပုံစံလေးတွေဆိုလည်း ထသွားထလာဝတ်ဆင်ဖို့အတွက်ဆိုလည်း ချစ်စရာကောင်းနေစေမှာပါ။

အရင်ကဆို ပုလဲတွေက ပုံမှန် အမျိူးသမီးတွေထက် အင်အားကြီးမားပြီး အဆင့်အတန်းမြှင့်တဲ့ အမျိုးသမီးတွေ ဝတ်ဆင်လေ့ရှိတဲ့ ရတနာတစ်မျိူးပါ။ ကလီရိုပထရာ တောင်မှ ကမ္ဘာ့အကြီးဆုံး ပုလဲကို Vinegar ထဲဖျော်ထည့်ပြီး သောက်သုံးဖူးပါတယ်။ Royal Family တွေအတွက် တန်ဖိုးထား စုဆောင်းရတဲ့ လက်ဝတ်ရတနာဆိုလည်း မမှားပါဘူး။



ဘယ် Jewelry တွေနဲ့ ဝတ်လို့ရလဲ။
ပုလဲနဲ့ အခြား Jewelry တွေတွဲဝတ်ဖို့ဆိုရင်တော့ နည်းနည်းတော့ စဉ်းစားရမှာပါ။ ပုလဲက ထင်ရှားတဲ့အသွင်ရှိတာမို့ အခြားအရာတွေနဲ့ တွဲဝတ်ရင် သိပ်မလိုက်တတ်ပါဘူး။
ကျောက်နဲ့ ရွှေက ပုလဲနဲ့ တွဲဖက်ဝတ်ဆင်ဖို့ အလိုက်ဖက်ဆုံးဖြစ်ပြီး ရိုးရိုးရှင်းရှင်းပုံစံမျိူးသာ တွဲဖက်ဖို့ သတိပြုရမှာပါ။



ပုလဲနဲ့ဆို ဘယ်အင်္ကျ ီအရောင်တွေ ဝတ်လို့ရလဲ။
ပုလဲရဲ့ သဘာဝအရောင်ကိုက အရောင်ဖျော့တော့တဲ့အသွင်ရှိလို့ ဒီအရောင်နဲ့ ဆင်တူဖြစ်တာကို ဝတ်ဆင်မယ်ဆိုရင် နိုးပါနော်။ Pastel Color နဲ့ ပုလဲကို တွဲဖက်ဝတ်ဆင်တာက အသက်ကြီးရင့်တဲ့ ပုံစံကိုဖြစ်စေပြီး အရောင်လွင်လွင်တွေကိုလည်း တတ်နိုင်သလောက်ရှောင်ရမှာပါ။

အလိုက်ဖက်ဆုံးကတော့ အရောင်တောက်တောက်တွေနဲ့ တွဲဝတ်တာက ငယ်ရွယ်တက်ကြွတဲ့အသွင်ကိုဆောင်ပြီး အရောင်ရင့်ရင့်တွေကတော့ ခပ်မိုက်မိုက်အသွင်ကိုဆောင်စေမှာပါ။



ဘယ်လိုဒီဇိုင်းမျိူး ဝတ်မလဲ။
ပုလဲတွေကို များသောအားဖြင့် လုံးဝန်းတဲ့ပုံစံမျိူးကိုပဲ မြင်ဖူးကြမှာပါ။ တကယ်တမ်းက ပုလဲမှာ Shape အမျိုးမျိုးရှိနေနိုင်ပါတယ်။ သဘာဝပုလဲပုံစံကတော့ တစ်သမတ်တည်းမဟုတ်ပဲ ဘဲဥပုံစံ ဒါမှမဟုတ် ရှည်ရှည်ပြားပြားစတဲ့ ပုံစံမျိူးစုံရှိနိုင်ပါတယ်။ Creation ပါတဲ့ Jewelry တွေကြိုက်တဲ့သူတွေအတွက် သဘာဝပုလဲနဲ့ လက်ဝတ်ရတနာတွေက သဘောတွေ့စရာဖြစ်မှာပါ။ Simple & Elegant ကြိုက်တဲ့ အမျိုးသမီးတွေအတွက်တော့ ပုလဲလုံးတွေက လိုက်ဖက်မှုရှိမှာပါ။



ပုံမှန် Jewelry တွေနဲ့ ကွဲပြားတဲ့ ပုလဲနဲ့ Fashion မကျချင်ဘူးလား။ ဒါပေမယ့် ဘယ်မှာ ဝယ်ရမလဲမသိဖြစ်နေရင်တော့ ပုလဲအတွက်ဆို စိတ်ချယုံကြည်ရပြီး ဈေးနှုန်းသင့်တဲ့ Hein Nadi Pearl & Jewelry ဆိုင်လေးရှိတယ်နော်။ ဒီဆိုင်မှာ ပုလဲဒီဇိုင်းမျိူးစုံရှိပြီး သူများနဲ့မတူတဲ့ ကိုယ်တိုင်စိတ်တိုင်းကျ ပုံစံ (Customize) ပြုလုပ်ချင်တယ်ဆိုလည်း အိုခေအဆင်ပြေမယ့်ဆိုင်လေးပါ။ ဒီဇိုင်းလေးတွေပိုပြီး ကြည့်ရဖို့အတွက် ဒီနေရာ -

(Hein Nadi) ကို နှိပ်ပြီး ဝင်ကြည့်ဖို့ မမေ့နဲ့နော်။


#ပုလဲ
#အသွင်
#လက်ဝတ်ရတနာ
#အရောင်
#သဘာဝပုလဲ

Some text some message..