ပျားရည်ချိုချိုလေးနဲ့ မျက်နှာအသားအရေကို အလှဆုံးဖြစ်အောင်ထိန်းသိမ်းနည်းများ
mystylemyanmar.com
|
2020-08-27

ပျားရည်ဆိုတာ သဘာဝအဟာရပြည့်ဝစွာပါဝင်ပြီး ကျန်းမာရေးအတွက်ရော အလှပအတွက်ပါ များစွာ အကျိုးကျေးဇူးရှိစေပါတယ်။ ပျားရည်ကို မျက်နှာပေါင်းတင်နည်း (၄) သွယ်ကိုမျှဝေပေးချင်ပါတယ်။ အရေးကြောင်းတွေကို သက်သာပျောက်ကင်းစေပြီး အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးပါတယ်။


၁။ ပျားရည်နဲ့ ကွေကာအုပ်




ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း

ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း

ပါဝင်ပစ္စည်းနှစ်မျိုးကိုရောလိုက်ပါ။ ပြီးရင် မျက်နှာပေါ်မှာလိမ်းပြီး မိနစ် ၂၀ လောက်ထားပါ။ ပြီးရင် ရေနွေးနွေးလေးနဲ့ ဆေးချပေးပါ။ တစ်ပတ်ကို ၂ ကြိမ်လုပ်ပေးပါ။


၂။ ပျားရည်နဲ့ သံပုယိုရည်




ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း

သံပုယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်း

ပါဝင်ပစ္စည်းနှစ်မျိုးကိုရောပြီး မျက်နှာပေါ်မှာလိမ်းလိုက်ကာ မိနစ် ၂၀ လောက်ထားပါ။ ပြီးရင် ရေအေးအေးနဲ့ မျက်နှာသစ်ချလိုက်ပါ။ တစ်ပတ်ကို ၂ ကြိမ် (သို့) ၃ ကြိမ်လုပ်ပါ။


၃။ ပျားရည်နဲ့ အုန်းနို့




ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း

အုန်းနို့ စားပွဲတင်ဇွန်း ၄ ဇွန်း

ပါဝင်ပစ္စည်း ၂ မျိုးလုံးကို သေချာရောပေးလိုက်ပြီး မျက်နှာတစ်ခုလုံးကို လိမ်းပေးလိုက်ပါ။ မိနစ် ၂၀ လောက်ထားပြီးရင် ရေဆေးချပေးပါ။ အိပ်ယာမဝင်ခင် ညတိုင်းလုပ်ပေးလို့ရပါတယ်။


၄။ ပျားရည်နဲ့ နနွင်း




ပျားရည် စားပွဲတင်ဇွန်း ၃ ဇွန်း

နနွင်း စားပွဲတင်ဇွန်း ၁ ဇွန်း

ပါဝင်ပစ္စည်းနှစ်မျိုးလုံးကို သေချာရောမွေလိုက်ပြီး မျက်နှာပေါ်မှာ သေချာလိမ်းလိုက်ပါ။ ပြီးရင် မိနစ် ၃၀ လောက်ထားပြီး ရေနွေးလေးနဲ့ ရေဆေးချပေးပါ။ တစ်ပတ် ၃ ကြိမ်လုပ်ပေးပါ။


The post

ပျားရည်ချိုချိုလေးနဲ့ မျက်နှာအသားအရေကို အလှဆုံးဖြစ်အောင်ထိန်းသိမ်းနည်းများ appeared first on

MyStyle Myanmar .


#ပျားရည်
#စားပွဲတင်
#မျက်နှာ
#အုန်းနို့
#မိနစ်

Some text some message..