ခေတ်စားနေတဲ့ အားလပ်ရက်ဖက်ရှင်များ
mystylemyanmar.com
|
2020-09-05

ပိတ်ရက်တွေမှာ ရုံးဝတ်စုံမဟုတ်ဘဲ စတိုင်ကျကျလေး ဝတ်ဆင်ချင်ကြမှာပါ။ ဘာတွေဝတ်ရမလဲ။ ဘာတွေက ပေါ်ပျူလာဖြစ်ပြီး ခေတ်စားနေသလဲဆိုတာကို နာမည်ကျော် ဖက်ရှင်ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Pinterest က ဖော်ပြခဲ့ပါတယ်။

Velvet Dress များ






Velvet Dress လေးတွေဟာ ပါတီပွဲတက်ဖို့ တကယ်ကို အဆင်ပြေတဲ့ ပုံစံလေးတွေပါ။ သင့်ကိုလည်း တစ်မျိုးတည်းနဲ့ စတိုင်လ်ကျစေမှာဖြစ်ပါတယ်။ အပေါ်ကနေ ကုတ်အရှည်တစ်ထည် ထပ်လိုက်ရင်လည်း မိုက်နေဦးမယ့် ဖက်ရှင်မျိုးဖြစ်ပါတယ်။

စကတ်ပွပွပုံများ






ခပ်ပွပွပုံစံ စကတ်လေးတွေကလည်း ခေတ်စားနေပါတယ်။ အင်္ကျီအထဲပဲထည့်ဝတ်ဝတ် အပြင်ကနေပဲဝတ်ဝတ် စတိုင်လ်ကျနေမှာပါ။

အနွေးဦးထုပ်





အနွေးဦးထုပ်လေးတွေကလည်း စတိုင်လ်ကျနေစေမယ့် ဖက်ရှင်ပစ္စည်းတစ်ခုပါပဲ။

Metallic စကတ်လေးတွေ






အရောင်တောက်တောက်ပြောင်ပြောင် Metallic စကတ်လေးတွေကလည်း သင့်ကို အားလပ်ရက် ပါတီပွဲတွေမှာ ထင်ပေါ်နေစေမှာဖြစ်ပါတယ်။

Pleated စကတ်လေးတွေ






အစင်းလေးပုံရှိတဲ့ Pleated စကတ်လေးတွေက သင့်ကို ပိုပြီး မိန်းကလေးဆန်စေမှာပါ။

အရောင်လက်လက်တွေ တံဆာဆင်ထားတဲ့ အနွေးထည်






သင့်ကို ပိုပြီး ထင်ပေါ်သွားစေဖို့ အရောင်အလက်လေးတွေပါတဲ့ အင်္ကျီလေးတွေကလည်း ခေတ်စားနေပါတယ်တဲ့။

အနီရောင် Dress လေးတွေ






အနီရောင်တောက်တောက် အင်္ကျီတွေက သင့်ကို ယုံကြည်မှုပိုရှိစေသလို ပိုပြီးတော့လည်း ထင်ပေါ်စေပါတယ်။ စတိုင်လ်လည်းကျစေပြီး မိန်းကလေးတွေလိုက်ဖက်တဲ့ ဖက်ရှင်ဖြစ်ပါတယ်။


The post

ခေတ်စားနေတဲ့ အားလပ်ရက်ဖက်ရှင်များ appeared first on

MyStyle Myanmar .


#စတိုင်လ်
#ဖက်ရှင်
#အင်္ကျီ
#ဦးထုပ်
#အားလပ်ရက်

Some text some message..