ဆားဝက်ခြံတွေကို ဖယ်ရှားပေးမယ့် ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်း(၃) သွယ်
mystylemyanmar.com
|
2020-08-28

ဆားဝက်ခြံရှိတာဟာ စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းပါတယ်။ ဆားဝက်ခြံဖယ်ရှားဖို့အတွက် ရိုးရှင်းလွယ်ကူပြီး ပြုလုပ်ရလွယ်တဲ့ နည်းလမ်းကို မျှဝေပေးပါမယ်။


၁။ သံပုယိုသီး (သို့) သံပုရာသီး၊ ပျားရည်နဲ့ သကြား




သလံပုယိုသီး (သို့) သံပုရာသီးကိုတစ်ခြမ်းခြမ်းလိုက်ပြီး ပျားရည်ထည့်လိုက်ပါ။ ပြီးရင်သကြားထပ်ဖြူးလိုက်ပါ။ အဲဒီနောက် ဆားဝက်ခြံရှိတဲ့နေရာမှာ ညင်သာစွာ ပွတ်လိမ်းပေးပါ။


၂။ Vaseline နဲ့ ပလတ်စတစ်




မျက်နှာပေါ်က ဆားဝက်ခြံသက်သာပျောက်ကင်းဖို့အတွက် အရင်ဆုံး မျက်နှာကို ရေနွေးပူပူနဲ့ ဆေးချလိုက်ပါ။ ပြီးရင် ဆားဝက်ခြံရှိတဲ့နေရာမှာ Vaseline ကိုလိမ်းပေးထားပါ။ အဲဒီနောက် ပလတ်စတစ်နဲ့ အုပ်ပေးလိုက်ပြီး အပေါ်ကနေ တဘက်တစ်ထည်ကို ရေနွေးစွတ်ပြီး ညှစ်လိုက်ကာ ပလတ်စတစ်ပေါ်မှာ အုပ်ပေးပါ။ အေးတဲ့ထိထားပါ။ ပြီးရင် ပြန်ဖယ်လိုက်ပြီး တစ်ရှူးနဲ့ မျက်နှာကိုသုတ်ချလိုက်ပါ။ အဲဒီနောက် ဆားဝက်ခြံလေးတွေ့ို ဖြည်းဖြည်းလေး ညှစ်ထုတ်ပေးလိုက်ပါ။ ပြီးရင် ရေသေချာပြန်ဆေးပြီး မျက်နှာပေါ်မှာ ခရင်မ်တစ်မျိုးမျိုးလိမ်းပေးထားပါ။


၃။ အုန်းဆီနဲ့ ကော်ဖီမှုန့်အကြမ်း




အုန်းဆီ ခွက်တစ်ဝက်ကို Microwave ထဲထည့်ပြီး အပူပေးပါ။ ပြီးရင် ကော်ဖီမှုန့်အကြမ်း ခွက်တစ်ဝက်ထည့်လိုက်ပါ။ အဲဒီနောက် သေချာမွှေလိုက်ပြီးဆားဝက်ခြံရှိတဲ့နေရာမှာ လိမ်းပေးထားပါ။ ၅ မိနစ်လောက်ထားပြီး ရေအေးနဲ့ဆေးချပါ။ တစ်ပတ်ကို တစ်ကြိမ်လုပ်ပါ။


The post

ဆားဝက်ခြံတွေကို ဖယ်ရှားပေးမယ့် ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်း(၃) သွယ် appeared first on

MyStyle Myanmar .


#ဝက်ခြံ
#ကော်ဖီမှုန့်
#ပလတ်စတစ်
#အုန်းဆီ
#မျက်နှာ

Some text some message..