မျက်ကပ်မှန်အရောင်နဲ့ လိုက်ပြီး ရွေးချယ်သင့်တဲ့ Eye Shadow ခြယ်သနည်းများ
moda.com.mm
|
2020-09-01

ကောင်မလေးတွေကြားမှာ မျက်ကပ်မှန်လေးတွေက ရေပန်းစားတဲ့အလှအပပစ္စည်းလေးတစ်ခုပါ။ Brand မျိုးစုံ၊ အရောင်မျိူးစုံနဲ့ စိတ်ကြိုက်ရွေးပြီး တပ်လို့ရတဲ့ခေတ်ဖြစ်နေပါပြီ။ မျက်ဝန်းလေးတွေကို ပိုပြီး ဝင့်ဝင့်လေးနဲ့ လှစေတဲ့အတွက် အသည်းစွဲဖြစ်နေတာလည်း မဆန်းပါဘူးနော်။ ဒီမျက်ကပ်မှန်လေးတွေ တပ်လို့ရှိရင် ပိုပြီးထင်းလင်းနေစေဖို့ Eye Makeup လေးတွေကလည်း ခြယ်သဖို့လိုပါတယ်။ အရောင်ပါတဲ့ မျက်ကပ်မှန်တွေ တပ်လို့ရှိရင် ခြယ်သတဲ့ Eye Shadow တွေကိုလည်း လိုက်ဖက်အောင် ရွေးချယ်သင့်ပါတယ်။ ဒါမှ မျက်ဝန်းတစ်စုံနဲ့ ဆွဲဆောင်နိုင်တဲ့ အမိုက်စား ကောင်မလေးအသွင်ဖြစ်နေမှာပေါ့။


အပွာ





တပ်မယ့် မျက်ကပ်မှန်က အပြာရောင်ဆိုရင်တော့ Smokey Eye Look နဲ့ လိုက်ဖက်နေမှာပါ။ အရောင်ရင့်ရင့်နဲ့ အပြာရောင်လဲ့လဲ့ ပေါင်းစပ်မှုက မျက်လုံးကို ပိုပြီးပေါ်လွင်စေပြီး ထင်းလင်းနေမှာပါ။


အစိမျး





အစိမ်းရောင် မျက်ကပ်မှန်တွေတပ်မယ်ဆိုရင် အနီရောင် Eyeshadow တွေက နေမကောင်း၊ ပင်ပန်းတဲ့ပုံပေါက်စေလို့ ရှောင်ရမှာပါ။ အဲ့ဒီအစား ခရမ်းရောင် နဲ့ ပန်းရောင်ဖျော့ဖျော့တွေက ဆွဲဆောင်မှုပိုနေစေမှာပါ။


အညို





အညိုရောင်ကတော့ လူတော်တော်များများရွေးချယ်တဲ့အရောင်လေးတစ်ရောင်ပါ။ ဒါပေမယ့် မိတ်ကပ်လိမ်းခြယ်ဖို့အတွက်ဆိုရင် အခြားအရောင်တွေထက် လိမ်းခြယ်ဖို့ ခက်တတ်ပါတယ်။ အညိုမှာတောင် အညိုရင့်၊ အညိုဖျော့ စသဖြင့် ရှိတာကြောင့် မိတ်ကပ်အရောင်ကိုလည်း အညိုခပ်များများခြယ်သတာက အကောင်းဆုံးဖြစ်မှာပါ။ အဝါရောင်နဲ့ အခြားခပ်လင်းလင်းအရောင်တွေက မျက်ဝန်းကို ပိုပြီး လင်းလက်စေမှာပါ။


မီးခိုးရောင်





မီးခိုးရောင် Contact Lens တွေနဲ့ လိုက်ဖက်မှုအရှိဆုံးအရောင်တွေကတော့ လိမ္မော်ရောင်ဘက်သွားတဲ့ ကာလာတွေပါ။ Neutral Brown၊ Salmon၊ Copper၊ Peach နဲ့ Bright Orange တွေကို ရွေးချယ်နိုင်ပါတယ်။ ခပ်ဖျော့ဖျော့ Blue Shimmer Eyeshadow ကလည်း မျက်ဝန်းတွေကို ဆွဲဆောင်မှုပိုစေမှာပါ။ Natural Look အတွက်ဆိုရင်တော့ Coral အရောင်က သင့်တော်မှာပါ။


#အရောင်
#အညို
#မျက်ဝန်း
#လင်းနေ
#မီးခိုးရောင်

Some text some message..